တာမွေမြို့နယ်က ညိုကီတို့အတွက် ဒီတစ်ခါမှာတော့ တာမွေ မြို့နယ်အတွင်းရှိ ထိုင်လို့ကောင်းတဲ့ ဘား နှင့် စားသောက်ဆိုင်များကို ဝေမျှပေးချင်ပါတယ်။ တာမွေမြို့နယ်မှာ မနေတဲ့ ညိုကီတို့လည်း တစ်ခါတစ်ခေါက်လောက် သွားထိုင်ဖြစ်မယ်ဆိုရင် နောက်ထပ် သွားထိုင်ချင်နေအောင် ဆွဲဆောင်နေမယ့် ဘားတွေပဲဖြစ်ပါတယ်။

ဘော်ဒါတို့အနေနဲ့ သူငယ်ချင်းတွေနဲ့ပဲ အုပ်စုလိုက် ဝိုင်းဖွဲ့ကာ ပျော်ပျော်ပါးပါး စားသောက်ကြမလား၊ ဒါမှမဟုတ် ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်ခွက် တစ်ဖလားချချင်သလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ ကောင်မလေးနဲ့ အတူတူ အချိန်ကုန်ဆုံးချင်ပါသလား။ ဘယ်သူနဲ့ပဲ ထိုင်ထိုင်၊ ထိုင်လို့ကောင်းတဲ့ တာမွေ မြို့နယ်ရှိ ဘား နှင့် စားသောက်ဆိုင်တွေပဲ ဖြစ်ပါတယ်။

The Gang Bar & BBQ – William’s Bar

တာမွေ ဘား

Photo: Facebook

ဒီဆိုင်လေးကတော့ အမှတ် (၄၆)၊ သိဒ္ဒိပဌာန်လမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အေးအေးဆေးဆေးထိုင်ဖို့အတွက် Table Reservation လုပ်ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 09891162207 နှင့် 09253119785 တို့ကို ဆက်သွယ်နိုင်ပါတယ်။

Acoustics သံစဥ်လေးတွေနဲ့ အေးအေးဆေးဆေး Chill ချင်သူများအတွက် Acoustic Night လည်း ရှိသလို Unplugged အစီအစဥ်များလည်း ရက်အလိုက်ရှိတဲ့အတွက်ကြောင့် ဘားထိုင်ရင် သီချင်းနားထောင်နိုင်ပါတယ်။ အေးဆေး Chill လို့ကောင်းတဲ့ The Gang ရဲ့ Signature Corner လေးကလည်း ဘားထိုင်သူများအကြား နာမည်ကြီးပါတယ်။ ဒါ့အပြင် အမိုက်စား ဘီယာများ၊ ဝီစကီများ၊ ကော့တေးများအပြင် အမြည်းများကလည်း အရသာထူးကဲကောင်းမွန်တဲ့အတွက်ကြောင့် ကွီးတို့အားလုံး သဘောကျနှစ်ခြိုက်ကြမှာပဲ ဖြစ်ပါတယ်။

The Rock By Color Stones

တာမွေ ဘား

Photo: Facebook

The Rock By Color Stones ရဲ့ တည်နေရာကတော့ အမှတ် (၃၄)၊ လေးထောင့်ကန်လမ်း၊ တာမွေမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ သူ့ရက်အလိုက် ပရိုမိုးရှင်းများလည်း ချပေးနေတာဖြစ်တာကြောင့် ကွီးတို့အတွက် ရွေးချယ်သင့်တဲ့ ဘားတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ အမိုက်စား တီးဝိုင်းအဖွဲ့နှင့် အဆိုရှင်းများရဲ့ အလန်းစား ဖျော်ဖြေတင်ဆက်မှုများ၊ Open Mic အစီအစဥ်များလည်းရှိတာကြောင့် သီချင်းများကို နားဆင်ခံစားလိုသူများ၊ ကိုယ်တိုင်သီဆိုချင်သူများအတွက် အစီအစဥ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

သူမတူအောင် ထူးခြားတဲ့အရသာဖြင့် ဖော်စပ်ထားတဲ့ ကော့တေးများ၊ အကောင်းစား ဘီယာနှင့် ဝီစကီများကို ကွီးတို့စိတ်ကြိုက် တစ်ဝကြီး သောက်သုံးနိုင်ပြီး ဆွေမျိုးမေ့သွားစေမယ့် အမြည်းများကိုလည်း မှာယူစားသုံးနိုင်ပါသေးတယ်။

Point Bar & Restaurant

Point Bar & Restaurant

Photo: Facebook

ကွီးတို့အတွက် တာမွေ မြို့နယ်အတွင်းရှိ ထိုင်လို့ကောင်းတဲ့ နောက်ထပ် အမိုက်စား ဘား နှင့် စားသောက်ဆိုင်တစ်ဆိုင်ကို မိတ်ဆက်ပေးချင်ပါသေးတယ်။ ထိုဆိုင်လေးကတော့ သြဘာလမ်းနှင့် စကြာလမ်းထောင့်၊ ကျောက်မြောင်းမှာ တည်ရှိတဲ့ ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်။

Heineken Beer Tower ကိုပဲ အဝကစ်ချင်သလား၊ ဒါမှမဟုတ် ရှီရှာလေးကိုပဲ အပီဆွဲချင်သလား။ ကွီးတို့စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ကော့တေး ကြိုက်နှစ်သက်သူများအတွက်လည်း ကော့တေးမျိုးစုံ မှာယူသောက်သုံးနိုင်ပါတယ်။ ဒါ့အပြင် သူတို့နဲ့ လိုက်ဖက်တဲ့ အမြည်းတွေဖြစ်တဲ့ ငါးနီတူ ရခိုင်သုပ်၊ ကန်စွန်းပလိန်း၊ ပုစွန်ဆိတ်ကြွပ်ကြော်အပြင် အခြားသော အမြည်းမျိုးစုံကိုလည်း မှာယူစားသုံးနိုင်ပါသေးတယ်။

အခုဖော်ပြပေးသွားတဲ့ ဘားနှင့် စားသောက်ဆိုင်များဆီသို့ တစ်ခါတစ်ခေါက် အရောက်လှမ်းပြီးသွားတဲ့အခါ အခြားသော Bar ချစ်သူများအတွက် အတွေ့အကြုံများကို ပြန်လည် ဝေမျှေပးဖို့ မမေ့နဲ့ဦးနော်။

Featured Image: Point Bar & Restaurant