ကော့တေး ပါတီကို ကိုယ့် အိမ် မှာပဲ ကျင်းပချင်ဖို့အတွက် ပိုက်ဆံအများကြီး အကုန်အကျ ခံစရာမလိုပါဘူး။ ရှုပ်ရှုပ်ထွေးထွေးပြင်ဆင်စရာလည်း မလိုအပ်ပါဘူး။ အခုဖော်ပြပေးမယ့် အခြေခံအချက်များကို သိထားရုံနဲ့တင် အလန်းစား ကော့တေး ပါတီကို ကိုယ့် အိမ် မှာပဲ ပျော်ပျော်ပါးပါး ပြင်ဆင်နိုင်ပါတယ်။
ဧည့်သည်များထံ အလန်းစားဖိတ်စာဖြင့် ဖိတ်ကြားလိုက်ပါ
Photo: Fotor
ပါတီပွဲတစ်ခုအတွက် ဖိတ်စာသည် အရေးအကြီးဆုံးပါပဲ။ ဖိတ်ကြားခံရမှသာ ဧည့်ပရိသတ်တွေက ပါတီပွဲ လာကြမှာမဟုတ်လား။ ပါတီပွဲတက်ဖို့ ဖိတ်စာကို ဒီဇိုင်းအလန်းစားဖြင့် ပြင်ဆင်လိုက်ပါ။ ဖိတ်စာကို Old Fashion အနေနဲ့ စာရွက်ကြီးအလိုက် Print ထုတ်တာမျိုးကို မလိုချင်ဘူးဆိုရင် အွန်လိုင်းကနေ ဒီဇိုင်းရေးဆွဲပြီး ဖိတ်ကြားနိုင်ပါတယ်။ ယနေ့ခေတ်က ဒစ်ဂျစ်တယ်ခေတ်ဆိုတော့ အွန်လိုင်းဖိတ်စာများသည်လည်း အင်မတန်ခေတ်စားပါတယ်။
ကော့တေးနှင့် အမြည်းများအားလုံးကို ရယ်ဒီပြင်ထားပါ
ကော့တေးပါတီဆိုတော့ အဓိက ဦးစားပေးက ကော့တေးဖျော်ရည်တွေပဲဖြစ်ပါတယ်။ အမျိုးအစားစုံလင်တဲ့ ကော့တေးဖျော်ရည်များကို များများစားစားပြင်ဆင်ထားပါ။ ကော့တေး မကြိုက်သူများလည်း ရှိနိုင်တဲ့အတွက်ကြောင့် အခြားရွေးချယ်စရာ အယ်လ်ကိုဟောဖျော်ရည်များကိုလည်း ပြင်ဆင်ပေးထားသင့်ပါတယ်။ ဒါ့အပြင် အယ်လ်ကိုဟောဖျော်ရည်များနှင့် လိုက်ဖက်တဲ့ အမြည်းများကိုလည်း ပြင်ဆင်ပေးထားနိုင်ပါတယ်။
အမှိုက်ခြင်းများကိုလည်း အနီးအနားမှာ ထားပေးရပါမယ်
Photo: Aliexpress
ပါတီပွဲ ပြီးသွားတဲ့အခါ မွစာကြဲနေတဲ့ အမှိုက်တွေ တစ်ပုံတစ်ပင်ကြီးကို တစ်ယောက်တည်း မရှင်းချင်ဘူးမလား။ ဒါ့ကြောင့်မလို့ အမှိုက်ခြင်းများကို မြင်သာထင်သာတဲ့ နေရာတွေမှာ ချထားပေးလိုက်ပါ။ ဒါမှ အမှိုက်ပစ်ချင်သူတွေလည်း တွေ့ကရာနေရာမှာ အမှိုက်မပစ်တော့ဘဲ အမှိုက်ခြင်းထဲသို့ စနစ်တကျ စွန့်ပစ်မှာဖြစ်ပါတယ်။
ရေခဲတုံး များများပြင်ဆင်ထားပါ
Photo: iStock
ကော့တေးဖျော်ရည်များ၊ အယ်လ်ကိုဟောဖျော်ရည်များသည် ရေခဲတုံးလေးနှင့် အေးအေးလေးသောက်မှ အရသာရှိတာပါ။ ဘယ်သူကမှ အယ်လ်ကိုဟောဖျော်ရည် ပူပူနွေးနွေးကြီးကို သောက်ချင်ကြမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ရေခဲတုံးများကို ပိုပိုလျှံလျှံသာ ပြင်ဆင်ထားရမှာဖြစ်ပါတယ်။
အယ်လ်ကိုဟော မပါတဲ့ ဖျော်ရည်များကိုလည်း သီးသန့်ပြင်ဆင်ထားပေးဖို့ မမေ့ပါနဲ့
ဘယ်သူက အယ်ဘ်ကိုဟော သောက်နိုင်သလဲ၊ မသောက်နိုင်ဘူးလဲ၊ သောက်ချင်သလား၊ မသောက်ချင်ဘူးလားဆိုတာကို သင် သိနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အယ်လ်ကိုဟော ဖျော်ရည်အပြင် အယ်လ်ကိုဟော မပါတဲ့ သစ်သီးဖျော်ရည်များကိုလည်း ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
ကော့တေး ပါတီနှင့် လိုက်ဖက်တဲ့ သီချင်းများကို ကွီးတို့ရဲ့ အိမ် မှာ ဖွင့်ထားဖို့လည်း မမေ့ပါနဲ့
မြူးမြူးကြွကြွ တေးသီချင်းတွေ ဖွင့်ထားမှလည်း ပါတီက အသက်ဝင်မှာမဟုတ်လား။ ဒါ့ကြောင့် သီချင်းရွေးချယ်မှုကလည်း အရေးကြီးတဲ့အတွက်ကြောင့် ပါတီပွဲနှင့် လိုက်ဖက်တဲ့ သီချင်းများကို သေချာရွေးချယ်ကာ ပြင်ဆင်ထားသင့်ပါတယ်။
အစားအစာများ ပြင်ဆင်တဲ့အခါမှာလည်း အမျိုးအစား စုံလင်စွာ ပြင်ဆင်ထားပါ
Photo: Thehisfor
အစားအစာများကို ပူပူနွေးနွေးလေး စားချင်သူတွေလည်း ရှိသလို၊ အေးအေးလေး စားချင်းသူတွေလည်း ရှိမှာပါပဲ။ ဒါ့ကြောင့် အစားအစာများကို အပူရော၊ အအေးပါ နှစ်မျိုးစလုံးပြင်ဆင်ထားပါ။ ဒါ့အပြင် သားသတ်လွတ်သမားများအတွက်လည်း စားစရာသီးသန့် ပြင်ဆင်ထားပေးဖို့ မမေ့ပါနဲ့။
ဒီအချက်လေးတွေကို သိထားပြီဆိုရင်တော့ ကွီးတို့လည်း ကော့တေး ပါတီပွဲကို မိမိ အိမ် မှာ ဘော်ဒါတွေနဲ့အတူတူ တပျော်တပါးကြီး ဆင်နွှဲလို့ရပါပြီ။
Source: Alekasgettogether
Featured Image: Bon Affair