ကိုယ့်အိမ်မှာပဲ အိမ်တွင်းပါတီပွဲ ကျင်းပတဲ့အခါ ဆိုင်တွေမှာလိုမျိုး ကော့တေးဘား တွေ အဆင်သင့် ပါရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အိမ်တွင်းပါတီပွဲ ကျင်းပသူများအနေနဲ့ ကော့တေးဘား ကို ကိုင်တိုင်ပြင်ဆင်ဖို့ လိုအပ်လာပါပြီ။

ကိုယ့်ရဲ့ပါတီက မွေးနေ့ပါတီပွဲပဲဖြစ်ဖြစ်၊ မင်္ဂလာဧည့်ခံပွဲ ပါတီပွဲပဲဖြစ်ဖြစ် ဘားကောင်တာကတော့ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါမှသာ ပါတီပွဲက အပိုအလိုမရှိ ခမ်းနားတင့်တယ်နေမှာ ဖြစ်ပါတယ်။

ကိုယ်တိုင် ဖျော်စပ်နိုင်တဲ့ ဘားမျိုး ထားပေးခြင်းက အကောင်းဆုံး အိုင်ဒီယာဖြစ်ပါ့မလား

အိမ်တွင်းပါတီပွဲ ကော့တေးဘား

Photo: Shopterrain

ကိုယ်သောက်မယ့် ဖျော်ရည်ကို ကိုယ့်ဘာသာ စိတ်ကြိုက်ဖျော်ရမယ်ဆိုရင်တော့ အနည်းငယ် အခက်တွေ့နိုင်ပါတယ်။ အချို့က ကော့တေးဖျော်ရည်တွေကို ဘယ်လိုဖျော်စပ်ရမလဲဆိုတာ မသိကြပါဘူး။ ထိုကဲ့သို့သောသူတွေအဖို့ ကြာလာရင် စိတ်အိုက်ပြီး ဘားကောင်တာမှာတောင် မနေချင်ဘဲ ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် အသင့်ဖျော်ကော့တေးဘားတစ်ခုနှင့် ကိုယ့်စိတ်ကြိုက် ဖျော်စပ်နိုင်မယ့် ကော့တေးဘားတစ်ခုဆိုပြီး သပ်သပ်စီ ခွဲပေးလိုက်ပါ။ ဒါမှသာ အသင့်သောက်ချင်သူများအတွက်ရော ကိုယ်တိုင်ဖျော်သောက်ချင်သူများအတွက်ပါ အဆင်ပြေမှာပါ။

ရှည်မျောမျော စားပွဲက အဆင်ပြေပါတယ်

အိမ်တွင်းပါတီပွဲ ကော့တေးဘား

Photo: Telegraph

စောစောကလို ကော့တေးဘား ခွဲပေးတာကတော့ ဟုတ်ပါပြီ။ ကော့တေး ဘားကောင်တာအတွက် ဘယ်လိုစားပွဲမျိုးက အဆင်ပြေမလဲ။ ပုံမှန်ထမင်းစား စားပွဲထက် ပိုမြင့်ပြီး ပိုရှည်တဲ့ စားပွဲမျိုး က သင့်တော်ပါလိမ့်မယ်။ ဒါမှသာ စားပွဲက ညစာစားပွဲလို မဟုတ်တော့ဘဲ ကော့တေးကောင်တာစစ်စစ်ပုံစံ ထွက်လာမှာပါ။

ဖန်ခွက် အမျိုးအစား စုံလင်အောင် ထားရှိပါ

အိမ်တွင်းပါတီပွဲ ကော့တေးဘား

Photo: Urbanbar

ဖန်ခွက်များ စီစီရီရီထားရှိတဲ့အခါမှာလည်း ဖန်ခွက်အမျိုးအစားစုံလင်အောင် ထားပေးသင့်ပါတယ်။ ဥပမာ ရှန်ပိန်ဆိုလည်း ရှန်ပိန်ဖန်ခွက်၊ ကော့တေးဖန်ခွက်၊ ဘီယာဖန်ခွက်၊ ဝီစကီဖန်ခွက် စသည်ဖြင့် အမျိုးအစား စုံလင်အောင် ထားရှိပေးသင့်ပါတယ်။

ချင်တွယ်ခွက်များနှင့် အခြား လိုအပ်သော ပစ္စည်းအမျိုးအစားစုံလင်အောင် ထားရှိပါ

အိမ်တွင်းပါတီပွဲ ကော့တေးဘား

Photo: Popsugar

ဒီအချက်ကတော့ ကိုယ့်ဘာသာကိုယ် ဖျော်သောက်မယ့်သူတွေအတွက်ပါ။ ဥပမာ ကော့တေး ဖျော်ဖို့အတွက် Cocktail Shakers များ၊ ရေခဲပုံးများ၊ အဖုံးဖွင့်ကိရိယာများ စသည်ဖြင့် စုံလင်အောင် ထားပေးလိုက်ပါ။

အယ်လ်ကိုဟော မပါဝင်တဲ့ ဖျော်ရည်များကိုလည်း သေချာပြင်ဆင်ထားပါ

အယ်လ်ကိုဟော မပါဝင်တဲ့ ဖျော်ရည်များကိုလည်း သေချာပြင်ဆင်ထားပါ

Photo: Theguardian

စတော်ဘယ်ရီဖျော်ရည်၊ လိမ္မော်ရည်၊ စတော်ဘယ်ရီဖျော်ရည်၊ သံပုရာရည်၊ သံပုယိုရည် စသည်ဖြင့် ဖျော်ရည်များ အမျိုးအစား စုံလင်အောင် ြပ်ငဆင်ပေးလိုက်ပါ။ အထူးသဖြင့် သံပုယိုရည်၊ သံပုရာရည်များကို များများပြင်ဆင်ပါ။ ကော့တေးဖျော်တဲ့အခါ သံပုယိုရည်၊ သံပုရာရည်များ ပိုမိုလိုအပ်ပါတယ်။

အစားအစာများကိုလည်း အလှဆင်ဖို့ မမေ့ပါနဲ့

အစားအစာများကိုလည်း အလှဆင်ဖို့ မမေ့ပါနဲ့

အယ်လ်ကိုဟောဖျော်ရည်များနှင့် လိုက်ဖက်အောင် အမြည်းများကို ပြင်ဆင်တဲ့အခါမှာလည်း အစားအစာများကို ပြီးပြီးရော တည်ခင်းမထားပါနဲ့။ လှလှပပအလှဆင်ကာ သေသေချာချာ ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှသာ သင့်ရဲ့ အိမ်တွင်းပါတီပွဲ သည် လှလှပပနှင့် ကော့တေးဘား သည်လည်း ခမ်းနားလှပနေမှာဖြစ်ပါတယ်။

Source: Theluxelifeeventdesign

Featured Image: Style.1792bourbon