Bar ထိုင်တဲ့အခါ ကော့လ်တေး အမိုက်စားလေးတွေ Try ရတာလည်း အရသာတစ်မျိုးပါပဲ။ ဘီယာတွေ ၊ ဝီစကီတွေပဲ အမြဲသောက်နေရလို့ ငြီးငွေ့တယ်ဆိုရင် ကော့လ်တေး Drinks တွေ ပြောင်းသောက်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ပိတ်ရက်မှာ ဘော်ဘော်တွေနဲ့ တွေ့ဖို့ပဲဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့ နှစ်ယောက်တည်းဒိတ်ချင်လို့ပဲ ဖြစ်ဖြစ် ကော့လ်တေး အမိုက်စားလေးတွေ မြည်းစမ်းရင်း Chill လို့ရမယ့် ရန်ကုန်ထဲက  Bar နဲ့ Restaurant မိုက်မိုက်လေးတွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။

(၁) Union Bar and Grill

ကော့လ်တေး Bar

Photo : Union Bar and Grill

ဒီဆိုင်လေးကတော့ နာမည်ကြီး ကော့လ်တေး မျိုးစုံတစ်နေရာတည်းမှာ ရနိုင်တဲ့ ရန်ကုန်မြို့လည်ခေါင်က အလန်းစား Bar လေးဖြစ်ပါတယ်။ ဆိုင်အပြင်အဆင် Decoration က Classic ဆန်ပြီး အေးအေးငြိမ့်ငြိမ့် Chill ရတာ ကြိုက်သူတွေ လုံးဝအကြိုက်တွေ့စေမှာပါ။ ဒီဆိုင်မှာက Signature ကော့လ်တေး / Classic ကော့လ်တေး Drinks တွေ တော်တော်စုံစုံရပြီး အရသာရှိတဲ့ ဥရောပအစားအစာတွေနဲ့ အကင်တွေလည်း အများကြီးရပါတယ်။ အပတ်စဉ် Unplugged Music အစီအစဉ်လည်း ရှိတော့ သောက်ရင်းစားရင်း သီချင်းတွေ နားထောင်ရင်း Relax လုပ်လို့ အဆင်ပြေပါတယ်။ ဆိုင်လိပ်စာက ၄၂ လမ်းနဲ့ ကမ်းနားလမ်းထောင့် ၊ ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) The Brew Yangon

ကော့လ်တေး Bar

Photo : The Brew Yangon

စမ်းချောင်းထဲက အမိုက်စား European Restaurant လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးက The Brew Yangon လို့ခေါ်ပါတယ်။ အရသာရှိတဲ့ European Food တွေအပြင် ရှမ်းစာ ၊ ထိုင်းအစားအစာ ၊ ကော်ဖီနဲ့ ကော့လ်တေး Drinks တွေ အစုံအလင်ရနိုင်တဲ့ ဆိုင်လေးပါ။ ဆိုင်ပုံစံလေးကတော့ ခေတ်ဆန်တဲ့ အပြင်အဆင်တွေ ၊ Indoor / Outdoor သက်တောင့်သက်သာ ထိုင်လို့ရမယ့် Table လေးတွေနဲ့ တကယ့်ကို အထာကျကျ Chill လို့ရမယ့် နေရာတစ်ခု ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့ဖြစ်ဖြစ် ပိတ်ရက်မှာ အရသာရှိတဲ့ အစားအသောက်တွေ မြည်းစမ်းရင်း အနားယူချင်တယ်ဆိုရင်တော့ The Brew Yangon ဆိုင်လေးက သေချာပေါက် သွားကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။ ဆိုင်လိပ်စာက အမှတ် ၇ ၊ ဗဟိုလမ်း ၊ စမ်းချောင်းမြို့နယ် (အာရှတော်ဝင်ဆေးရုံ မျက်စောင်းထိုး၊စွဲစားသောက်ဆိုင်ဘေး) ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Htee Bar

ကော့လ်တေး Bar

Photo : Htee Bar

ဒီဆိုင်လေးကတော့ ဆန်းသစ်တဲ့ Decoration အပြင်အဆင်တွေနဲ့ လူငယ်တွေကြားမှာ နာမည်ကြီးနေတဲ့ အမိုက်စား Bar လေး ဖြစ်ပါတယ်။ Htee Bar ဆိုတဲ့ အတိုင်း ဆိုင်ရဲ့ အတွင်းပိုင်းအပြင်အဆင်ကို မြန်မာ့ရိုးရာထီးလေးတွေနဲ့ အလှဆင်ထားတဲ့အတွက် ဓာတ်ပုံလှလှ ရိုက်ချင်သူတွေကတော့ လုံးဝအကြိုက်ပါပဲ။ ဆိုင်လေးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ သက်တောင့်သက်သာရှိတဲ့အတွက် စိတ်လက်ပေါ့ပါးစွာ အနားယူအပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။ အရသာရှိတဲ့ စားချင့်စဖွယ် အနောက်တိုင်း အစားအစာတွေ ၊ စုံလင်လှတဲ့ ကော့လ်တေးတွေနဲ့ သောက်စရာ Drinks တွေ မျိုးစုံ ရပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၄၄ A ၊ ဆရာစံလမ်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

Feaatured Photo : Htee Bar