သောကြာနေ့မှာ ဘော်ဒါတွေနဲ့အတူတူ TGIF လုပ်မယ့် ကွီးတို့အတွက်  Bar အမိုက်စားလေးတွေ ညွှန်းပေးချင်ပါတယ်။ ဒီရက်ပိုင်း Bar အသစ်လေးတွေ ထိုင်ဖို့ စိတ်ကူးကျနေတယ်ဆိုရင်တော့ အခုပြောပြမယ့် ဆိုင်လေးတွေကိုသာ အရောက်သွားလိုက်ပါ။ ရန်ကုန် မှာ ဖွင့်တာသိပ်မကြာသေးတဲ့ အသစ်စက်စက် အမိုက်စား Bar အသစ်လေးတွေကို စုစည်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

(၁) Inbox Bar & BBQ

Photo : Inbox Bar & BBQ

ဒီဆိုင်လေးကတော့ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ အသစ်စက်စက်ဖွင့်ထားတဲ့ အမိုက်စား ဆိုင်လေးဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်ကတော့ လုံးဝလူငယ်ဆန်ပြီး အထာကျတယ်။ ဆိုင်နေရာကျယ်ကျယ်ဝန်းဝန်းရှိတော့ ဘော်ဒါတွေနဲ့ အဖွဲ့လိုက်ကြီး Chill မယ့် ကွီးတို့အတွက် ကွက်တိပါပဲ။ အစားအသောက်တွေ စုံတယ်။ ကော့လ်တေး နဲ့ သောက်စရာ Drink တွေ အစုံရတယ်။ အမိုက်စား Entertainment အစီအစဉ်တွေ လည်းရှိတယ်။ ဆိုင်လိပ်စာကတော့ သင်္ဃန်းကျွန်းမြို့နယ် ၊ ဝေဇယန္တာ သံသုမာလမ်းမပေါ် ၊ ရန်ကုန် မြို့ဖြစ်ပါတယ်။

(၂) Beer VIBE – Pyi Thar Yar

Photo : Beer VIBE – Pyi Thar Yar

Beer VIBE ကတော့ အသောက်တလိုင်းကွီးတို့နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ အခု Beer VIBE ကနေ ဆန်းသစ်တဲ့အမိုက်စား အပြင်အဆင်တွေနဲ့ ရန်ကင်းမြို့နယ်ထဲမှာ ဆိုင်ခွဲသစ်လေးဖွင့်လိုက်ပါပြီ။ နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ စိတ်လွတ်လပ်ပေါ့ပါးစွာ အေးဆေး Chill ချင်တဲ့ ကွီးတို့ကတော့ Beer VIBE – Pyi Thar Yar ဆိုင်လေးကို တစ်ခေါက်လောက် အရောက်သွားကြည့်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် (၁၅) ၊ ပြည်သာယာလမ်းနဲ့ ပြည်တော်အေးလမ်းထောင့် ၊ ဘောက်ထော် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန် မြို့ဖြစ်ပါတယ်။

(၃) 529 Bar

Photo : 529 Bar

ဒီဆိုင်လေးကတော့ တောင်ဥက္ကလာပမြို့နယ် ၊ မေတ္တာလမ်းပေါ်က ဖွင့်တာလပိုင်းပဲရှိသေးတဲ့ အမိုက်စား ဆိုင်သစ်လေးပါ။ ဒီဆိုင်လေးမှာက လွတ်လွတ်လပ်လပ် Chill လို့ရမယ့် နေရာလေးတွေ ၊ ဘော်ဒါတွေနဲ့ သီးသီးသန့်သန့် Relax လုပ်နိုင်မယ့် Private ခန်းတွေလည်း ရှိတယ်။ အပတ်စဉ် Unplugged Music ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်း ရှိသလို အစားအသောက်တွေလည်း အရသာကောင်းပြီး တော်တော်လေး ဈေးတန်တဲ့အထဲမှာ ပါပါတယ်။ ဆိုင်လိပ်စာလေးကတော့ အမှတ် ၅၂၉ ၊ မေတ္တာလမ်း ၊ ၁၁ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန် မြို့ဖြစ်ပါတယ်။

Featured Photo : Beer VIBE – Pyi Thar Yar