ဆိုင်ထိုင်ရင် အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာရှိတဲ့ ဆိုင်မျိုးမှ ကြိုက်တဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်တော့ နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်း နဲ့ အေးဆေး Chill လို့ရမယ့် ရန်ကုန်မြို့တွင်းက အမိုက်စား ဆိုင်လေးတချို့ကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) Beer VIBE

Photo : Beer VIBE

ဒီဆိုင်လေးက ခြံဝန်းအကျယ်ကြီးထဲမှာ ဆိုင်နေရာအခင်းအကျင်း ကျယ်ကျယ်ဝန်းဝန်း နဲ့ အေးအေးဆေးဆေး ရှိတယ်။ ကားပါကင်အတွက်လည်း နေရာလုံလုံလောက်လောက်ရှိတော့ အဆင်ပြေတယ်။ ဆိုင်ရဲ့ Decoration အပြင်အဆင်က လုံးဝလူငယ်ဆန်ဆန်နဲ့ အထာကျတယ်။ ဓာတ်ပုံရိုက်ချင်သူတွေအတွက်လည်း ကွက်တိပဲ။ ဒီဆိုင်မှာက အစားအသောက်တွေ တော်တော်စုံတယ် ၊ အရသာရှိတယ်။ နာမည်အကြီးဆုံးက အကင်တွေပဲ။

ဒီဆိုင်ရောက်ရင် မဖြစ်မနေမြည်းစမ်းကြည့်သင့်တဲ့ Menu တွေထဲကတစ်ခုက ဆိတ်လက်ဖက်ထောင်း။ တခြား ပင်လယ်စာနဲ့ အရသာရှိတဲ့ ဟင်းပွဲတွေလည်း တော်တော်စုံစုံရတယ်။ Drink တွေလည်း စုံတယ်။ ဘီယာအေးအေးလေး ၊ ကော့လ်တေး အစုံရတယ်။ ဖော်ရွေတဲ့ဝန်ထမ်းတွေနဲ့ Service လည်း ကောင်းတယ်။ ဘော်ဒါတွေနဲ့ အဖွဲ့လိုက်ကြီး အေးဆေး Chill မယ်ဆိုရင် ဒီဆိုင်လေးက သွားရောက်သင့်တဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ ဆိုင်လိပ်စာက အမှတ်(၂) ၊ မြေနီလမ်း (ဟံသာဝတီကားမှတ်တိုင် ဘေးလမ်း) ၊ ပြည်လမ်း ၊ ဟံသာဝတီအဝိုင်းအနီး ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) Bella Ciao

Photo : Bella Ciao

ဒီဆိုင်လေးက ဖွင့်တာ သိပ်မကြာသေးဘူး။ အနောက်တိုင်းဆန်ဆန် ခြံဝန်းအကျယ်ကြီးထဲမှာ ဆိုင်နေရာအခင်းအကျင်း ကျယ်ကျယ်ဝန်းဝန်း နဲ့ အေးဆေး Chill ချင်တဲ့ သူတွေအတွက် ဒီဆိုင်လေးက ကွက်တိကျစေမှာပါ။ ဒီဆိုင်မှာ ကားပါကင်အတွက်လည်း နေရာကျယ်ကျယ်ဝန်းဝန်းရှိတယ်။ ဆိုင်အပြင်အဆင်ကတော့ လုံးဝ Classic ဆန်ဆန်လေးနဲ့ လှတယ်။ ဆိုင်က ၂ ထပ်ပုံစံလေး။ အပေါ်ထပ် အဲကွန်းခန်းရယ် ၊ အောက်ထပ်ခြံဝန်းထဲမှာ လွတ်လွတ်လပ်လပ် ထိုင်လို့ရတဲ့ Open Space ရယ်ဆိုပြီး Table လေးတွေ ပြင်ဆင်ပေးထားတယ်။

ဒီဆိုင်လေးမှာ ကော့လ်တေးတွေ တော်တော်မိုက်တယ်။ တခြားသောက်စရာ Drink တွေလည်း စုံတယ်။ အီတလီစတို ဟင်းပွဲတွေ ၊ European Food တွေနဲ့ အရှေ့တိုင်းအစားအစာတွေ အစုံရတယ်။ အပတ်စဉ် Live Music ဖျော်ဖြေမှုနဲ့ Open Music အစီအစဉ်လေးတွေလည်း ရှိတယ်။ ဆိုင်လိပ်စာက အမှတ် 8/A ၊ ပါရမီလမ်းနဲ့ မေခအနောက်လမ်းထောင့် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

(၃) Party House

Photo : Party House

ဒီဆိုင်လေးက နန်းတော်ကြီးတမျှ ခမ်းနားလှပပြီး ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့ ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။ အပေါ်ထပ်မှာ လွတ်လွတ်လပ်လပ် အေးဆေးထိုင်မလား ၊ အောက်ထပ် အဲကွန်းခန်းထဲမှာပဲ သက်တောင့်သက်သာ Chill မလား စိတ်ကြိုက်ရွေးလို့ရတယ်။ ညနေခင်းတွေဆို တစ်ဆိုင်လုံး မီးရောင်စုံနဲ့ တော်တော်လေးလှတယ်။ အစားအသောက်တွေလည်း တော်တော်စုံတယ်။ အနောက်တိုင်း အစာအစာ ၊ ထိုင်းစတိုင်ဟင်းလျာတွေ ၊ မန္တလေး အရသာ BBQ အကင်တွေ အစုံရတယ်။ သောက်စရာထဲမှာလည်း ရွေးချယ်စရာ Drink တွေ တော်တော်များတယ်။

နောက်ပြီး ဒီဆိုင်မှာ Unplugged Music အစီအစဉ်တွေ နေ့တိုင်းရှိတယ်။ ဘော်ဒါတွေနဲ့ လွတ်လွတ်လပ်လပ် Chill မလား ၊ အရေးကြီးမိတ်ဆွေနဲ့ Meeting လုပ်မလား ၊ ချစ်သူလေးနဲ့ အေးအေးဆေးဆေး ဒိတ်မလား အဆင်ပြေတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၂၄ B (Junction Zawana အနီး) ၊ လေး‌ဒေါင့်ကန်လမ်းမကြီး ၊ ဇမြောက်ရပ်ကွက် ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၄) Classic Garden

Photo : Classic Garden

ဒီဆိုင်လေးကတော့ သဘာဝတရားကို ချစ်မြတ်နိုးသူတိုင်း အကြိုက်တွေ့မှာ သေချာပါတယ်။ တစ်ဆိုင်လုံးက စိမ်းစိမ်းစိုစို အပင်လေးတွေနဲ့ သဘာဝဆန်ဆန် တောအုပ်ငယ်လေးတစ်ခုထဲကို ရောက်သွားသလို ခံစားရစေမယ့် ဆိုင်လေး။ တခြားဆိုင်တွေနဲ့ မတူတဲ့ ဒီဆိုင်လေးရဲ့ ထူးခြားချက်က တော်တော်ကြီးကို ကျယ်ဝန်းတဲ့ ခြံအကျယ်ကြီးထဲမှာ ရောင်စုံပန်းတွေ ၊ စိုးစိမ်းတဲ့ သစ်ပင်ပန်းပင်တွေနဲ့ လေကောင်းလေသန့်ရှုရင်း အေးဆေး Relax လုပ်လို့ ရတယ်။ ဒီဆိုင်လေးမှာ ငယ်ငယ်က ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးတဲ့ Tree House ကြီးလည်း ရှိတယ်။ ပန်းဥယျာဉ်တွေကြားထဲက ချစ်သူလမ်းကြားလေးလည်းရှိတော့ ရိုမန်တစ်ဆန်ဆန်ဒိတ်ချင်တဲ့ ချစ်သူစုံတွဲတွေအတွက် ကွက်တိပါပဲ။ ဓာတ်ပုံလှလှ ရိုက်လို့ရမယ့် နေရာလေးတွေ ၊ သက်တောင့်သက်သာ ကျယ်ကျယ်ဝန်းဝန်းနဲ့ အေးဆေး Chill လို့ရမယ့် နေရာလေးတွေနဲ့ တစ်နေ့တာ မွန်းကြပ်မှုတွေ ဖြေဖျောက်ရင်း အေးအေးဆေးဆေး အနားယူအပန်းဖြေလို့ရတယ်။

ဒီဆိုင်လေးမှာ အစားအသောက်တွေလည်း မိုက်တယ်။ ဘီယာ ၊ အပြင်းအပျော့ သောက်စရာအစုံနဲ့ အမယ်စုံတဲ့ ကော့လ်တေး Drink တွေ ၊ အနောက်တိုင်း အစားအစာတွေ ၊ အာရှစတိုင်ဟင်းပွဲတွေ ၊ အကြော်အလှော် အကင်အထောင်း အစားအသောက် Menu တွေ အစုံရတယ်။ အပတ်စဉ် Unplugged ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်း ရှိတယ်။ မြို့ပြရဲ့ မွန်းကြပ်မှုတွေနဲ့ဝေးရာ အေးချမ်းတဲ့ ပန်းဥယျာဉ်လေးထဲမှာ အစားအသောက်ကောင်းတွေ ၊ သီချင်းတွေနဲ့ အေးဆေး Relax လုပ်ချင်ရင်တော့ ဒီဆိုင်လေးကို တစ်ခေါက်လောက် သွားကြည့်သင့်တယ်။ ဆိုင်လိပ်စာက အမှတ် (၇၉)၊ ဗဟိုလမ်းမကြီးပေါ် ၊ အလုံလမ်းနဲ့ ရှင်စောပုလမ်းကြား ၊ အလုံမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : Party House