ခေတ်ရေစီးကြောင်းဆိုတာ တစ်ကြော့ပြန် ရေပန်းစားတက်တဲ့ သဘောရှိပါတယ်။ ဒီဘက်ခေတ်မှာ ဂီတနဲ့ ရုပ်ရှင်တွေကစလို့ ဖက်ရှင်စတိုင် ဝတ်စားဆင်ယင်မှုတွေအဆုံး ခေတ်ဟောင်းပုံစံတွေ အများကြီး နေရာယူလာတာ တွေ့ရပါတယ်။ ကွီးတို့အနေနဲ့ ပါတီပွဲတွေကို ခေတ်ပေါ်ပုံစံတွေထဲက ကွဲထွက်ပြီး ထူးထူးခြားခြားလေး ကျင်းပဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ ရှေ့မှီနောက်မှီ ၁၉၈၀ ပုံစံ ခေတ်ဟောင်းစတိုင် ပါတီပွဲ လေး ကျင်းပဖို့ အကြံပြုချင်ပါတယ်။ ခေတ်ဟောင်းစတိုင် ပါတီပွဲကျင်းပမယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ ကွီးတို့တစ်ချက် လေ့လာကြည့်လိုက်ပါဦး။

(၁) ခေတ်ဟောင်းစတိုင် ပါတီအပြင်အဆင်

ခေတ်ဟောင်းစတိုင် ပါတီပွဲ
Photo : IPECAL

ခေတ်ဟောင်းစတိုင် ပါတီပွဲလေး ကျင်းပမယ်ဆိုရင် သေချာတာကတော့ ကွီးတို့ပါတီအပြင်အဆင်က ခေတ်ဟောင်းအငွေ့အသက်တွေ လွမ်းခြုံနေဖို့ လိုပါတယ်။ ပါတီရဲ့ Decorations နဲ့ အသုံးအဆောင်တွေကို ခေတ်ဟောင်းကာလသို့ ပြန်လည်အမှတ်ရစေမယ့် ပုံစံမျိုးပြင်ဆင်ဖို့လိုပြီး နည်းနည်းအမှောင်ဘက်ကို သွားတဲ့ပုံစံလေးက ၈၀ ခုနှစ်စတိုင်ကို ပိုမိုပေါ်လွင်မှု ရှိစေပါတယ်။

(၂) Dress Code သတ်မှတ်ပါ

ခေတ်ဟောင်းစတိုင် ပါတီပွဲ

Photo : St George & Sutherland Shire Leader

၈၀ ခုနှစ်ခေတ်ကာလတွေရဲ့ Iconic အဖြစ်ဆုံး အမှတ်အသားတွေထဲက တစ်ခုကတော့ စတိုင်လ်နဲ့ ဖက်ရှင်ပါပဲ။ ဒါကြောင့် ပါတီပွဲ လာမယ့် ဧည့်သည်တွေအနေနဲ့ ခေတ်ဟောင်း ဖက်ရှင်တွေကို ဝတ်ဆင်လာဖို့ Dress Code သတ်မှတ်ပေးလိုက်ပါ။ ခေတ်ဟောင်းစတိုင် ဖက်ရှင်တွေက ဒီနေ့ခေတ်မှာလည်း ပြန်ပြီးရေပန်းစားလာတဲ့အတွက် ထွေထွေထူးထူး အရမ်းကြီး လေ့လာနေစရာလိုမယ် မထင်ပါဘူး။ အကယ်၍ ဘာဝတ်ရမလဲ စဉ်းစားရကြပ်နေတယ်ဆိုရင်တော့ အရောင်ခပ်တောက်တောက်နဲ့ ပေါ့ပေါ့ပါးပါးဖြစ်မယ့် ခေတ်ဟောင်းပုံစံ ဖက်ရှင်တွေကို ဝတ်နိုင်ပါတယ်။

(၃) ခေတ်ဟောင်း သီချင်းတွေ ရွေးထုတ်ထားပါ

ခေတ်ဟောင်းစတိုင် ပါတီပွဲ

Photo : Bands For Hire

၈၀ ခုနှစ်တွေမှာ ရေပန်းစားခဲ့တဲ့ သီချင်းတွေကတော့ ပြောလို့မကုန်နိုင်အောင် အများကြီးရှိပါတယ်။ ဒါ့ကြောင့် အဓိက ပါတီနဲ့ လိုက်ဖက်တဲ့ မြူးမြူးကြွကြွ Dance-Pop သီချင်းလေးတွေ ၊ လူကြိုက်များကျော်ကြားခဲ့တဲ့ ကက်ဆက်သီချင်းလေးတွေကို ကြိုတင်ပြီး ရွေးထုတ်ထားပါ။ ခေတ်ဟောင်းဂီတနဲ့ သိပ်ပြီး မရင်းနှီးဘူးဆိုရင် ပရော်ဖက်ရှင်နယ် DJ တစ်ယောက် ငှားဖို့ အကြံပြုပါရစေ။

(၄) အဆာပြေ ချိုချဉ်တွေ ထားပေးပါ

ခေတ်ဟောင်းစတိုင် ပါတီပွဲ

Photo : Pinterest

အရင်ခေတ် ပါတီပွဲ တွေမှာ အဆာပြေချိုချဉ်လေးတွေ ပန်းကန်အပြည့် ထားပေးတဲ့ အလေ့အထ ရှိပါတယ်။ ခေတ်ဟောင်းစတိုင် ပါတီလေးကို ပိုပြီး ပြည့်စုံသွားချင်တယ် ၊ ပါတီဧည့်သည်တွေအတွက် အဆာပြေဧည့်ခံဖို့ စားစရာလေးတွေ ထားပေးချင်တယ်ဆိုရင်တော့ ချိုချဉ်လေးတွေသာ ထားပေးလိုက်ပါ။

(၅) ရောင်စုံကော့လ်တေးတွေ ပါပါစေ

ခေတ်ဟောင်းစတိုင် ပါတီပွဲ

Photo : Lisbon

ခေတ်ဟောင်းစတိုင် ပါတီပွဲ တစ်ခုဖန်တီးတဲ့အခါ မပါမဖြစ်တဲ့ အရာတစ်ခုကတော့ အရောင်အသွေးစုံတဲ့ ကော့လ်တေး Drink တွေပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ လူတိုင်းသောက်လို့ရမယ့် ရောင်စုံကော့လ်တေးတွေကို ပြင်ဆင်ထားပါ။ ကာလာစုံတဲ့ ကော့လ်တေး Drink တွေက ၈၀ ခုနှစ်ပါတီတွေရဲ့ အထင်ကရ အမှတ်အသားလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။

Featured Photo : Maserati of Tysons