ဘားထိုင်ရင်း အေးဆေးငြိမ့်ချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ချမ်းအေးသာဇံ မြို့နယ်အတွင်းရှိ ဘား နှင့် စားသောက်ဆိုင်များကို ညွှန်းပေးချင်ပါတယ်။

ဘီယာ၊ ဝီစကီ၊ ကော့တေး၊ မော့တေး၊ ရှီရှား စတဲ့ အယ်လ်ကိုဟောဖျော်ရည်မျိုးစုံအပြင် အရသာထူးကဲကောင်းမွန်တဲ့ အမြည်းများကိုပါ တွဲဖက်စားသောက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ချမ်းအေးသာဇံ မြို့နယ်အတွင်းရှိ ဘား နှင့် စားသောက်ဆိုင်များဆီသို့ အရောက်သွားသင့်ပါတယ်။

Gravity BBQ & Restaurant

ချမ်းအေးသာဇံ ဘား

Photo: Facebook

ဒီဆိုင်လေးကတော့ ၆၅ လမ်း ၊ ၃၄ နှင့် ၃၅ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့မှာ တည်ရှိတာဖြစ်ပြီး ဆိုင်ဖွင့်ချိန်တွေကတော့ နံနက် ၁၁ နာရီကနေ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။

ငါးရှဉ့်ခြောက်စပ်၊ နံကင်ကြွပ်ကြော်၊ ဆိတ်ထောင်းသုပ်အပြင် အခြားသော ဘာဘီကျူးမျိုးစုံကိုပါ မြည်းစမ်းစားသုံးနိုင်ပြီး ဘီယာ၊ ကော့တေး၊ ဝီစကီမျိုးစုံကိုပါ မြည်းစမ်းနိုင်ပါသေးတယ်။

ချမ်းအေးသာဇံ ဘား

Photo: Facebook

ဒါတင်မကသေးပါဘူး။ Unplugged ဂီတဖော်ဖျော်မှုများသည်လည်း အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိဆိုတော့ ကွီးတို့ ကြိုက်တဲ့ရက်မှာ အေးအေးဆေးဆေး သွားထိုင်လိုက်ရုံပါပဲ။

ဆိုင်ကလည်း ကျယ်ကျယ်ဝန်းဝန်းလေးနဲ့ဆိုတော့ စိတ်မွန်းကြပ်မှုတွေ ခံစားရမှာမဟုတ်ဘဲ ဝန်ဆောင်မှုကလည်းကောင်း၊ အစားအစာတွေရော၊ ဖျော်ရည်တွေကပါ ကောင်းဆိုတော့ အခုကတည်းက မြန်မြန်သွားမှ ခေတ်နောက်မကျမှာနော်။

ဘုံဆိုင်

ချမ်းအေးသာဇံ ဘား

Photo: Facebook

ဒီဆိုင်လေးကတော့ လမ်း ၇၀ ၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ချမ်းအေးသာစံ မြို့နယ်၊ Mr. Snooker ဆိုင်အပေါ်ထပ်မှာ တည်ရှိတဲ့ ဘား နှင့် စားသောက်ဆိုင်လေးပဲ ဖြစ်ပါတယ်။

ဘုံဆိုင်ရဲ့ Signature အမှတ်တံဆိပ်ကတော့ Dark Night Fresh လို့အမည်ရတဲ့ ကော့တေးလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဝီစကီ၊ ဘီယာနှင့် ဝိုင်မျိုးစုံကိုလည်း မိမိစိတ်ကြိုက် မှာယူသောက်သုံးနိုင်ပြီး၊ အကင် အမြည်းများ၊ အခြားသောဟင်းလျာအမြည်းများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။

bar in chan aye thar zan

Photo: Facebook

သီချင်းတွေ နားထောင်လိုက်၊ လိုက်ဆိုလိုက်နဲ့ ပျော်ပျော်ပါးပါးဆင်နွှဲချင်တဲ့ ကွီးတို့အတွက်လည်း Unplugged Music လည်း ပါဝင်တယ်ဆိုတော့ အကုန်ပြီးပြည့်စုံနေပါပြီ။

Bar In Bar

bar in chan aye thar zan

Photo: Facebook

ဒီဆိုင်လေးကတော့ ညနေ ၃ နာရီခွဲကနေ ည ၁၁ နာရီခွဲအထိ ဖွင့်ပါတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ ၅၃ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားမှာ တည်ရှိတာဖြစ်ပါတယ်။

အကောင်းစားဘီယာတံဆိပ်မျိုးစုံကိုလည်း မြည်းစမ်းသောက်သုံးနိုင်ပြီး ကော့တေးအမျိုးအစားစုံ၊ အမြည်းမျိုးစုံကိုလည်း စားသုံးနိုင်ပါသေးတယ်။

bar in chan aye thar zan

Photo: Facebook

DJ သီချင်းသံစဉ်တွေနဲ့ လန်းချင်တဲ့ ကွီးတို့အတွက်တော့ ဘယ်လို Beat နဲ့ နားထောင်ချင်သလဲ မိမိစိတ်ကြိုက် နားဆင်လို့ရဖို့ရန်အတွက် DJ တွေကလည်း အသင့်စောင့်ကြိုနေပါတယ်။

ကွီးတို့ရော မန္တလေးမြို့က ဘယ်ဘားနှင့် စားသောက်ဆိုင်မှာ ထိုင်ရတာကို အနှစ်သက်ဆုံးပါလဲ။

Featured Image: Gravity BBQ & Restaurant