ဘော်ဒါတွေနဲ့ အတူတူ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးလို့ကောင်းတဲ့ အင်းစိန် မြို့နယ်က ဘား နှင့် စားသောက်ဆိုင် တွေ ရှိပါတယ်။

ကိုယ်ကိုယ်တိုင်က အင်းစိန် မြို့နယ်ထဲ နေထိုင်လို့ နီးနီးနားနား သွားရောက်ချင်တာပဲဖြစ်ဖြစ်၊ ထိုင်လို့ကောင်းတဲ့ ဘား နှင့် စားသောက်ဆိုင် တွေဖြစ်လို့ တကူးတကသွားထိုင်ချင်တာပဲဖြစ်ဖြစ် ထိုင်လို့ကောင်းနေရာတွေပဲဖြစ်ပါတယ်။

Jeep BBQ & Food House

bar in insein

Photo: Facebook

ဒီဆိုင်လေးကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ အမှတ် (၂၉) ၊ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်၊ ရန်ကုန်ပဲဖြစ်ပါတယ်။

အရသာရှိတဲ့ အမြည်းများအနေနဲ့ကတော့ ပိုးစာဥကြော်၊ ဆိတ်ခြောက်စပ်၊ စိန်တစ်ရစ်၊ မြတစ်ရစ်၊ ထိုင်းစတိုင်လ် ငါးဆားအုံ အပြင် အခြား အရသာရှိသော အမြည်းမျိုးစုံကိုလည်း မြည်းစမ်းနိုင်ပါသေးတယ်။

bar in insein

Photo: Facebook

ကွီးတို့အသည်းစွဲ ရှီရှာ၊ ဘီယာမျိုးစုံအပြင် ကော့တေးမျိုးစုံ၊ ဝီစကီ အစရှိတဲ့ အယ်လ်ကိုဟောဖျော်ရည်များကိုလည်း စိတ်ကြိုက်မှာယူသောက်သုံးနိုင်ပါတယ်။

Exotic BBQ & Restaurant

အင်းစိန် ဘား စားသောက်ဆိုင်

Photo: Facebook

ဘီယာလေး၊ ဝီစကီလေး သောက်ရင်း အရသာရှိတဲ့ အမြည်းကောင်းကောင်းလေးတွေပါ မြည်းစမ်းချင်တယ်ဆိုရင်တော့ Exotic BBQ & Restaurant သို့ အရောက်သွားသင့်ပါတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ အမှတ် (၇၇)၊ အင်းစိန်လမ်း၊ ခဝဲခြံ (၁) လမ်းအနီးမှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ မရမ်းကုန်းမြို့နယ်ထဲမှာဆိုပေမယ့် အင်းစိန် နဲ့ မလှမ်းမကမ်းမှာ တည်ရှိတဲ့ ဘား နှင့် စားသောက်ဆိုင် တစ်ခုပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၉ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

ဆိုင်မှာ မစားဘဲ အိမ်မှာပဲ မှာယူစားသောက်ချင်တယ်ဆိုရင်လည်း FoodPanda ကနေ Delivery နဲ့ မှာယူနိုင်ပါသေးတယ်။

ဘီယာလား၊ ကော့တေးလား။ ကွီးတို့ ကြိုက်တာရွေးလိုက်ရုံပါပဲ။ အမြည်းတွေကလည်း ကချင်းငါးပေါင်း၊ ဝက်သုံးထပ်သားကင်၊ ဝက်သုံးထပ်သားစီချွမ်၊ ဝက်ဂုတ်သားကင်သုပ်အပြင် သားသတ်လွတ်သမားများအတွက်လည်း ဟင်းလျာပေါင်းစုံ မြည်းစမ်းနိုင်အောင် စီစဉ်ထားပေးပါသေးတယ်။

Iceland Rooftop Bar & Restaurant

အင်းစိန် ဘား စားသောက်ဆိုင်

Photo: Facebook

ခပ်မိုက်မိုက် Rooftop Bar လေးမှာ ထိုင်ချင်တယ်ဆိုရင်တော့ Iceland Rooftop Bar & Restaurant လေးကိုသာ သတိရလိုက်ပါ။ ဆိုင်ရဲ့ တည်နေရာကတော့ အမှတ် (၁၂၃၊ ၁၂၄) ၊ ပြည်လမ်း၊ ၁၀ မိုင်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

အင်းစိန် ဘား စားသောက်ဆိုင်

Photo: Facebook

ဆိုင်မှာ ကော့တေးမျိုးစုံအပြင် ပရိုမိုးရှင်းမျိုးစုံကိုလည်း အမြဲတမ်း ပြုလုပ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပါ။ ဒါ့အပြင် Live Music လည်းရှိတဲ့အတွက်ကြောင့် လေတဖြူးဖြူးမှာ ကော့တေးလေးသောက်ရင်း၊ သီချင်းလေး နားထောင်ရင်း အေးဆေး Chill နိုင်ပြီပေါ့။

အခုဖော်ပြသွားတာတွေကတော့ အင်းစိန် မြို့နယ်ထဲက အေးအေးဆေးဆေးနဲ့ Chill လို့ကောင်းတဲ့ ဘား နှင့် စားသောက်ဆိုင် တွေပဲဖြစ်ပါတယ်။

ကွီးတို့ရော အင်းစိန်ထဲက ဘယ်ဆိုင်တွေမှာ ထိုင်ရတာကို နှစ်သက်ပါသလဲ။

Featured Image: Exotic