မြို့တိုင်း မြို့တိုင်းမှာ အထင်ကရ နာမည်ကြီး ဘားနှင့် စားသောက်ဆိုင်တွေ အသီးသီးရှိကြပါတယ်။ တစ်ခါလောက် ထိုင်ဖူးလိုက်တာနဲ့ ထပ်ခါတလဲလဲ သွားထိုင်ချင်အောင် ဆွဲဆောင်နေတဲ့ ဘားတွေကလည်း မနည်းမနောပါပဲ။ ဒီလိုမျိုး တစ်ခါလောက် ခြေချ လိုက်တာနဲ့ ပြန်မထွက်ချင်လောက်အောင် ဘားနှင့် စားသောက်ဆိုင်တွေက ဘယ်လို ပြုစား ထားတယ်ဆိုတာ ကွီးတို့ သိပါသလား။

မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ပါ။ အခုဖော်ပြပေးမယ့် ဘားနှင့် စားသောက်ဆိုင်တွေက ကွီးတို့ ခြေချ ပြီးတာနဲ့ ဆိုင်ထဲမှာပဲ တစ်သက်လုံး ထိုင်ချင်သွားအောင် ဒီနည်းလမ်းများနှင့် ပြုစား ထားတာပဲဖြစ်ပါတယ်။

NINJA BAR

NINJA BAR

Photo: Facebook

ဒီဆိုင်လေးရဲ့ တည်နေရာကတော့ အမှတ် (၂၁)၊ ပန်းခြံလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ စမ်းချောင်း Spirit ဘေးလမ်း၊ ပဒုမ္မာလမ်းထဲ ဝင်ပြီး ညာဘက်ခြမ်းက G&G Express ရှိတဲ့ မင်္ဂလာလမ်းကနေ နောက်ထပ် ၃ လမ်းမြောက်က ဆိုင်ပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနံ ၁၁ နာရီခွဲကနေ ည ၁၀ နာရီခွဲအထိပဲဖြစ်ပါတယ်။

ဒီ NINJA BAR ကတော့ ခြေချ လိုက်တာနဲ့ ပြန်မထွက်ချင်အောင်လို့ Birthday Born ပရိုမိုးရှင်းနဲ့ ပြုစား ထားတာပဲဖြစ်ပါတယ်။ မှတ်ပုံတင်ကဒ်လေး ပြလိုက်တာနဲ့ Kettle Cocktail ၃ လီတာ ၁ အိုး လက်ဆောင် ရရှိမှာဖြစ်ပါတယ်။ ရွေးချယ်စရာ Party Combo Set ကလည်း (၃) မျိုးရှိပြီး မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်လိုက်တာနဲ့ Kettle Cocktail ၃ လီတာ ၁ အိုး ရရှိမှာမို့လို့ ဇန်နဝါရီလမှာမွေးတဲ့ သူငယ်ချင်းတစ်ယောက်ယောက်ကို အမြန်ဆုံး ချောဆွဲလိုက်ပါတော့။

NINJA BAR

Photo: Facebook

ဒီပရိုမိုးရှင်းအပြင် NINJA BAR ရဲ့ ထိုင်တိုင်းမယ့် Double Triple Promotion လည်း ရှိတာကြောင့် ဒီဘားကတော့ ဘားချစ်သူများကြားမှာ ရေပန်းစားနေရခြင်းပဲဖြစ်ပါတယ်။ ထိုပရိုမိုးရှင်းကတော့ ၁ လထဲ ၂ ကြိမ်မြောက် လာတာနဲ့ 5% ဒစ်စကောင့်ရရှိမှာဖြစ်ပြီး ၁ လထဲ ၃ ကြိမ်မြောက်လာပြီဆိုတာနဲ့ 10% ၊ ၄ ကြိမ်မြောက်အတွက် 15% ၊ ၅ ကြိမ်မြောက်အတွက် 20% ဆိုပြီး ဒစ်စကောင့်တွေ ရရှိမှာဖြစ်ပါတယ်။

AREA 51

ခြေချ ပြုစား

Photo: Facebook

နာမည်ကတော့ ကြားလိုက်တာရုံနဲ့တင် စိတ်ဝင်စားဖို့ ကောင်းနေတာအမှန်ပါပဲ။ အမေရိကန်နိုင်ငံထဲက Area 51 ထဲကလို ထူးဆန်းတဲ့ ဂြိုလ်သားတွေတော့ မရှိပေမယ့် အကောင်းစား ဘီယာ၊ ဝီစကီနှင့် အမြည်းများကတော့ ကွီးတို့ကို စောင့်ကြိုနေပါလိမ့်မယ်။

အသောက်တစ်လိုင်းတွေ အတွက်လည်း ဇန်နဝါရီ ပရိုမိုးရှင်းလည်းရှိပါတယ်။ ထိုပရိုမိုးရှင်းတော့ ဘီယာ ၁ တာဝါ ဝယ်တာနဲ့ ကြက်တောင်ပံကြော် (သို့) ကြက်ကြွပ်ကြော် (သို့) ကြက်ရေခွံကြော် အမြည်းတစ်ပွဲ လက်ဆောင်ရမှာဖြစ်ပြီး စုစုပေါင်းမှ ၂၉၀၀၀ ကျပ်သာ ကုန်ကျမှာဖြစ်ပါတယ်။ ဒါ့အပြင် တေးဂီတတင်ဆက်မှုနဲ့ အေးဆေးငြိမ့်ချင်တယ်ဆိုရင်တော့ အပတ်စဥ် သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့တိုင်း Unplugged Live Music အစီအစဥ်လေးလည်း ရှိပါသေးတယ်။

ခြေချ ပြုစား

Photo: Facebook

ပရိုမိုးရှင်းက ဒီတစ်ခုပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Happy Hour ပရိုမိုးရှင်းလေးလည်း ရှိပါသေးတယ်။ အပတ်စဥ် အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြသပတေးနေ့တိုင်းမှာ ညနေ ၅ နာရီကနေ ၈ နာရီအတွင်း လာရောက်သူများအနေနဲ့ Buy 1, Get 1 Free ဘီယာ ပရိုမိုးရှင်းလေးလည်း ရှိပါသေးတယ်။

ဒီဆိုင်လေးမှာ ထိုင်ချင်တယ်ဆိုရင်တော့ စမ္မစေတီလမ်းနှင့် လင့်လမ်းထောင့်၊ ဗဟန်းမြို့နယ်သို့ အမြန်ဆုံးနည်းနဲ့ UFO ကြီး စီးပြီးသာ လှိမ့်လိုက်ကြတော့ဗျို့။

Featured Image: Facebook