အမြည်းတကာ့ အမြည်းထဲမှာ ဘာဘီကျူး အမြည်းကို အကြိုက်ဆုံးပဲ ဆိုတဲ့ ကွီးတို့အတွက် ဘာဘီကျူး ဘား တွေက စောင့်ကြိုနေပါတယ်။ ဘီယာလေးသောက်ရင်း ဘာဘီကျူး အမြည်းလေးနဲ့ တစ်ခွက် တစ်ဖလားလောက် ကစ်ချင်တဲ့ ကွီးတို့အတွက် ရန်ကုန်မြို့မှာသာမက မန်းမြေမှာလည်း ဘာဘီကျူး ဘား များရှိပါသေးတယ်။

စိတ်ဝင်စားတဲ့ ဘာဘီကျူး နှင့် ဘီယာ ချစ်သူများအတွက် အခုဖော်ပြပေးမယ့် ဘား တွေဆီသို့ တစ်ခါတစ်ခေါက်လောက် အလည်သွားနိုင်ပါတယ်။

The Best Choice BBA, Bar & Thai Restaurant

ဘာဘီကျူး ဘား

Photo: Facebook

ဒီဆိုင်လိပ်စာကတော့ အမှတ် (၆၆)၊ ကန်လမ်း၊ (၁၀) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိပဲဖြစ်ပါတယ်။ ထိုင်းစတိုင်လ် ဘာဘီကျူးလေးတွေကို မြည်းစမ်းရင်း ဘီယာလေးနဲ့ မော့ချင်သူများအတွက် The Best Choice BBA, Bar & Thai Restaurant ကို ရွေးချယ်နိုင်ပါတယ်။

ထိုင်စတိုင်လ် အကင်အပြင် ကျိုင်းတုံအကင်တွေကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။ အကင်များအပြင် အခြားသော အစားအစာများဖြစ်တဲ့ ပင်လယ်စာလင်ဗန်း၊ ငါးသံပုရာပေါင်းကကတစ်၊ ပြောင်းဖူးထောင်း အစရှိတဲ့ အမြည်းမျိုးစုံကိုလည်း မှာယူစားသုံးနိုင်ပြီး အကောင်းစား ဘီယာများကိုလည်း မှာယူသောက်သုံးနိုင်ပါသေးတယ်။

Overtime Bar & B.B.Q

ဘာဘီကျူး ဘား

Photo: Facebook

နောက်ထပ်တစ်ဆိုင်ကတော့ အထက်ပုစွန်တောင် လမ်းမကြီး၊ Makro မျက်စောင်းထိုးမှာ တည်ရှိတဲ့ Overtime Bar & B.B.Q ပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မွန်းလွဲ ၂ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။ ကြိုတင်ဘိုကင် တင်ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 09408888344 သို့ ဆက်သွယ်နိုင်ပါတယ်။

ကွီးတို့က ဘီယာ တာဝါ ကြိုက်တာလား (သို့) ရှီရှာ ကြိုက်တာလား။ ကိုယ့်ရဲ့ အကြိုက်ပေါ် မူတည်ပြီး ရွေးချယ်နိုင်တဲ့ Package (၄) မျိုးရှိပါတယ်။ Package Set (၄) မျိုးရှိပြီး ပထမ Set (၃) မျိုးကတော့ အကောင်းစား ဘီယာ ဝီစကီများနှင့် အမြည်းများ ပါဝင်ပြီး ဘီယာအမျိုးအစားအလို ဈေးနှုန်းအနည်းငယ် ကွာသွားမှာပဲဖြစ်ပါတယ်။ Set D ကတော့ Black Label နှင့် ရှီရှာကို အမြည်း သုံးမျိုးဖြင့် ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ ရွေးချယ်စရာ စုံလင်တယ်ဆိုတော့ ကွီးတို့အကြိုက်ပဲပေါ့။

Beerlogy Bar, BBQ and Restaurant

 

Beerlogy

Photo: Facebook

Beerlogy Bar, BBQ and Restaurant ရဲ့ တည်နေရာကတော့ အမှတ် (၂၆)၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီကနေ ည ၉ နာရီခွဲအထိဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ အကင်အပြင် အခြားသော အမြည်းမျိုးစုံ ရရှိနိုင်တဲ့အပြင် ဘီယာ တစ်ခုတည်းတင် မကဘဲ ကော့တေးမျိုးစုံကိုလည်း ကွီးတို့စိတ်ကြိုက် မှာယူသောက်သုံးနိုင်ပါတယ်။ ဒါ့အပြင် တေးဂီတ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်တဲ့အတွက်ကြောင့် ကွီးတို့လည်း ဘားထိုင်ရင်း စိတ်လက်အပန်းဖြေနိုင်ပါတယ်။

Kung Fu – Chinese BBQ

Kung Fu – Chinese BBQ

Photo: Facebook

နောက်ဆုံး ပြောပြပေးချင်တဲ့ ဆိုင်ကတော့ မန္တလေးမြို့ပေါ်က ဆိုင်ပဲဖြစ်ပါတယ်။ ဆိုင်နာမည်ကတော့ Kung Fu – Chinese BBQ ပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၃ နာရီမှ ည ၉ နာရီအထိဖြစ်ပါတယ်။ ဆိုင်ခွဲများက မန်းလေးမြို့မှာတင် (၄) ဆိုင်တောင် ရှိတာဆိုတော့ ကွီးတို့ ကြိုက်နှစ်သက်တဲ့ ဆိုင်မှာ ထိုင်နိုင်ပါတယ်။ ဆိုင် (၁) ကတော့ ၃၇လမ်း၊ ၆၃ × ၆၄လမ်းကြား၊ မန္တလေး။ ဆိုင် (၂) ကတော့ ၂၇လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေး။ ဆိုင် (၃) ကတော့ ၆၈ လမ်း၊ ၁၀၁ လမ်းနှင့် ၁၀၂ လမ်းကြား၊ မန္တလေးနှင့် ဆိုင် (၄) ကတော့ ၇၃ လမ်း၊ ၁၀၅ × ၁၀၆ လမ်းကြား၊ မင်္ဂလာမန္တလေး၊ ဘလော့ ၃၊ ယူနစ် ၁ တို့ပဲဖြစ်ပါတယ်။

မာလာနံ့လေး သင်းလေးနတဲ့ အကင်မွှေးမွှေးလေးကို တစ်ကိုက်လောက်ကိုက်ရင်း ဘီယာအေးအေးလေးကို တစ်ကျိုက်လောက် မော့ကာ စိတ်ဖိစီးစရာများကို မျောချလိုက်ချင်တယ်ဆိုရင်တော့ Kung Fu – Chinese BBQ ဆီသို့သာ အရောက်လှမ်းသွားလိုက်ပါ။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဘာဘီကျူး ဘား ဆိုင်တွေထဲက ဘယ်ဆိုင်တွေမှာ ထိုင်ဖူးပါသလဲ။

Featured Image: Beerlogy