မိမိ ခြံဝန်း ထဲမှာ ပါတီ ပွဲ ကျင်းပတဲ့အခါ အမိုက်စား ပါတီပွဲတစ်ခုဖြစ်ဖို့ရန်အတွက် ကိုယ့်ဘက်က အကောင်းဆုံး ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ခြံဝန်းထဲမှာ ပါတီပွဲ ကျင်းပတာဖြစ်တဲ့အတွက်ကြောင့် ပါတီဂိမ်းတွေသည်လည်း မရှိမဖြစ်ထည့်သွင်းသင့်တဲ့ အရာတစ်ခုပါပဲ။

ခြံဝန်း ထဲမှာ ဘယ်လို ပါတီ ဂိမ်းတွေကို ဆင်နွှဲနိုင်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ဘလော့ဂိမ်းများ

ခြံဝန်း ပါတီ

ဘလော့ဂိမ်းများသည်လည်း ဆော့လို့အကောင်းဆုံး ဂိမ်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ အောက်ခြေညီတဲ့ စားပွဲခုံလေး တစ်လုံးသာ ချထားလိုက်ပါ။ ထိုစားပွဲခုံပေါ်မှာ ဆော့ကစားမယ်ဆိုရင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းမှာပဲ ဖြစ်ပါတယ်။

ဘီယာခွက်များနှင့် ဂိမ်းဆော့ကြမယ်

ခြံဝန်း ပါတီ

ဘီယာခွက်များကို အစီအရီလိုက် စီထားပြီးနောက် ပင်ပေါင် ဘောလုံးများကို ထိုဘီယာခွက်ထဲသို့ ပစ်ထည့်ရမှာ ဖြစ်ပါတယ်။ အများဆုံး ဝင်အောင်ပစ်နိုင်တဲ့သူက ဘယ်လိုဆုအမျိုးအစား ရမလဲဆိုတာကိုပါ တစ်ခါတည်း ကြေညာထားလိုက်မယ်ဆိုရင်တော့ ပိုပြီး စိတ်ဝင်စားကာ ပျော်ဖို့ ကောင်းပါလိမ့်မယ်။

ရေဘောလုံးများနှင့် ပစ်ကြမယ်

ခြံဝန်း ပါတီ

ဒီဂိမ်းလေးကလည်း ရိုးရိုးရှင်းရှင်း ဂိမ်းလေးတစ်ခုပါပဲ။ ပါတီမစခင်မှာ ပူဖောင်းထဲတွင် ရေအပြည့် ဖြည့်ထားလိုက်ပါ။ ပြီးရင် ရေပူဖောင်းနဲ့ တစ်ယောက်ကို တစ်ယောက် ပစ်ခတ်ဆော့ကစားလို့ရပါတယ်။

ခွက်များကို မှောက်ရတဲ့ ဂိမ်းမျိုး ဆော့ရအောင်

ခွက်များကို မှောက်ရတဲ့ ဂိမ်းမျိုး ဆော့ရအောင်

ဘီယာခွက်အလွတ်ထဲသို့ ပင်ပေါင်ဘောလုံးလေး ပစ်ရတဲ့ ဂိမ်းကလည်း စိတ်ဝင်စားဖို့ကောင်းသလို ဒီဂိမ်းလေးသည်လည်း လွယ်ကူပြီး ဆော့ရတာ ပျော်ဖို့ကောင်းပါတယ်။ အရင်ဦးဆုံး ဘီယာခွက်ထဲတွင် ဘီယာအနည်းငယ် ဖြည့်ထားလိုက်ပါ။ ထို့နောက် ကစားမယ့်သူက ဘီယာကို ကုန်အောင် သောက်ပစ်လိုက်ပါ။ ထို့နောက် ထိုဘီယာခွက်ကို အပေါ်သို့ မြှောက်ပစ်လိုက်ပါ။ ပြန်ကျလာတဲ့အခါ ဘီယာခွက်သည် မှောက်လျက်သားလေး ပြန်ကျလာမယ်ဆိုရင်တော့ အနိုင်ရပါပြီ။ အသင်းတစ်သင်းရှိ အဖွဲ့ဝင်များအားလုံးက ထိုကဲ့သို့ ပြုလုပ်နိုင်မယ်ဆိုရင်တော့ ထိုအသင်း အနိုင်ရမှာဖြစ်ပါတယ်။

ဘားတန်းအောက်မှာ ဖြတ်လျှောက်ရတဲ့ Limbo ဂိမ်း

Limbo

အရင်ဦးဆုံး ဘားတန်းတစ်ခုကို အမြင့်ဆုံး နေရာမှာထားပါ။ ထိုအောက်ကနေ ဘားတန်း မပြုတ်ကျအောင် ဖြတ်လျှောက်ပါ။ ထို့နောက် ဘားတန်းကို နောက်တစ်ထစ် နိမ့်ချလိုက်ပါ။ ထိုအောက်ကနေ ဘားတန်း မပြုတ်ကျအောင် ဖြတ်လျှောက်ပါ။ ဒီလိုနဲ့ တဖြည်းဖြည်းချင်းစီ ဘားတန်းကို နှိမ့်ချပေးရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ဘားတန်းမပြုတ်ကျအောင် လျှောက်နိုင်သူက အနိုင်ရပါလိမ့်မယ်။

Source: Delish

Featured Image: Housebeautiful