ချစ်ရသူအတွက် အထိမ်းအမှတ် ပါတီ လေးကို အမှတ်တရ အနေနဲ့ လုပ်ပေးချင်ပါသလား၊ ဒါမှမဟုတ် ကွီးတို့ရဲ့ အောင်မြင်မှု တစ်ခုခု အတွက် မိတ်ဆွေ အပေါင်းအသင်းတွေ ဆုံပြီး အပျော်တွေကိုဝေမျှ ချင်ပါသလား။ ဘယ်လိုပဲ ဖြစ်ဖြစ် ပါတီဆိုတာ စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းတဲ့ ပွဲတစ်ခုပါ။ ဘယ်လို အကြောင်းကြောင့်နဲ့ပဲ ဖြစ်ပါစေ ပါတီပွဲကျင်းပဖို့ စီစဉ်နေတဲ့ ကွီးတို့အတွက် လုံးဝကို မမေ့နိုင်စရာ အမှတ်တရ ပါတီလေးတစ်ခု ဖန်တီးနိုင်ဖို့ သိထားရမဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။ 

(၁) ဘယ်လိုပါတီ အမျိုးအစားလုပ်မလဲ ဆုံးဖြတ်ပါ

အမှတ်တရ ပါတီလေးတစ်ခု

Photo : Forbes 

ကွီးတို့အနေနဲ့ အမှတ်တရ ပါတီလေးတစ်ခု ဖန်တီးမယ်ဆိုရင် ပထမဆုံး အနေနဲ့ ဘယ်လို ပါတီ အမျိုးအစားလုပ်ရမလဲဆိုတာ ဆုံးဖြတ်ရပါမယ်။ မိသားစုတွေ ရင်းနှီးရတဲ့ သူတွေနဲ့ အိမ်တွင်းပါတီပဲ လုပ်မလား၊ ဒါမှမဟုတ် အရသာရှိတဲ့ ဝိုင်တွေကို မြည်းစမ်းရင်း ကွီးတို့ရဲ့  ချိုမြိန်တဲ့ အောင်မြင်မှုတွေကို ဝေမျှတဲ့ ဝိုင်ပါတီလုပ်မလား၊ အစားတလိုင်း သမားလေးတွေ သဘောကျသွားစေမဲ့ BBQ ပါတီလုပ်မလား စသည်ဖြင့် ဆုံးဖြတ်ပါ။ 

(၂) ပါတီပွဲ ကျင်းပမဲ့နေရာနဲ့ အချိန်ကို သတ်မှတ်ပါ

အမှတ်တရ ပါတီလေးတစ်ခု

Photo : Dwor Choriny

ပါတီပွဲ ကို ဘယ်လို ပါတီအမျိုးအစားလုပ်မယ်ဆိုတာ ဆုံးဖြတ်ပြီးရင် ပါတီပွဲလုပ်မဲ့နေရာကို ရွေးချယ်ပါ။ ကွီးတို့ဖိတ်ကြားမဲ့ ဧည့်သည်အရေအတွက်နဲ့ ကိုက်ညီတဲ့အနေရာမျိုးကို ရွေးပါ။ ထို့နောက် ပါတီပွဲ စတင်ကျင်းပမဲ့ အချိန်ကိုသတ်မှတ်ပြီး ဧည့်သည်များကို ဖိတ်ကြားပါ။ 

(၃) တေးဂီတ ကိုရွေးချယ်ပါ

အမှတ်တရ ပါတီလေးတစ်ခု

Photo : Your Tango 

ကွီးတို့ရေ မမေ့နိုင်စရာ အမှတ်တရ ပါတီလေးတစ်ခု ဖြစ်ဖို့ဆိုရင် ပါတီမှာ ဖွင့်မဲ့သီချင်းရွေးချယ်ဖို့ကလည်း အရေးကြီးပါတယ်။ ပါတီနဲ့ တေးဂီတဆိုတာ ခွဲခြားလို့မရအောင် အမြဲဒွန်တွဲနေတာပါ။ ကွီးတို့အနေနဲ့ နောက်ခံတေးဂီတပဲဖြစ်ဖြစ်၊ DJ ပဲဖြစ်ဖြစ် ကိုယ်ဖိတ်ထားတဲ့ ဧည့်သည်တွေနဲ့ လိုက်ဖက်တဲ့ တေးဂီတကို တီးခတ်တာက ပျော်စရာကောင်းတဲ့ ပါတီအငွေ့အသက်ကို ဖန်တီးပေး နိုင်ပါတယ်။ 

(၄) အဖျော်ယမကာများနဲ့ အစားအသောက်များကို ပြင်ဆင်ပါ 

party

Photo : Nature’s Path

ပါတီပွဲမှာ တည်ခင်းဧည့်ခံဖို့ ဆိုရင် အဖျော်ယမကာများကလည်း မရှိမဖြစ်ပါပဲ။ အဖျော်ယမကာများက ကွီးတို့ရဲ့ ပါတီကို ပိုမိုတတ်ကြွစေပါတယ်။ ပါတီနဲ့ လိုက်ဖက်တဲ့အဖျော်ယမကာများကို ပြင်ဆင်ပြီး တွဲဖက်စားသောက်ဖို့ အစားအသောက်တွေပါ ပြင်ဆင်ထားရှိပါ။ 

(၅) ပျော်ရွင်ဖွယ် အစီအစဉ်များထည့်သွင်းပါ 

Party

Photo : The Spruce 

ကွီးတို့ရဲ့ ပါတီကို ပိုမို အသက်ဝင်စေဖို့ဆိုရင် ဧည့်သည်တွေပါ ပါဝင်နိုင်တဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းလေးတွေ၊ မျက်လှည့်ပွဲ အသေးစားလေးတွေ စသည်ဖြင့် ထည့်သွင်းလို့ရပါတယ်။ ကြွရောက်လာကြတဲ့ ဧည့်သည်တွေ အပါအဝင် ကွီးတို့အတွက်ပါ  ပျော်ရွှင်စိတ်လှုပ်ရှားစေပြီး အမှတ်တရ ဖြစ်စေမှာပါ။ 

အခု ဖော်ပြပေးလိုက်တာကတော့ လုံးဝကို မမေ့နိုင်စရာ အမှတ်တရ ပါတီလေးတစ်ခု ဖန်တီးချင်တဲ့ ကွီးတို့အတွက် ပြင်ဆင်ရမဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ ထိုအပြင် ကွီးတို့စိတ်တိုင်းကျ အခြား၊ အခြားသော ပျော်ရွှင်ဖွယ် ပါတီနဲ့ လိုက်ဖက်တဲ့ အစီအစဉ်လေးတွေလည်း ထည့်သွင်းလို့ ရပါသေးတယ်။  

Featured Photo : Home ToGo