ကွီးတို့ရေ…အိမ်တွင်းအောင်းနေရတဲ့သူတွေလည်း အိမ်တွင်းအောင်းရတာ စိတ်ညစ်နေကြမှာဖြစ်သလို ရုံးနဲ့ အိမ်၊ အိမ်နဲ့ ရုံးနဲ့ပဲ လုံးလည်ချာလည်လိုက်နေတဲ့ ကွီးတို့လည်း စိတ်ညစ်နေကြမှာ အမှန်ပါပဲ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ညစ်နေတာတွေကို ဖြေဖျောက်ပေးမယ့် နေရာ လေးတွေ၊ ကွီးတို့ အသည်းခိုက်ကာ အ ကြိုက် တွေ့သွားမယ့် နေရာအချို့ကို ညွှန်းပေးချင်ပါတယ်။

ဒီနေရာတွေက ခေတ်နဲ့အညီ လိုက်လျောညီထွေစွာနေတတ်တဲ့ ကွီးတို့ပဲ သိကြမှာဖြစ်ပြီး တာဇံ တွေကတော့ ဒီ နေရာ တွေကို ကြိုက် မှာ မဟုတ်ပါဘူး။

ကွီးတို့လည်း ကိုယ့်ကိုယ်ကိုယ် တာဇံလား၊ ခေတ်မီနေတဲ့ ဘီးကျဲလားဆိုတာ ဒီဆောင်းပါးလေးကနေတဆင့် စစ်ဆေးနိုင်ပါတယ်။

Drunk Story Bar & Grill

Drunk Story

Photo: Facebook

ဘီယာချစ်သူကွီးတို့အတွက် Drunk Story Bar & Grill က လတ်တလောမှာ အမိုက်စား ပရိုမိုးရှင်းလေး ချပေးနေပါတယ်။ ပရိုမိုးရှင်း ကာလလေးကတော့ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိပဲဆိုတော့ မြန်မြန်သွားမှ စိတ်ချရမှာနော်။

ထိုအစီအစက်လေးကတော့ ဘီယာ တစ်တာဝါ (၁၀ ခွက်) မှာတဲ့ သူတိုင်းကို ကြက်စအုကြော်၊ ငါးခေါင်းဟင်းချို၊ အာလူးကြံမဆိုင် စတဲ့ အမြည်း ၃ မျိုး အဝစား၊ ဖရီးကျွေးမယ့်အပြင် အမြည်းကုန်သွားရင်လည်း ထပ်ချပေးဦးမှာဖြစ်ပါတယ်။ အချိန်ကတော့ နေ့လည် ၃ နာရီကနေ ည ၈ နာရီအထိပဲဖြစ်တာကြောင့် မြန်မြန်သွားထားဖို့ လိုမယ်နော်။

Drunk Story

Photo: Facebook

ဆိုင်လိပ်စာကတော့ အမှတ် (၃၅၃) ၊ ပြည်သာယာလမ်းမပေါ် (သုဒဿနလမ်းထိပ်)၊ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။ အကင်မျိုးစုံအပြင် လျှာကျွမ်းပြန်သွားစေမယ့် အမြည်းမျိုးစုံလည်း ရှိတဲ့အတွက်ကြောင့် ကွီးတို့ စိတ်ကြိုက် အပီလွေးလို့ရပါတယ်။ သောက်ရင်းနဲ့ ပျင်းလာတဲ့အခါ ဂစ်တာတီးပြီး သီချင်းဆိုလို့လည်း ရပါသေးတယ်။ ဒီလိုစွဲမက်စရာအစီအစဥ်လေးတွေလည်း ရှိတဲ့အတွက်ကြောင့် ဘီယာချစ်သူများက Drunk Story မှ Drunk Story ဖြစ်နေကြတာပဲဖြစ်ပါတယ်။

Inbox Bar & BBQ

နေရာ ကြိုက်

Photo: Facebook

Inbox Bar & BBQ ဆိုင်ရဲ့ တည်နေရာကတော့ အမှတ် (၁/၂၃၄) ၊ သံသုမာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မွန်းလွဲ ၃ နာရီကနေ ည ၁၁ နာရီအထိဖြစ်တာကြောင့် ရုံးဆင်းတဲ့အချိန်မှာ လမ်းကြုံ လှည့်ဝင်ချင်သူများအတွက် ကွက်တိပဲပေါ့။ Inbox ရဲ့ ထူးခြားချက်ကတော့ ဓာတ်ဖမ်းချင်သူများအတွက် Photo Spots လေး ဖန်တီးပေးထားခြင်းပဲဖြစ်ပါတယ်။

နေရာ ကြိုက်

Photo: Facebook

ဆိုင်ရဲ့ အပြင်အဆင်လေးတွေကလည်း မော်ဒယ်ဆန်တဲ့အတွက်ကြောင့် လူငယ်များအားလုံး အကြိုက်တွေ့ကြမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ တီဝိုင်းများနှင့် ဖျော်ဖြေတင်ဆက်မှုများလည်း ရှိတဲ့အတွက်ကြောင့် ပျင်းရတယ်ဆိုတာ မရှိပါဘူး။ ဒါ့အပြင် အသောက်တစ်လိုင်းအတွက် ဘီယာ၊ ဝီစကီ၊ ကော့တေးမျိုးစုံ၊ အစားတစ်လိုင်းများအတွက် ဆွေမျိုးမေ့သွားစေမယ့် အမြည်းမျိုးစုံကိုလည်း စိတ်ကြိုက် မြည်းစမ်းစားသုံးနိုင်ပါတယ်။

ကွီးတို့လည်း သင်္ဃန်းကျွန်းဘက် ရောက်ဖြစ်တယ်ဆို ဒီဆိုင်များဆီသို့ အရောက်သွားကြဖို့ လက်တို့လိုက်ရပါတယ်။

Featured Image: Facebook