ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးအတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ဘော်ဒါ မိတ်ဆွေ အတွက်ပဲဖြစ်ဖြစ် စပရိုက် ပါတီပွဲတစ်ခု ကျင်းပဖို့ စီစဥ်နေပါသလား။ ကိုယ့် ချစ်သူ ကောင်မလေးအတွက် စပရိုက် မွေးနေ့ပွဲ (သို့) ပရိုပို့စ် လက်ထပ်ခွင့်တောင်းဖို့ တိတ်တဆိတ် စပရိုက် ပါတီ စီစဥ် နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက် များကို သိထားသင့်ပါတယ်။

နေရာ ရွေးချယ်ပါ

party

အိမ်ထဲမှာပဲ ပြုလုပ်မှာလား (သို့မဟုတ်) နှစ်ဦးသားအတွက် အမှတ်တရဖြစ်စေတဲ့ နေရာမျိုးမှာ ရွေးချယ် ပြုလုပ်မှာလား ဆိုတာကို အရင်ဦးဆုံး စဥ်းစားလိုက်ပါ။ အိမ်မှာပဲ ပြုလုပ်မယ်ဆိုရင်လည်း ဘယ်အချိန် ကျင်းပမှာလဲ၊ သူ(မ)ကို အိမ်ပြင် ရောက်အောင် ဘယ်လို ပထုတ်ရမလဲ။ သူ(မ) အိမ်ပြင် ရောက်နေချိန်မှာ ပါတီ Decoration များအားလုံးကို ပြင်ဆင်ချိန် မှီပါ့မလား စတဲ့အရာတွေအတွက်လည်း ကြိုတင်စဥ်းစားထားဖို့ လိုအပ်ပါလိမ့်မယ်။

ဧည့်သည်များကို ဖိတ်ကြားပါ

party

ဧည့်သည်တွေကို ဖိတ်ကြားတဲ့အခါမှာ ပါတီပွဲရဲ့ အရေးကြီးဆုံး လျှို့ဝှက်ထားရမယ့်သူကို မပေါက်ကြားရအောင် ဖိတ်ကြားဖို့ လိုအပ်ပါတယ်။ ဆိုလိုတာကတော့ ဧည့်သည်တွေကို နှုတ်ပိတ်ထားဖို့ပါပဲ။ အကူအညီ လိုအပ်ပါက လူရင်းများထံ အကူအညီတောင်းနိုင်ပါသေးတယ်။

စပရိုက် ပါတီပွဲ မကြိုက်တဲ့သူအတွက်ဆိုရင်

စပရိုက် အချက်

တကယ်လို့ ကွီးတို့ရဲ့ ကောင်မလေးက စပရိုက် မကြိုက်ဘူးဆိုရင်တော့ အရိပ်အမြွက် အနည်းငယ် ပေးထားနိုင်ပါတယ်။ ဒါမှသာ စားသောက်ဆိုင် နှစ်ဆိုင်ကို မှားပြီး ဘိုကင်တင်ထားမိတဲ့ အခြေအနေမျိုးကနေ ရှောင်လွှဲနိုင်မှာပဲဖြစ်ပါတယ်။

အစားအစာများနှင့် ဖျော်ရည်များကို သေချာ ရွေးချယ်ပါ

စပရိုက် အချက်

Photo: Freepik

စပရိုက် ပါတီပွဲ အတွက် အရေးကြီးတဲ့ အချက် ကတော့ အစားအစာများနှင့် ဖျော်ရည်များပဲဖြစ်ပါတယ်။ အစားအစာများကိုတော့ ဘူဖေးစတိုင်လ် ပြင်ဆင်ပေးထားမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဖျော်ရည်များကိုတော့ အယ်ကိုဟော မကြိုက်တဲ့သူများအတွက် သစ်သီးဖျော်ရည်များလည်း ပြင်ဆင်ပေးထားသင့်ပါတယ်။ ဒါမှသာ လိုအပ်ချက်နှင့် လစ်ဟာမှုများ မရှိဘဲ ပြီးပြည့်စုံတဲ့ ပါတီပွဲတစ်ခုဖြစ်မှာပါ။

ကာယကံရှင် ကြိုက်နှစ်သက်တဲ့ အရာများဖြင့် ပြင်ဆင်ထားပါ

စပရိုက် အချက်

မွေးနေ့ပွဲ ဆိုလည်း မွေးနေ့ရှင်က လှပနေဖို့ လိုအပ်သလို ဘဝမှာ တစ်ခါသာ ပရိုပို့စ် လုပ်ခံရတဲ့အခါမှာလည်း လှပတဲ့ အခိုက်အတန့်လေး ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ ကောင်မလေးကို လှလှပပ ပြင်ဆင်လာခဲ့ဖို့ အရိပ်အမြွက် ပြောပြထားသင့်ပါတယ်။ နို့မဟုတ်ရင် အဓိက ဇာတ်ဆောင် မင်းသမီးက သူ့အတွက် ကျင်းပပေးတဲ့ စပရိုက် ပါတီပွဲမှာ မလှမပဖြစ်နေရင် ဝမ်းနည်းသွားရပါလိမ့်မယ်။

ပါတီ အပြင်အဆင်ကိုလည်း ကာယကံရှင် ကြိုက်နှစ်သက်တဲ့ ပုံစံအတိုင်း ပြင်ဆင်ပေးထားသင့်ပါတယ်။ ဥပမာ သူ(မ) ကြိုက်နှစ်သက်တဲ့ အဆိုတော်ရှိရင်လည်း ထိုအဆိုတော်ကို ကြိုတင် ဖိတ်ကြားထားကာ သူ(မ)ကို အံ့အားသင့်သွားအောင် ဖန်တီးနိုင်ပါတယ်။

အထက်ဖော်ပြပါ အချက်များကတော့ စပရိုက် ပါတီပွဲ ကျင်းပပေးချင်သူများအတွက် သိထားသင့်တဲ့ အချက် များပဲဖြစ်ပါတယ်။ ဒီအချက်များကို အသုံးပြုကာ ကာယကံရှင်အတွက် ဘဝမှာ အမှတ်တရဖြစ်စေမယ့် စပရိုက် ပါတီပွဲတစ်ခု ကျင်းပပြုလုပ်ပေးလိုက်ပါ။

Source: Tasteofhome

Featured Image: Freepik