ဘော်ဒါတွေစုပြီး Pool ပါတီ လေး ကျင်းပဖို့ တွေးနေပြီလား။ ကွီးတို့ Pool ပါတီလေး ကျင်းပမယ်ဆိုရင် အစားအသောက်နဲ့ အမိုက်စား ဂီတတွေအပြင် ပျော်စရာကောင်းတဲ့ ဂိမ်း အစီအစဉ်လေးတွေလည်း ထည့်သွင်းဖို့ မမေ့ပါနဲ့။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ရဲ့ Pool ပါတီ လေးကို ပိုပြီး ပျော်စရာကောင်းစေဖို့ ဘော်ဒါတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ဆော့ကစားနိုင်မယ့် ဂိမ်း လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ရေကူးကန် တင်းနစ်

Photo : Pinterest

Pool ပါတီမှာ ဆော့ကစားနိုင်မယ့် ပျော်စရာအကောင်းဆုံး ဂိမ်းတစ်ခုကတော့ ရေကူးကန် တင်းနစ် ကစားနည်းပဲ ဖြစ်ပါတယ်။ ဘော်ဒါတွေနဲ့ အုပ်စု ၂ စုခွဲပြီး တစ်ဖွဲ့စီကနေ တစ်ယောက်ချင်းစီ ယှဉ်ပြိုင်ကစားလို့ ရပါတယ်။

(၂) ရေကူးကန် ဘော်လီဘော

Photo : We Love Volleyball

ရေကူးကန် ဘော်လီဘော ကစားနည်းကတော့ Pool ပါတီတွေ ကျင်းပတဲ့အခါ အမြဲထည့်ကစားလေ့ရှိတဲ့ နာမည်ကြီး Classic ဂိမ်းတစ်ခုပါ။ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ပျော်ပျော်ပါးပါး ကစားလို့ ရပါတယ်။ ဘော်ဒါအချင်းချင်း နားလည်မှုရှိရှိနဲ့ တွဲဖက်ညီညီ ကစားရတဲ့ စိတ်လှုပ်ရှား ပျော်ရွှင်စရာ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၃) ရေကူးကန် ဘတ်စကက်ဘော

Photo : Bob Vila

Pool မှာ ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး ကစားလို့ရမယ့် နောက်ထပ်အမိုက်စား ပါတီဂိမ်းတစ်ခုကတော့ ရေကူးကန် ဘတ်စကက်ဘော ကစားနည်းပဲ ဖြစ်ပါတယ်။ ဂိမ်းကစားနည်းက အရမ်းကိုလွယ်ကူရိုးရှင်းတဲ့အပြင် ဘော်ဒါတွေနဲ့အဖွဲ့လိုက် ပေါ့ပေါ့ပါးပါး အပျော်ကစားလို့ရမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၄) ရေကူးကန် လွန်ဆွဲဂိမ်း

Photo : Public Service Division

ဒီဂိမ်းကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ လွန်ဆွဲနည်း ဂိမ်းလေး ဖြစ်ပါတယ်။ ရေကူးကန် ပါတီ မှာ ဘော်ဒါတွေနဲ့ အဖွဲ့လိုက် ပျော်ပျော်ပါးပါး ဆော့ကစားနိုင်မယ့် အကောင်းဆုံးဂိမ်းတစ်ခု ဖြစ်ပါတယ်။ အဖွဲ့ ၂ ဖွဲ့ခွဲပြီး ဘယ်သူတွေက အားပိုကြီးလဲ ၊ ဘယ်အဖွဲ့က ပိုပြီး ခံနိုင်ရည်အားကောင်းလဲဆိုတာကို စမ်းသပ်ရင်း ပျော်ပျော်ကြီး ဆော့ကစားရမယ့် ဂိမ်းလေးဖြစ်ပါတယ်။

Featured Photo : RISMedia