အားလပ်ရက်တွေမှာ ဘော်ဒါတွေ၊ ချစ်ခင်ရသူတွေ၊ လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး ပါတီ လေးတွေ ဆင်နွှဲရတာ တကယ်ကို စိတ်လှုပ်ရှား ပျော်ရွှင်စရာကောင်းလှပါတယ်။ ရာသီအလိုက် လိုက်ဖက်တဲ့ ပါတီတွေ ကျင်းပရတာ ပိုပြီးပျော်ဖို့ ကောင်းပါတယ်။ အခုလို ဆောင်းရာသီကတော့ ပါတီတွေလုပ်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ဆုံကာ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးဖို့ အချိန်ကောင်းလေးပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ဆောင်းရာသီ မှာ နွေးနွေးထွေးထွေး၊ ပျော်ပျော်ပါးပါး ဆင်နွှဲနိုင်ဖို့ ပါတီ အိုင်ဒီယာကောင်းများကို ဖော်ပြပေးချင်ပါတယ်။

မီးပုံပွဲ ပါတီ

ဆောင်းရာသီ ပါတီ

Photo : Family Life Share

ကွီးတို့ရေ ဆောင်းရာသီ မှာ ပျော်ပျော်ပါးပါး ဆင်နွှဲနိုင်ပြီး ဘယ်တော့မှ မရိုးတဲ့ ပါတီ အိုင်ဒီယာလေးကတော့ မီးပုံပွဲ ပါတီလေးပဲ ဖြစ်ပါတယ်။ မီးပုံပွဲ လေးလုပ်ဖို့အတွက် ကွီးတို့ ကမ်းခြေအထိ သွားစရာမလိုပါဘူး။ ကွီးတို့ရဲ့ ခြံဝန်းထဲမှာဖြစ်စေ ၊ အိမ်နောက်ဖေး နေရာလွတ်မှာ ဖြစ်စေ ပြုလုပ်လို့ရပါတယ်။

ကွီးတို့ အနေနဲ့ မီးပုံလေးတစ်ခု ပြုလုပ်ပြီး ပတ်ပတ်လည် ဝိုင်းထိုင်ကာ သီချင်းဆိုကြ၊ စကားပြောကြရင်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲပြီး မီးပုံက နွေးထွေးမှုနဲ့အတူ၊ ကွီးတို့ရဲ့ ခင်မင်မှုတွေပါ ခိုင်မာလာပါလိမ့်မယ်။ ဒါ့အပြင် အဖျော်ယမကာများ ၊ အစားအသောက် အစုံအလင်ကိုပါ ပြင်ဆင်ထားပါ။ မီးအဆင်သင့်ရှိတဲ့ အတွက် BBQ အကင်လေးတွေပါ တပျော်တပါး လုပ်စားလို့ရပါသေးတယ်။

ဝိုင်ပါတီ

ဆောင်းရာသီ ပါတီ

Photo : Vista Create

ဆောင်းရာသီမှာ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ဖြစ်စေ၊ ချစ်ခင်ရင်းနှီးရတဲ့သူတွေနဲ့ ဖြစ်စေ အေးအေးဆေးဆေး နဲ့ ပျော်ရွှင်စရာ အချိန်ကောင်းလေးတွေ ဖြတ်သန်းဖို့ဆိုရင်တော့ ဝိုင်ပါတီလေး ဖန်တီးခြင်းက စိတ်ကူးကောင်းပါပဲ။ ချစ်ခင်ရသူတွေနဲ့ အတူ အရသာရှိတဲ့ ဝိုင်ချိုချိုလေးတွေကို မြည်းစမ်းရင်း၊ ငြင်းခုန်ရင်းနဲ့ ဆောင်းလေ အေးအေးကြားထဲမှာ ကွီးတို့ကို ကြည်နှုးမှု၊ ပျော်ရွှင်မှု၊ နွေးထွေးမှု အပြည့်အဝ ပေးစွမ်းပါလိမ့်မယ်။

ဝိုင်ပါတီလေးမှာ ဝိုင်နဲ့လိုက်ဖက်တဲ့ အစားအသောက်တွေ၊ ဝိုင်သောက်ရင်း နားဆင်ဖို့ သီချင်းကောင်းလေးတွေကို ရွေးချယ် ပြင်ဆင်ရတာလည်း တကယ်ကို စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ဝိုင်ပါတီလေးကို လူများများနဲ့ ဖြစ်စေ၊ လူနည်းနည်းပဲ ဖြစ်စေ လုပ်လို့ရပါတယ်။

ဒင်နာပါတီ

party

Photo : Banter Zone

ကွီးတို့‌ရေ ဆောင်းရာသီ မှာ ပြုလုပ်ဖို့ ပါတီ အိုင်ဒီယာကောင်းလေးကတော့ ဒင်နာပါတီလေး ကျင်းပခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့ ချစ်ရတဲ့ မိသားစုပဲ သီးသန့်ဖြစ်စေ ၊ မိတ်ဆွေတွေနဲ့ ဖြစ်စေ အရသာရှိတဲ့ အစားအသောက်တွေ စားရင်း အေးဆေးဆေးဆေး ကျင်းပလို့ ရပါတယ်။ ဒင်နာပါတီလုပ်ခြင်းက ဆောင်းတွင်းမှာ မဆိုထားနဲ့ မည်သည့် ပွဲအတွက်မဆို၊ ဘယ်လိုအကြောင်းပြချက်အတွက်မဆို စိတ်ကူးကောင်းလေးပါပဲ။

တည့်ခင်းဧည့်ခံမဲ့ အစားအသောက်တွေအပြင် ဒင်နာပါတီလေး လုပ်မဲ့နေရာကို ကွီးတို့ စိတ်ကြိုက်အလှဆင်ပါ။ အလှပန်းအိုးလေးတွေ၊ မီးလုံးလေးတွေ ၊ ဖယောင်းတိုင်လေးတွေကိုလည်း ထည့်သွင်းပါ။ ဒင်နာ ပါတီဆိုတာ ညစာအတူစားကြပြီး ပျော်ရွှင်ကြည်နူးစရာ အချိန်လေးတွေ အတူမျှဝေကြတဲ့ အခိုက်အတန့်လေးပါ။ ဒီလို အခိုက်အတန့်လေးကို ပိုမိုသက်ဝင် လှုပ်ရှားစေဖို့ တေးဂီတတွေလည်း လိုအပ်ပါတယ်။ ဒင်နာပါတီနဲ့ လိုက်ဖက်မဲ့ ဂန္ဒဝင် သီချင်းလေးတွေကို ပြင်ဆင်ပါ။

အခု ဖော်ပြပေးလိုက်တဲ့ ပါတီ အိုင်ဒီယာကောင်းလေးတွေက ကွီးတို့ ချစ်ရသူတွေနဲ့အတူ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်နိုင်ဖို့ အထောက်အကူပြုမှာပါ။

Featured Photo : Vista Create