ကွီးတို့ရဲ့ ချစ်သူလေးနဲ့ အတူ ပျော်ရွှင်ကြည်နူးဖွယ် အချိန်လေး ဖန်တီးမယ်ဆိုရင် စိတ်ကူးယဉ်ဆန်တဲ့ ညစာစားပွဲလေး ဖန်တီးပေးခြင်းကလည်း တကယ်ကို စိတ်ကူးကောင်းတစ်ခုပါပဲ။ ကွီးတို့အနေနဲ့ စိတ်ကူးယဉ်ဆန်တဲ့ ညစာ စားပွဲလေး ဖန်တီးနိုင်ဖို့ စားသောက်ဆိုင် ရွေးချယ်ရာမှာ သိထားသင့်တဲ့ အချက်လေးတွေတော့ ရှိပါတယ်။

(၁) အစားအစာရွေးချယ်ပါ

ညစာ စားပွဲလေး

Photo : GosanAngelo

စိတ်ကူးယဉ်ဆန်တဲ့ ညစာ စားပွဲလေး ဖန်တီးနိုင်ဖို့ ဆိုရင် ပထမဆုံး စဉ်းစားရမှာကတော့ ဘယ်လို အစားအစားမျိုးကို ရွေးချယ်မလဲဆိုတာပါပဲ။ ကွီးတို့ရဲ့ ချစ်သူလေးကြိုက်တဲ့အစားအစာ ကိုရွေးချယ်မလား၊ ဒါမှမဟုတ် ၂ ယောက်လုံး ကြိုက်တဲ့ အစားအစာလားဆိုတာ အရင်ဆုံးဖြတ်ရပါမယ်။ ဒါမှမဟုတ် ရွေးချယ်ထားတဲ့ စားသောက်ဆိုင် က ရရှိနိုင်တဲ့ Menu ပေါ်မှာမူတည်ပြီး ရွေးချယ်မလား ဆိုတာ ဆုံးဖြတ်ပါ။ ဒါ့အပြင် ကွီးတို့ရဲ့ ပျော်ရွှင်ကြည်နူးဖွယ်အချိန်လေးကို ပိုမို အသက်ဝင်နိုင်ဖို့ ဝိုင် သို့မဟုတ် ရှန်ပိန် တစ်ခုခုကို ရွေးချယ်ထည့်သွင်းဖို့လည်း မမေ့ပါနဲ့။ အရေးကြီးတာ တစ်ခုကတော့ ကွီးတို့ ချစ်သူလေး မကြိုက်တဲ့ အစားအစာကို သတိထားပြီးရှောင်ပါ။

(၂) စားသောက်ဆိုင်ရဲ့ အေးဆေးတည်ငြိမ်မှု

ညစာ စားပွဲလေး

Photo : Evergreen Walls

ကွီးတို့ရဲ့ ရိုမန်တစ် ညစာစားပွဲလေး ပြီးပြည့်စုံစေဖို့ဆိုရင် အစားအသောက်ကဲ့သို့ပင် စားသောက်ဆိုင်ရဲ့ လေထုအခြေအနေကလည်း အရေးကြီးပါတယ်။ အကယ်၍ ကွီးတို့က ဆူညံနေပြီး လူအဝင်အထွက်များတဲ့ စားသောက်ဆိုင်မျိုးကို ရွေးချယ်မိရင် ကွီးတို့အတွက် အေးအေးဆေးဆေး ဖြတ်သန်းဖို့ အနှောင့်အယှက် ဖြစ်စေမှာပါ။ စိတ်ကူးယဉ်ဆန်တဲ့ ညစာစားပွဲလေး ကျင်းပနိုင်ဖို့ သီးသန့်ခန်းတွေ၊ Luxury စားသောက်ဆိုင်တွေကို မဖြစ်မနေရွေးချယ်ဖို့ မလိုပါဘူး။ အေးဆေးငြိမ်သက်ပြီး ကွီးတို့ အေးအေးဆေးဆေး စကားပြောလို့ရတဲ့ စားသောက်ဆိုင်မျိုးကို ရွေးချယ်ပါ။

(၃) တေးဂီတ

ညစာ စားပွဲလေး

Photo : The New York Time

ချစ်သူလေးနဲ့ စိတ်ကူးယဉ် ဆန်တဲ့ ညစာ စားပွဲလေး ကို ပိုမို အသက်ဝင်စေတာကတော့ တေးဂီတ လေးတွေပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ စားသောက်ဆိုင်ရွေးချယ်ကတည်းက ဘယ်လိုတေးဂီတမျိုးဖွင့်လေ့ရှိတဲ့ ဆိုင်မျိုးလဲဆိုတာ အရင်ဆုံးလေ့လာပါ။ ရိုမန်တစ်ဆန်တဲ့ ညစာစားပွဲနဲ့ အလိုက်ဖက်ဆုံးကတော့ ဂန္တဝင်တေးဂီတတွေ အချစ်သီချင်းအေးအေးလေးတွေ ပဲဖြစ်ပါတယ်။ စားသောက်ဆိုင်က ကိုယ်ဖွင့်စေချင်တဲ့ တေးဂီတကို တောင်းဆိုခွင့်ရှိရင် ကွီးအနေနဲ့ တေးသီချင်းအချို့ကို အစောထဲက ရွေးချယ်ထားရင် ပိုမိုအဆင်ပြေပါလိမ့်မယ်။

(၄) နေရာရွေးချယ်မှု

romantic dinner

Photo : Pinterest

ကွီးတို့ရေ စားသောက်ဆိုင်ရွေးချယ်ပြီးပြီဆိုရင် ကွီးတို့ထိုင်မဲ့ စားပွဲနေရာကို သေချာရွေးချယ်ပါ။ Rooftop လိုနေရာမျိုးလေးတွေ၊ Outdoor နေရာလေးတွေကို ရွေးချယ်ပါ။ ကွီးတို့ရဲ့ ကြည်နူးဖွယ်အချိန်လေးကို သဘာဝတရားကြီးကလည်း ပိုမို လှပအောင် ကူညီပေးပါလိမ့်မယ်။

(၅) ကြိုတင်နေရာမှာ ယူထားဖို့ မမေ့ပါနဲ့

romantic dinner

Photo : Yelp For Restaurants

ကွီးတို့ရေ စားသောက်ဆိုင်ရွေးချယ်ပြီးရင် ကွီးတို့လိုချင်တဲ့နေရာကို ကြိုတင်မှာယူထားဖိုမမေ့ပါနဲ့။ ဒါမှသာ ကွီးတို့ ညစာ စားပွဲလေးကျင်းပတဲ့နေ့မှာ နေရာမရတာမျိုး၊ ကိုယ်လိုချင်တဲ့နေရာ မဟုတ်တာမျိုး စတဲ့ စိတ်အနှောင့်အယှက်စရာတွေကို ရှောင်ရှားနိုင်မှာပါ။

ကွီးတို့ ချစ်သူလေးနဲ့အတူ စိတ်ကူးယဉ်ဆန်ပြီး ပြီးပြည့်စုံတဲ့ ညစာ စားပွဲလေး ဖန်တီးနိုင်ဖို့ စားသောက်ဆိုင် ရွေးချယ်ရာမှာ သိထားသင့်တဲအချက်တွေ ကိုဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။

Featured Photo : We are Gurgaon