ဘော်ဒါတွေနဲ့ ဘားထိုင်ပြီး ပျော်ပျော်ရွှင်ရွှင် အချိန်တွေကို ကုန်ဆုံးရင်းနဲ့ တစ်ပတ်တာ အမောတွေကို ဖြေဖျောက်တတ်တဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ ညနေခင်း နေညိုချိန်လေးက ထိုင်လို့ အကောင်းဆုံး အချိန်ပါပဲ။ ဒီနေ့မှာတော့ တမူထူးခြားတဲ့ Vibe ကို ပေးစွမ်းနိုင်ပြီး ထိုင်လို့ကောင်းတဲ့ ဘား နဲ့ စားသောက်ဆိုင် အလန်းစားလေးတွေကို တင်ဆက်ပေးမှာပါ။

Oo salt de Pinlon

တမူထူးခြားတဲ့ Vibe ဘား

Photo : Oo salt de Pinlon

ဘား အလန်းစားလေးတွေကို အမြဲရှာဖွေပြီး ထိုင်တတ်တဲ့ ကွီးတို့အတွက် တမူထူးခြားတဲ့ Vibe ကို‌ ပေးစွမ်းနိုင်မဲ့ မြောက်ဒဂုံက ရှိတဲ့ နာမည်ဆန်းဆန်းလေးနဲ့ Oo salt de Pinlon ဆိုတဲ့ ဘား လေးရှိပါတယ်။ ဒီ အသစ်စက်စက် ဘားလေးက ကွီးတို့ ချစ်သူလေးနဲ့ပဲ ထိုင်ထိုင်၊ ဘော်ဒါတွေနဲ့ပဲ ထိုင်ထိုင်၊ တကယ်ကို အဆင်ပြေပါတယ်။

တမူထူးခြားတဲ့ Vibe ဘား

Photo : Oo salt de Pinlon

ဒီဘားလေးမှာ လွတ်လွတ်လပ်လပ် အပေါ်ထပ်လေးမှာပဲ ထိုင်မလား၊ ဘား စတိုင်လ်လေးနဲ့ပဲ Chilll မလား၊ Garden View လေးကို ခံစားရင်းပဲ ထိုင်မလား၊ ကြိုက်ရာ ရွေးလိုက်ပါ ညိုကီတို့ရေ။ ဒါ့အပြင် သောက်စရာလေးတွေ အစုံအလင်နဲ့ အရသာရှိတဲ့ ဟင်းပွဲ Menu တွေကလည်း တကယ်ကို မြည်းစမ်း ကြည့်ချင်စရာဖြစ်ပြီး ဈေးတွေကလည်း တန်တယ်နော်။

ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၉၀၀)၊ ၃၆ ရပ်ကွက်၊ ပင်လုံလမ်း၊ မြောက်ဒဂုံမြို့နယ်၊ (ပင်လုံလမ်းမကြီးပေါ်၊ စစ်တောင်း City Mart အနီး) ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

B20 ROOF

bar

Photo : B20 ROOF

မြို့ထဲမှာ အေးအေးဆေးဆေး ထိုင်ပြီး လေပြေအေး‌လေးတွေ ခံစားလို့ရဖို့ ဆိုရင်တော့ ဗဟန်းမြို့နယ်ထဲမှာ B20 ROOF ဆိုတဲ့ ဘားလေး ရှိပါတယ်။ ဒီဘားလေးက အမိုးဖွင့် ဘားလေး ဖြစ်ပြီး လွတ်လွတ်လပ်လပ် ထိုင်ချင်တဲ့ ကွီးတို့အတွက်တော့ တကယ်ကို ရွေးချယ်သင့်တဲ့ ဘားလေးပါပဲ။ ညနေပိုင်း ဘော်ဒါတွေနဲ့ အပန်းဖြေရင်း စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့ ဒါမှမဟုတ် အချိန်ကောင်းလေးတွေ ဖန်တီးဖို့၊ နေရာကောင်း တစ်ခုလည်း ဖြစ်ပါတယ်။

bar

Photo : B20 ROOF

ဒီဘားလေးမှာတော့ အဖျော်ယမကာတွေ စုံလင်တဲ့ အပြင် ၎င်းရဲ့ ဆန်းပြားတဲ့ ၅ နှစ်ကြာ Signature ကော့လ်တေးတွေကလည်း မြည်းစမ်းကြည့်ချင်စရာပါပဲ။ စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ တေးသံစဉ်တွေကို ခံစားချင်တဲ့ ကွီးတို့အတွက်လည်း သောကြာ၊ စနေ၊ တနင်္ဂနွေမှာ Unplugged အစီအစဉ်လေး ရှိပါတယ်။ ဒါတင်မကသေးဘဲ အရသာရှိတဲ့ အစားအသောက်ကောင်းတွေ စုံစုံလင်လင် ကိုလည်း ရရှိနိုင်ပါတယ်။

ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ် ၂၉၄/၃ ရွှေဂုံတိုင်လမ်းမ၊ ငါးထပ်ကြီး ဘုရား မှတ်တိုင်ရှေ့၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Featured Photo : Oo salt de Pinlon