မင်္ဂလာပါ ကွီးတို့ရေ အမြဲတမ်း ထိုင်လို့ကောင်းတဲ့ ဘား လေးတွေ ၊ အရသာရှိတဲ့စားသောက်ဆိုင်လေးတွေကို တင်ဆက်ပေးနေတဲ့ အစီအစဉ်လေးကနေ ပြန်လည်ကြိုဆို လိုက်ပါတယ်။ ဒီတစ်ခါမှာတော့ မန္တလေးမြို့က ကွီးတို့အတွက် ထိုင်လို့ကောင်းတဲ့ ဘားများ ကို ဝေမျှပေးချင်ပါတယ်။ ဘယ်ဘားလေးတွေလဲ ဆိုတာ ဆက်လက် ကြည့်လိုက်ရအောင်နော်။

The Rock – Gastro Bar

မန္တလေးမြို့က ဘားများ

Photo : The Rock – Gastro Bar

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ မန္တလေးမြို့က ထိုင်လို့ကောင်းတဲ့ ဘားလေးကတော့ The Rock – Gastro Bar ပဲဖြစ်ပါတယ်။ ဒီဘားလေးရဲ့ အပြင်အဆင်က တကယ်ကို အလန်းစားလေးဖြစ်ပြီး အနေအထားကလည်း ဘော်ဒါတွေနဲ့ Chill လို့ကောင်းတဲ့ အငွေ့အသက်လေး ခံစားရရှိမှာပါ။ ဒါ့အပြင် ချစ်သူလေးနဲ့ အေးဆေးထိုင်ချင်တဲ့ ညီအစ်ကိုတို့အတွက်လည်း ရွေးချယ်လို့ကောင်းတဲ့ ဘားလေးပါပဲ။

မန္တလေးမြို့က ဘားများ

Photo : The Rock – Gastro Bar

အဖျော်ယမကာများ အပြင် အစားအသောက်ပိုင်းမှာဆိုလည်း ရသာထူးကဲတဲ့ ဟင်းပွဲတွေအများကြီး မြည်းစမ်း သုံးဆောင်လို့ရပါတယ်။ ဒီဘားလေးရဲ့လိပ်စာကတော့ လိပ်စာကတော့ ၃၂ (အေ) လမ်း၊ ၇၇/၇၈ လမ်းကြား၊ ၃၂/၃၃ လမ်းကြား၊ မန္တလေးမြို့ပဲ ဖြစ်ပါတယ်။

TGI Mandalay Bar & Restaurant

မန္တလေးမြို့က ဘားများ

Photo : TGI Mandalay Bar & Restaurant

ဒီဘားလေးမှာ နေ့ခင်းပိုင်းမှာ သီချင်းအေးအေးလေးတွေကို နားဆင်ခံစားရင်း Relax လုပ်မလား၊ ဒါမှမဟုတ် ညပိုင်းမှာ မြူးကြွတဲ့ DJ နဲ့အတူ ဘော်ဒါတွေနဲ့ Chill မလား၊ ကွီးတို့စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ဘားလေးပါပဲ။ ဆိုင်အနေအထားလေးကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတော့ အုပ်စုလိုက် Chill ချင်တဲ့ ကွီးတို့အတွက် အဆင်ပြေတာပေါ့။

TGI

Photo : TGI Mandalay Bar & Restaurant

ဒီဘားလေးမှာ အဖျော်ယမကာများအပြင် အစားအသောက်ပိုင်းမှာလည်း သန့်ရှင်း လတ်ဆတ်တဲ့ အစားအသောက်တွေကို အရသာရှိရှိ စျေးနှုန်းချိုသာစွာနဲ့ သုံးဆောင်မြည်းစမ်း နိုင်ပါတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ ၆၃ လမ်းနဲ့ လမ်း ၄၀ ကြား၊ မန္တလေးမြို့ပဲ ဖြစ်ပါတယ်။

X Ray Bar & Lounge

x RAY

Photo : X Ray Bar & Lounge

မန္တလေးမြို့က ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ ထိုင်လို့ကောင်းတဲ့ ဘားများ ထဲကတစ်ခုကတော့ X Ray Bar & Lounge ပဲ ဖြစ်ပါတယ်။ ဒီဘားလေးက ကျယ်ကျယ်ဝန်းဝန်းရှိတော့ မိသားစုလိုက်ပဲ ထိုင်ထိုင်၊ ဘော်ဒါတွေ အုပ်စုလိုက်နဲ့ပဲလာလာ၊ တကယ်ကို အဆင်ပြေတဲ့ ဘားလေးပါ။ ဆိုင်အနေအထားလေးကလည်း တမူထူးခြားတဲ့ Vibe ကို ခံစားရနိုင်ပါတယ်။

x RAY

Photo : X Ray Bar & Lounge

ဒီဘားလေးမှာ ဘီယာ၊ ဝိုင်၊ ကော့လ်တေးစတဲ့ အဖျော်ယမကာများအပြင် အရသာရှိတဲ့ ဟင်းပွဲ Menu ကလည်း တော်တော်စုံလင်တာကြောင့် သုံးဆောင်မြည်းစမ်း ကြည့်လို့ရပါတယ်။ ဒီဘားလေးရဲ့လိပ်စာကတော့ ၂၆ (ဘီ) လမ်း၊ ၅၈ လမ်းနဲ့ ၅၉ လမ်းကြား၊ မန္တလေးမြို့ပဲ ဖြစ်ပါတယ်။

Featured Photo : TGI Mandalay Bar & Restaurant