လကုန်ရက် ရောက်လာပြီဆိုတော့ တစ်လလုံး အလုပ်တွေနဲ့ လုံးပန်းခဲ့ရသမျှ အေးဆေးပြန်ပြီး Relax လုပ်နိုင်ဖို့ အမိုက်စား Bar လေးတွေကို ညွှန်းပေးချင်ပါတယ်။ ဒီတစ်ခေါက်တော့ စားချင်စဖွယ် Street Food တွေ ၊ မုန့်ဆိုင်တန်းတွေ ၊ ထိုင်စရာ Bar တွေ Restaurants တွေနဲ့ ညနေခင်းအချိန်ဆို ပွဲဈေးတန်းကြီးတစ်ခုလို စည်းကားတဲ့ တာမွေ ကျောက်မြောင်း ထဲက ထိုင်လို့ကောင်းတဲ့ Bar လေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

(၁) The Gang Bar & BBQ -William’s Bar

Photo : The Gang Bar & BBQ -William’s Bar

ဒီဆိုင်လေးက ကော့လ်တေးတွေနဲ့ နာမည်ကြီးတဲ့ ကျောက်မြောင်းထဲက အမိုက်စား Bar လေး။ ဆိုင်က ခပ်ကျဉ်းကျဉ်းလေးပဲဆိုပေမယ့် သီးသီးသန့်သန့်လေးနဲ့ အတော်လေး မိုက်တယ်။ ချစ်သူလေးနဲ့ပဲ ဒိတ်မလား ၊ ဘော်ဒါတွေနဲ့ပဲ Chill မလား ဒီဆိုင်လေးက လုံးဝအဆင်ပြေတယ်။ အစားအသောက်တွေ စုံတယ်။ ကော့လ်တေးတွေ တော်တော်မိုက်တယ်။ အကင်နဲ့ တခြား Food Menu တွေ အစုံရတယ်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့တွေမှာ Unplugged Music အစီအစဉ်လေးတွေလည်း ရှိတယ်။ ဆိုင်လိပ်စာက အမှတ် ၄၆ ၊ သတိပဌာန်လမ်း ၊ ကျောက်မြောင်း ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) GOAT Bar

Photo : GOAT Bar

ကျောက်မြောင်းမှာ Bar ထိုင်ရတဲ့ အရသာကို အပြည့်အဝခံစားနိုင်မယ့် Chill Place လေးတစ်ခု ညွှန်းပေးချင်ပါတယ်။ ဒီဆိုင်လေးက GOAT Bar လို့ခေါ်တဲ့ လူငယ်ဆန်ဆန် အထာကျကျ Chill လို့ရမယ့် အမိုက်စား ဆိုင်လေး။ တစ်ဆိုင်လုံးက မီးရောင်မှိန်မှိန်လေးနဲ့ အမှိုင်း Vibe လေး ပြင်ဆင် ပေးထားတယ်။ အပေါ်ထပ်မှာ Private ဆန်ဆန် Chill မလား ၊ အောက်ထပ်မှာပဲ သက်တောင့်သက်သာ ထိုင်မလား ၊ ဒါမှမဟုတ် အပြင်ဘက်ဝိုင်းတွေမှာပဲ လွတ်လွတ်လပ်လပ် ထိုင်မလား ရွေးလို့ရတယ်။ ဘီယာ ၊ ဝီစကီ ၊ ကော့လ်တေးနဲ့ တခြားအစားအသောက်တွေ အစုံရတယ်။ ဆိုင်လိပ်စာက အမှတ် ၁၇/A ၊ သတိပဌာန်လမ်း ၊ ကျောက်မြောင်း ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) White Corner Cafe & Restaurant

Photo : White Corner Cafe & Restaurant

ဒီဆိုင်လေးကလည်း ကျောက်မြောင်း ၊ သတိပဌာန်လမ်းမပေါ်ကပဲ အရသာရှိတဲ့အစားအသောက်ကောင်းတွေနဲ့ နာမည်ကြီးတဲ့ အမိုက်စား Bar လေး။ ဆိုင်အပြင်အဆင်က တော်တော်လေး ခမ်းနာပြီး လှတယ်။ လူငယ်တွေရော ၊ လူလတ်ပိုင်း ကွီးတို့ပါ Chill လို့ရမယ့် အမိုက်စားနေရာလေး။ ဒီဆိုင်မှာ အစားအသောက်တွေက တော်တော်စုံပြီး အရသာရှိတယ်။ ဒီဆိုင်ရဲ့ Hotplate Rice ဟင်းပွဲတွေက တော်တော်နာမည်ကြီးပြီး လူကြိုက်များတယ်။ တခြား အကင်တွေ ၊ အကြော် ၊ အထောင်း ၊ ပင်လယ်စာ ဟင်းပွဲတွေ အစုံရတယ်။ သောက်စရာ Drinks တွေလည်း စုံတယ်။ ဆိုင်လိပ်စာက မဂ္ဂင်လမ်းနဲ့ သတိပဌာန်လမ်းထောင့် ၊ ကျောက်မြောင်း ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : GOAT Bar