ဆိုင်အပြင်အဆင် Decoration တွေ လန်းရမယ် ၊ အစားအသောက်တွေ စုံရမယ် ၊ အမိုက်စား ဖျော်ဖြေရေး အစီအစဉ်တွေပါရမယ်။ ဒီလိုတစ် နေရာတည်းမှာ ရေမီးစုံ မြေကြီးတုန်အောင် Chill လို့ရမယ့် အမိုက်စား Bar တွေ ရှာနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် အခုလက်ရှိလူငယ် တွေကြားမှာ ရေပန်းစားနေတဲ့ ရန်ကုန်မြို့တွင်းက အမိုက်စား ၊ အလန်းစား Bar လေးတွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။

(၁) သူငယ်ချင်းဆိုင်

Photo : သူငယ်ချင်းဆိုင်

ဒီဆိုင်လေးက လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေတဲ့ အမိုက်စား Bar လေး။ ဆိုင်နာမည်လေးအတိုင်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လွင့်မြောလို့ ရတယ်။ ချစ်သူလေးနဲ့ နှစ်ယောက်တည်း ဒိတ်မယ်ဆိုလည်း အဆင်ပြေတယ်။ ဆိုင်အပြင်အဆင်က တစ်ဆိုင်လုံး လှပတဲ့ Neon မီးလေးတွေရယ် ၊ နံရံပေါ်က Comic တွေရယ်နဲ့ တော်တော်လေး Instagrammable ဖြစ်တယ်။ ဓာတ်ပုံရိုက်လို့ ကောင်းတယ် ၊ အစားအသောက်တွေ စုံတယ်။ နေ့စဉ် Live Band အမိုက်စားတွေရဲ့ ဖျော်ဖြေမှုအစီအစဉ်တွေလည်း ရှိတယ်။ ဆိုင်လိပ်စာက အမှတ် ၂၁/၂၂ ၊ ပဒုမ္မာလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) BLOW Rooftop Bar & Grill

Photo : BLOW Rooftop Bar & Grill

ဒီဆိုင်လေးကတော့ လူငယ်တွေ တော်တော်များများ သိပြီးသားဖြစ်တဲ့ Myanmar Plaza ၄ လွှာက အမိုက်စား Bar လေး။ ဆိုင်အပြင်အဆင် Decoration ကတော့ နိုင်ငံခြားဆန်ဆန်နဲ့ ရေလည် မိုက်တယ်။ ရောင်စုံမီးတွေကြားက အထာကျတဲ့ Table ဝိုင်းတွေက တော်တော်လေး Luxury ဆန်တဲ့ Vibe ကို ရတယ်။ ကျယ်ဝန်းတဲ့ Outdoor Beer Garden ထဲမှာ ဘီယာဘူဖေး သောက်ရင်း၊ အကင်တွေ စားရင် ဘော်ဒါတွေနဲ့ စိတ်လွတ်လက်လွတ် Chill လို့ရတယ်။ ဒီဆိုင်မှာ ပုံမှန်သောက်နေကျ Shisha တွေနဲ့ မတူတဲ့ Premium Meduse Shisha တွေလည်းရသေးတယ်။ အပတ်စဉ် သောကြာနဲ့ စနေနေ့တွေမှာ Unplugged Music ဖျော်ဖြေမှု အစီအစဉ်တွေ ရှိတယ်။ ဆိုင်လိပ်စာကတော့ Myanmar Plaza ၊ 4th Floor ၊ BLOW Rooftop Bar & Grill ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) NINJA BAR


Photo : NINJA BAR

ဒီဆိုင်လေးကတော့ ထူးထူးခြားခြား အပြင်အဆင်တွေနဲ့ ဂျပန်စတိုင် အငွေ့အသက်တွေ အပြည့်အဝ ခံစားနိုင်မယ့် Bar လေး။ သက်တောင့်သက်သာနဲ့ အေးဆေးထိုင်လို့ရမယ့် ဆိုဖာ Table ဝိုင်းတွေနဲ့ ဂျပန်စတိုင်အငွေ့အသက်တွေကိုမှ လူငယ်ဆန်ဆန် ပြန်လည်ပေါင်းစပ် ဖန်တီးထားတဲ့ ဆိုင်ရဲ့ Interior Design တွေက တော်တော်လေး အထာကျတယ်။ အစားအသောက်တွေကတော့ Japanese Bar ဆိုတဲ့အတိုင်း အရသာရှိတဲ့ ဂျပန်အစားအစာတွေ အမျိုးပေါင်း များစွာရတယ်။ သောက်စရာတွေထဲမယ် ဘီယာ ၊ ကော့လ်တေး အစုံရတယ်။ အခုလက်ရှိ August 25 ကနေ September 5 အထိ NINJA BAR ရဲ့ အမိုက်စား Cocktails လေးတွေကို Buy1 – Get1 Promotion ပေးနေပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် (၂၁) ၊ ပန်းခြံလမ်း ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : BLOW Rooftop Bar & Grill