နွေရာသီမှာ ပါတီပွဲများကို ခြံထဲ ဝန်းထဲတွင် ကျင်းပလေ့ရှိကြပြီး မိုးရာသီမှာတော့ ရာသီဥတု အခြေအနေကြောင့် ပါတီပွဲ ပြုလုပ်တာတွေ ရှားလာပါတယ်။ တစ်ဖန် ဆောင်းရာသီ ရောက်တဲ့အခါမှာတော့ ပါတီပွဲများကို များများစားစား ကျင်းပလာကြပါတယ်။ အထူးသဖြင့် ဒီဇင်ဘာ လသည် အိမ်တွင်း ပါတီပွဲ များ ပြုလုပ်လို့ကောင်းတဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီဇင်ဘာ လထဲမှာ ခရစ္စမတ်ပွဲတော် ကလည်း စောင့်ကြိုနေလို့ပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာ လ ခရစ္စမတ်ကာလ ရောက်တဲ့အခါ မိသားစုလိုက် (သို့) သူငယ်ချင်း မိတ်ဆွေများနှင့်အတူ ဒင်နာပါတီများ ကျင်းပကြပါတယ်။

ကွီးတို့လည်း ကိုယ့်ရဲ့ မိသားစုနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေများနှင့်ဖြစ်ဖြစ် ဒီဇင်ဘာ လအတွင်းမှာ အိမ်တွင်း ပါတီပွဲ ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များအတိုင်း လိုက်လုပ်နိုင်ပါတယ်။

အရောင်ကို ဦးစားပေးပါ

ဒီဇင်ဘာ ပါတီပွဲ

ဒီဇင်ဘာလကို ကိုယ်စားပြုတဲ့အရောင်ကတော့ အနီရောင်၊ အစိမ်းရောင်နှင့် အဖြူရောင်တို့ပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ထိုအရောင် တစ်ရောင်ချင်းစီ အသုံးပြုချင်တာပဲဖြစ်ဖြစ်၊ နှစ်ရောင်စပ်ကာ အသုံးပြုချင်တာပဲဖြစ်ဖြစ်၊ တစ်ရောင်တည်းကိုသာ ဦးစားပေး အသုံးပြုတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ Classic ဆန်တဲ့အရောင်ကို အသုံးပြုချင်တယ်ဆိုရင်တော့ အပြာရောင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။

ဒီဇင်ဘာလ ကို ကိုယ်စားပြုတဲ့ Theme များကို အိမ်တွင်း ပါတီပွဲ များတွင် တွေ့ရအောင် ဖန်တီးပါ

ဒီဇင်ဘာ ပါတီပွဲ

ဒီဇင်ဘာလကို ကိုယ်စားပြုတဲ့ Theme ကတော့ ခရစ္စမတ် Theme ပဲဖြစ်ပါတယ်။ ခရစ္စမတ် Decoration တွေဖြစ်တဲ့ ခေါင်လောင်းများ၊ ခြေအိတ်များ၊ ရောင်စုံမီးလုံးငယ်များ၊ ပလပ်စတစ် အလှဆင်ကြိုးများ အစရှိသည်တို့ကို အသုံးပြုနိုင်ပါတယ်။

အစားအစာများနှင့် အလှဆင်ပါ

ဒီဇင်ဘာ ပါတီပွဲ

စားပွဲအပြင်အဆင်များကလည်း ပါတီပွဲအတွက် အရေးကြီးပါတယ်။ စားပွဲအပြင်အဆင်နှင့် နေရာထိုင်ခင်းများကို လှလှပပ ပြင်ဆင်ထားပါ။ ထို့နောက် အစားအစာများကိုလည်း လှလှပပ ပြင်ဆင်ထားပြီး စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ချက်ပြုတ်ထား သင့်ပါတယ်။ ပါတီပွဲ လာတက်မယ့် လူဦးရေအလိုက် အစားအစာများ၊ ဖျော်ရည်များကို သေသေချာချာ ပြင်ဆင်ထားမယ်ဆိုရင်တော့ ပျော်စရာကောင်းတဲ့ ပါတီပွဲတစ်ခုဖြစ်မှာ အမှန်ပါပဲ။

လက်ဆောင်များ ဖလှယ်နိုင်တဲ့ ပါတီတစ်ခု ကျင်းပပါ

party

Photo: Thiscrazyadventurecalledlife

လက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းသည်လည်း ဒီဇင်ဘာလ ခရစ္စမတ် အချိန်ကာလရဲ့ အမှတ်အသားတစ်ခုပါပဲ။ ကွီးတို့ရဲ့ အိမ်တွင်းပါတီပွဲမှာ လက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ လက်ဆောင်ပစ္စည်းများ လဲလှယ်တဲ့အခါ မဲဖောက်ပြီး လဲလှယ်မယ်ဆိုရင်တော့ ပိုပြီး ပျော်စရာကောင်းပါလိမ့်မယ်။

ခရစ္စမတ်ပါတီနှင့် New Year အကြို ပါတီတို့ကတော့ မပါမဖြစ်ပါပဲ

party

ကွီးတို့အနေနဲ့ ပါတီပွဲကို ဘယ်အချိန် ကျင်းပချင်သလဲဆိုတာကို အရင်ဦးဆုံး ဆုံးဖြတ်ပါ။ ခရစ္စမတ် မတိုင်ခင် ကျင်းပချင်သလား (သို့မဟုတ်) ခရစ္စမတ်ညမှာ ကျင်းပချင်သလား။ New Year ကို ပျော်ပျော်ပါးပါး ကြိုဆိုချင်တယ်ဆိုရင်တော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ညမှာ ကျင်းပသင့်ပါတယ်။

Source: Lifetheplacetobe

Featured Image: Freepik