မင်္ဂလာပါ ညီအစ်ကိုတို့ရေ။ ထိုင်လို့ကောင်းတဲ့ ဘား အလန်းစားလေးတွေ၊ အရသာရှိတဲ့ စား‌သောက်ဆိုင်လေးတွေကို ညီအစ်ကိုတို့အတွက် အမြဲရှာဖွေတင်ဆက်ပေးနေတဲ့ အစီအစဉ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ညနေခင်း နေညိုချိန် လေးတွေမှာ ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး ဘား ထိုင်ပြီး ဘီယာလေးသောက်ရင်း Chill တတ်တဲ့ ကွီးတို့အတွက် ရန်ကုန်မြို့က အမိုက်စား ဘားလေးတွေကို စာရေးသူက ဝေမျှပေးချင်ပါတယ်။

Overtime Bar and B.B.Q

နေညိုချိန် ဘား

Photo : Overtime Bar and B.B.Q

တိမ်တောက်တဲ့ နေညိုချိန် လေးမှာ ဘော်ဒါတွေဆုံပြီး Chill ဖို့အတွက် ပထမဆုံးဖော်ပြ‌ပေးချင်တာကတော့ Overtime Bar and B.B.Q ဆိုတဲ့ ဘား လေးပဲ ဖြစ်ပါတယ်။ ဒီဘားလေးက တော်တော်ကို ကျယ်ကျယ်ဝန်းဝန်းရှိပြီး သူ့ရဲ့ အပြင်အဆင်ကလည်း တကယ်ကိုထူးခြားပြီး အမိုက်စားခံစားမှု ရသလေးကို ပေးစွမ်းနေပါတယ်။ ဘော်ဒါတွေနဲ့ အုပ်စုလိုက် တစ်ခါလောက်တော့ Chill ကြည့်ချင်စရာ ဆွဲဆောင်နေတဲ့ ဘားလေးဆိုလည်း မမှားပါဘူး။

နေညိုချိန် ဘား

Photo : Overtime Bar and B.B.Q

ဒါ့အပြင် ညီအစ်ကိုတို့အတွက် ဝီစကီလား၊ ဘီယာလား ဒါမှမဟုတ် အခြား အယ်လ်ကိုဟောတွေလား စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။ Overtime ရဲ့ အရသာရှိလှတဲ့ အကင်တွေနဲ့ ဟင်းပွဲ Menu တွေကလည်း တကယ်ကို မြည်းစမ်းကြည့်ချင်စရာပါပဲ။ Overtime မှာ OT ဆင်းရင်း သံစဉ်လေးတွေနဲ့ ငြိမ့်ချင်တယ်ဆိုတဲ့ ကွီးတို့အတွက်လည်း ဗုဒ္ဓဟူး၊ သောကြာ၊ စနေနေ့တိုင်း Unplugged အစီအစဉ်လေးတွေ ရှိပါသေးတယ်။

ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် ၃၃၇၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မင်္ဂလာတောင်ညွှန့် မြို့နယ် ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

ORIGINAL Bar

bar

Photo : ORIGINAL Bar

ကမာရွတ်၊ လှည်းတန်းတစ်ဝိုက် ဘော်ဒါတွေနဲ့ ညနေခင်း ရုံးဆင်းချိန် ဆုံပြီး အချိန်ကောင်းလေးတွေ ဖန်တီးဖို့ ဆိုရင်တော့ အသစ်စက်စက် ဘားလေးဖြစ်တဲ့ ORIGINAL Bar လေးရှိပါတယ်။ ဒီဘားလေးက Rooftop Area မှာဖွင့်ထားတဲ့ ဘားလေး ဖြစ်ပြီး Indoor မှာရော၊ Outdoor မှာပါထိုင်လို့ရပါတယ်။ ဆူဆူညံညံတွေ မကြိုက်ဘဲ အေးအေးဆေးဆေး Chill ချင်တဲ့ ကွီးတို့ပဲ ဖြစ်ဖြစ်၊ ချစ်သူလေးနဲ့ ကြည်နူးစရာ အခိုက်အတန့်လေး ဖန်တီးဖို့ပဲ ဖြစ်ဖြစ် ရွေးချယ်သင့်တဲ့ ဘားလေးပါပဲ။ တိမ်တောက်နေတဲ့ နေညိုချိန် ကို ခံစားဖို့အတွက် နေရာကောင်း တစ်ခုလို့လဲ ပြောလို့ရပါတယ်။

bar

Photo : ORIGINAL Bar

ဒီဘားလေးမှာ အကင်၊ အသုတ် စတဲ့ အမျိုးအစား စုံလင်လှတဲ့ ဟင်းပွဲ Menu တွေကလည်း သုံးဆောင်ကြည့်ချင်စရာပါပဲ။ ဒါ့အပြင် ညီအစ်ကိုတို့ အကြိုက် ကော့လ်တေး၊ မော့လ်‌တေး၊ ဝိုင်၊ Fresh Juice စတာတွေ အပြင် အဖျော်ယမကာမျိုးစုံလည်း ရှိပါတယ်။ ဘား အသစ်စက်စက်လေးတွေကို ရှာဖွေပြီး ထိုင်လေ့ရှိတဲ့ ကွီးတို့အတွက်လည်း တစ်ခေါက်လောက်တော့ သွားထိုင်ကြည့်သင့်တဲ့ ဘားလေးပါပဲ။

ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် ၅၃/ဒီ၊ ဆီစက်လမ်း၊ စံရိပ်ငြိမ် မှတ်တိုင်အနီး၊ ကမာရွတ်မြို့နယ် ( Rooftop Area, SERENE Stays Hotel)၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Featured Photo : Overtime Bar and B.B.Q