ဘယ်သူတွေ ဘယ်လိုပဲ ကွဲပြားကွဲပြား အသောက်တလိုင်း ကွီးတို့မှာ တူညီတဲ့အချက်တစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ဘယ်နေရာရောက်ရောက် သောက်ဖို့ ဆိုင်ရှာတာပါပဲ။ ကွီးတို့အနေနဲ့ နေပြည်တော်မြို့ကို အလည်အပတ်သွားရောက်ရင် ဖြစ်ဖြစ် ၊ အလုပ်ကိစ္စနဲ့ ရောက်ဖြစ်ခဲ့ရင်ပဲ ဖြစ်ဖြစ် ၊ ကြုံကြိုက်လို့ နေပြည်တော်မှာ ခရီးတစ်ထောက် နားဖြစ်ခဲ့ရင် ဖြစ်ဖြစ် ထိုင်ဖို့ဆိုင် အထွေအထူး ရှာစရာမလိုအောင် နေပြည်တော်မြို့ အတွင်းက ထိုင်လို့ကောင်းတဲ့ Bar နဲ့ Restaurant တွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

(၁) The FOX Restaurant

Photo : The FOX Restaurant

ဒီဆိုင်လေးက နေပြည်တော်ရောက်ရင် သေချာပေါက် ထိုင်ကြည့်သင့်တဲ့ ဆိုင်လေး။ ဆိုင်အပြင်အဆင် အခင်းအကျင်းက လူငယ်ဆန်ဆန် ၊ အထာကျကျနဲ့ တော်တော်လေး မိုက်တယ်လို့ ပြောရမယ်။ စိမ်းစိမ်းစိုစို မြက်ခင်းစိမ်းလေးပေါ်က အမိုက်စား Table ဝိုင်လေးတွေမှာပဲ ထိုင်မလား ၊ အောက်ထပ်က Indoor မှာပဲ ငြိမ့်ငြိမ့်ညောင်းညောင်း သက်တောင့်သက်သာထိုင်မလား ဒါမှမဟုတ် ကောင်းကင်တိမ်လွှာတွေရဲ့အောက်မှာ လွတ်လွတ်လပ်လပ်ထိုင်လို့ရမယ့် အပေါ်ထပ် Rooftop မှာပဲ လွင့်မြောမလား တစ်ဆိုင်တည်း မတူညီတဲ့ Vibe မျိုးစုံကို ခံစားလို့ ရတယ်။ ဒီဆိုင်မှာ အစားအသောက် Menu တွေလည်း စုံတယ်။ လတ်ဆတ်ပြီး အရသာရှိတဲ့ အကင်တွေ ၊ Asian Food ၊ European Food တွေ တော်တော်များများ ရတယ်။ အမျိုးအစားစုံတဲ့ သောက်ချင်စရာ ကော့လ်တေးတွေလည်း အများကြီးရတယ်။ ဘီယာ ၊ ဝီစကီ Drink တွေစုံတယ်။ အပတ်စဉ် Live DJ နဲ့ Unplugged Music အစီအစဉ်တွေလည်း ရှိတော့ အေးအေး Relax လုပ်ချင်တဲ့ ကွီးတို့အတွက် ကွက်တိပဲ။ ဖော်ရွေတဲ့ ဝန်ထမ်းတွေနဲ့ ဝန်ဆောင်မှုကလည်း ပြောစရာမလိုဘူး။ ချစ်သူလေးနဲ့ပဲဒိတ်မလား ၊ ဘော်ဒါတွေနဲ့ပဲ Chill မလား ဒီဆိုင်လေးက လုံးဝအဆင်ပြေတယ်။ ဆိုင်က နေ့စဉ် နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖွင့်တယ်။ ဆိုင်လိပ်စာကတော့ အမှတ် (၁၄၆) ၊ ဧရာဝတီလမ်း ၊ ဇမ္ဗူသီရိမြို့နယ် ၊ နေပြည်တော်မြို့ ဖြစ်ပါတယ်။

(၂) A9 Bar, B.B.Q & Restaurant

Photo : A9 Bar, B.B.Q & Restaurant

ခြံဝန်းအကျယ်ခြံကြီးထဲက Open Space မှာ လွတ်လွတ်လပ်လပ် ဂီတသံစဉ်လေးတွေနဲ့ လွင့်မြောရတဲ့ ဖီးလ်ကို ကြိုက်တယ်ဆိုရင်တော့ ဒီဆိုင်လေးက ကွက်တိပါပဲ။ စိမ်းစိုတဲ့ မြက်ခင်းစိမ်းလေးတွေပေါ်မှာ Table ဝိုင်းတွေ ပြင်ဆင်ပေးထားတာဆိုတော့ ဆိုင်ထိုင်ရတယ်ဆိုတာထက် သာယာတဲ့ပန်းဥယျာဉ် အဝန်းအဝိုင်းလေးထဲမှာ ထိုင်ရသလို Vibe လေး ခံစား ရစေတယ်။ မိသားစုနဲ့ဖြစ်ဖြစ် ၊ ဘော်ဒါတွေနဲ့ ဖြစ်ဖြစ် သီးသန့်လေးထိုင်ချင်တဲ့ သူတွေအတွက်လည်း ဘန်ဂလိုပုံစံ ခုံတန်းလေးတွေ ပြင်ပေးထားတယ်။ မိုးလုံလေလုံ သက်တောင့်သက်သာ Indoor မှာပဲ ထိုင်ချင်တယ်ဆိုလည်း ရတယ်။ ဒီဆိုင်မှာ အစားအသောက်တွေကတော့ တော်တော်စုံစုံရတယ်။ အကင်တွေ မိုက်တယ်။ တရုတ်စတိုင် ဟင်းပွဲတွေ ၊ ပင်လယ်စာတွေ ၊ အကြော် အလှော် အထောင်း အရသာရှိတဲ့ Food Menu တွေ အများကြီးရတယ်။ ဘီယာ Brand အစုံ နဲ့ တခြား ရွေးချယ်စရာ Drink တွေ အစုံရှိတယ်။ အပတ်စဉ် Music Band တွေရဲ့ ဖြေဖျော်မှု အစီအစဉ်တွေကလည်း လုံးဝအမိုက်စားပဲ။ အစားအသောက်စုံစုံနဲ့ အေးအေးဆေးဆေး Chill ချင်တယ်ဆိုရင် ဒီဆိုင်လေးက တော်တော်အဆင်ပြေတယ်။ ဆိုင်လိပ်စာက အမှတ် (7+8) ၊ ပန်းခင်းလမ်းနဲ့ သပြေလမ်းထောင့် ၊ ပန်းခင်းရပ်ကွက် ၊ ပျဥ်းမနား ၊ နေပြည်တော်မြို့ ဖြစ်ပါတယ်။

(၃) VIP Restaurant – Naypyitaw

Photo : VIP Restaurant – Naypyitaw

ဒီဆိုင်လေးက နာမည်ကြီး အဆိုတော်တွေရဲ့ Live Music အစီအစဉ်တွေ ၊ နေရာထိုင်ခင်းကျယ်ကျယ်ဝန်းဝန်းနဲ့ အစားအသောက်တွေ စုံတဲ့ နေပြည်တော်မြို့ရဲ့ အထူးအခြားဆုံး ဆိုင်လေးတစ်ဆိုင်ပါ။ Indoor ၊ Outdoor ကျယ်ကျယ်ဝန်းဝန်း သက်တောင့်သက်သာ ထိုင်လို့ရမယ့် နေရာတွေအများကြီးရှိသလို ၊ လုပ်ဖော်ကိုင်ဖက် အရေးကြီးပုဂ္ဂိုလ်တွေနဲ့ မီတင်လုပ်မလား ၊ ဘော်ဒါတွေနဲ့ မွေးနေ့ပါတီ ၊ ချစ်သူလေးနဲ့ Anniversary အထိမ်းအမှတ်ပွဲလေးပဲ လုပ်မလား သီးသီးသန့်သန့် ကျင်းပလို့ရမယ့် VIP Special Room တွေလည်းရှိတယ်။ ဒီဆိုင်လေးမှာ အစားအသောက်တွေကတော့ လုံးဝရွေးချယ်စရာအများကြီးပဲ။ Chinese အစားအစာတွေ ၊ အနောက်တိုင်း အစာအစာတွေနဲ့ တခြား အရသာရှိတဲ့ ရွေးချယ်စရာ Menu တွေအစုံပဲ။ သောက်စရာတွေထဲမှာလည်း ဘီယာ ၊ အပြင်း ၊ ကော့လ်တေးတွေအစုံရတယ်။ သီချင်းတွေနားထောင်ရင်း ၊ အစားအသောက်ကောင်းတွေမြည်းစမ်းရင်း ၊ အေးဆေးထိုင်ချင်တယ်ဆိုရင် ဒီဆိုင်လေးက ကွီးတို့ကို စိတ်ကျေနပ်မှု အပြည့်အဝရစေမှာပါ။ ဆိုင်လိပ်စာကတော့ Junction Center မျက်စောင်းထိုးလမ်း ၊ မြနန္ဒာလမ်းမကြီးပေါ် ၊ ကျောက်မျက်အထူးကွက် ၊နေပြည်တော်မြို့ ဖြစ်ပါတယ်။

Featured Photo : A9 Bar, B.B.Q & Restaurant