Pay Day နဲ့ Weekend တိုက်တဲ့ ရက်တွေဆို ကျွန်တော်တို့ အလွန်ပျော်ပါတယ် ဗဲရီးဟက်ပီး။ လစာထုတ်တဲ့ လကုန်ရက်လေးလည်းဖြစ် ၊ အားလပ်ရက် Weekend လည်းဖြစ်လို့ ဘော်ဒါတွေ နဲ့ အေးဆေး Chill ချင်တဲ့ ကွီးတို့အတွက် ရန်ကုန်မြို့တွင်းက ထိုင်လို့ကောင်းတဲ့ Bar လေးတွေကို စုစည်း တင်ဆက်ပေးချင်ပါတယ်။

(၁) RED X – Yangon

Photo : RED X – Yangon

လှိုင်မြို့နယ် တဝိုက်က ဘော်ဒါတွေ အတွက် အေးဆေးထိုင်လို့ကောင်းတဲ့ Chill Place တစ်ခု ညွန်းပေးချင်ပါတယ်။ ဒီဆိုင်လေးက အင်းစိန်လမ်းမပေါ် ၊ ဘာတာမှတ်တိုင်နားက RED X – Yangon ဆိုတဲ့ ဆိုင်လေးပါ။ ဒီဆိုင်လေးက လူငယ်ဆန်ဆန် အပြင်အဆင်လေးတွေနဲ့ ရောင်စုံမီးတွေအောက်မှာ ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ်လပ်လပ် Chill လို့ကောင်းတဲ့ ဆိုင်လေး။ ဒီဆိုင်မှာအစားအသောက်တွေ စုံတယ်။ အကင်တွေ မိုက်တယ်။ သောက်စရာ Drink တွေထဲမယ် ဘီယာ ၊ ကော့လ်တေး အစုံရတယ်။ ဈေးနှုန်းလေးတွေလည်း အရမ်းများဘူး။ ပုံမှန်ပဲလို့ ပြောလို့ ရတယ်။ အပတ်စဉ် Unplugged ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်း ရှိတယ်။ ဆိုင်လိပ်စာက အမှတ် ၉၅ ၊ အင်းစိန်လမ်းမပေါ် ၊ ဘာတာမှတ်တိုင် ၊ အင်းစိန်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) TIPSY

Photo : TIPSY

၃၁ ဘုံမှာ လူငယ်တွေ အကြိုက်ဆုံးနေရာကို ညွှန်းရမယ်ဆိုရင်တော့ TIPSY က ထိပ်ဆုံးက ပါပါတယ်။ ဒီဆိုင်လေးက လူငယ်တွေတော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်သလို ဘော်ဒါတွေ နဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး Chill လို့ကောင်းတဲ့ ဆိုင်လေး တစ်ဆိုင်ပါ။ ဆိုင်အပြင်အဆင်ကတော့ လူငယ်ကြိုက်ဆိုတဲ့အတိုင်း ခေတ်ဆန်တယ် ၊ အထာကျတယ် ၊ အပေါ်ထပ် အောက်ထပ် ကျယ်ကျယ်ဝန်းဝန်း ရှိတယ်။ ဒီဆိုင်မှာ နာမည်အကြီးဆုံးက ကော့လ်တေး ဆန်းဆန်းလေးတွေပဲ။ နာမည်အဆန်းလေးတွေနဲ့ ကော့လ်တေးအမိုက်စားလေးတွေ ရတယ်။ Food ပိုင်းမှာလည်း ဝါရင့်စားဖိုမှူးတွေရဲ့ လက်ရာ စပယ်ရှယ်ဟင်းပွဲတွေနဲ့ အရသာကောင်းတဲ့ အစားအသောက်တွေ တော်တော်စုံစုံ ရတယ်။ Unplugged Music လည်းရှိတော့ သီချင်းတွေနဲ့ လွင့်မြောချင်သူတွေအတွက် ကွက်တိပဲပေါ့။ ဆိုင်လိပ်စာက အမှတ် ၁၃၈ C ၊ တက္ကသိုလ်ရိပ်သာလမ်းသစ် ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) The Bash Yangon

Photo : The Bash Yangon

ဒီဆိုင်လေးကတော့ Rooftop မှ Rooftop ဆိုတဲ့ ဘော်ဒါတွေ အတွက် တစ်လလုံး ပင်ပန်းခဲ့သမျှ လွတ်လွတ်လပ်လပ် အနားယူရင်း စိတ်အမောတွေဖြေနိုင်မယ့် ထိုင်လို့ကောင်းတဲ့ ဆိုင်လေး။ Open Space ဖြစ်လို့ အေးအေးဆေးဆေး Relax လုပ်ချင်တဲ့ သူတွေအတွက် ဒီဆိုင်လေးက ကွက်တိပါပဲ။ Indoor မှာ အဲကွန်းလေးနဲ့ သက်တောင့်သက်သာ ငြိမ့်ငြိမ့်ညောင်းညောင်း ထိုင်မယ်ဆိုလည်း ရတယ်။ နောက်ပြီး ဒီဆိုင်မှာ လူငယ်တွေအကြိုက် ဘိလိယက်ခုံ ၊ Beer Pong နဲ့ ဘောလုံးကစားတဲ့ ခုံလေးတွေလည်းရှိတော့ သူငယ်ချင်းတွေနဲ့ သောက်လိုက်စားလိုက် ဂိမ်းတွေကစားလိုက် လုပ်လို့ရတယ်။ အစားအသောက်နဲ့ ကော့လ်တေး Drink တွေ တော်တော်လေး မိုက်တယ်။ အပတ်စဉ် DJ နဲ့ Unplugged Music အစီအစဉ်တွေလည်း ရှိတယ်။ ဒီဆိုင်လေးက လူငယ်တွေအတွက် လုံးဝ Chill လို့ကောင်းတဲ့ နေရာတစ်ခုပါပဲ။ ဆိုင်လိပ်စာကတော့ မှတ် ၁၄၄ ၊ ဓမ္မစေတီလမ်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

Featured Photo : The Bash Yangon