ဘော်ဒါတွေနဲ့အတူတူ သောကြာနေ့ ညနေခင်းမှာ၊ ပိတ်ရက်တွေမှာ ဘားသွားထိုင်ဖြစ်ပါသလား။ ဘယ်လိုမျိုး ဘားတွေကို ဦးစားပေးသွားဖြစ်ပါသလဲ။ အကောင်းစား ဘီယာနှင့် ကော့တေးများကို မြည်းစမ်းသောက်သုံးနိုင်တဲ့ ဘားမျိုးလား၊ ဒါမှမဟုတ် လျှာလည်သွားစေမယ့် အမြည်းတွေ စားသုံးနိုင်တဲ့ ဘားနှင့် စားသောက်ဆိုင်မျိုးလား၊ ဒါမှမဟုတ် တေးဂီတ ဖျော်ဖြေတင်ဆက်မှုများကို နှစ်ထောင်းအားရစွာ ခံစားနိုင်မယ့် ဘားမျိုးလား။ ထိုသုံးမျိုးစုလုံးကို တစ်နေရာတည်းမှာ ရနိုင်တဲ့ ဘားနှင့် စားသောက်ဆိုင်မျိုး ရှိတယ်ဆိုရင်ရော သွားမထိုင်ချင်ဘူးလား။ ကွီးတို့အနေနဲ့ အခုဖော်ပြပေးမယ့် ဘား နှင့် စားသောက်ဆိုင်တွေမှာ တစ်ခါမှ မ ထိုင်ဖူး ရင် ခေတ်နောက်ကျသွားပြီဆိုတာတော့ သေချာပါတယ်။

The Bash Yangon

The Bash Yangon

Photo: Facebook

AR-T သီချင်းများနှင့် ဒွန့်ချင်တဲ့ ဘီးကျဲတို့အတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ ဒီသတင်းကောင်းကတော့ ဇန်နဝါရီလ ၂၇ ရက်နေ့ သောကြာနေ့မှာ အဆိုတော် AR-T က အမိုက်စား သီချင်းမြူးမြူးကြွကြွများဖြင့် ဖျော်ဖြေတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ဝင်ကြေး ပေးစရာမလိုတာကတော့ သူ့ရဲ့ အားသာချက်ပါပဲ။ ဒါပေမဲ့ Reservation လက်မခံတာကြောင့် စောစောသွားပြီး နေရာကောင်းကောင်းလေး ယူထားဖို့တော့ လိုပါလိမ့်မယ်။ ဒီ ဘား မှာ မ ထိုင်ဖူး ဘူး မဖြစ်ရလေအောင် ၂၇ ရက်နေ့ကျရင် မြန်မြန်လှိမ့်လိုက်ကြတော့ဗျို့။

ဆိုင်ရဲ့ လိပ်စာကတော့ အမှတ် (၁၄၄)၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိတာပဲဖြစ်ပါတယ်။ အကောင်းစား ဘီယာများ၊ ကော့တေးများ၊ ဝီစကီများကိုလည်း မြည်းစမ်းသောက်သုံးနိုင်တဲ့အပြင် အမြည်းများအဖြစ်နဲ့ အာရှအစားအစာများ၊ အနောက်တိုင်းအစားအစာများ၊ ဥရောပအစားအစာမျိုးစုံကိုလည်း မှာယူသောက်သုံးနိုင်ပါတယ်။

Freesia Rooftop Bar

ဘား ထိုင်ဖူး

Photo: Facebook

နောက်ထပ် ဆိုင်ကောင်းကောင်းလေး တစ်ဆိုင်နဲ့ ဆက်လက်ညွှန်းပေးချင်ပါတယ်။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ ကွီးတို့ရဲ့ ရာသီခွင့်အလိုက် Freesia က Signature Cocktail များကို မြည်းစမ်းသောက်သုံးနိုင်ခြင်းပဲဖြစ်ပါတယ်။​ ဆိုင်က Rooftop Bar ဆိုတော့ သဘာဝ လေကောင်းလေသန့်လေးကို ခံစားရင် မြို့ရဲ့ ညအလှကို ငေးမောကြည့်ရှုခံစားနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ နာမည်ကြီး တေးဂီတ တီးဝိုင်းများရဲ့ ဖျော်ဖြေတင်ဆက်မှုကိုလည်း နားသောတဆင် ခံစားနိုင်ပါသေးတယ်။ ဘီယာ ချစ်သူများအတွက်လည်း ပရိုမိုးရှင်းမျိုးစုံကို အချိန်နဲ့ တပြေးညီ ပြုလုပ်ပေးနေတဲ့အတွက်ကြောင့် ဒီ ဘား မှာ မ ထိုင်ဖူး ဘူးဆိုရင်တော့ အခွင့်အရေးကောင်းတွေကို ကွီးတို့ လက်လွတ်သွားပါလိမ့်မယ်။

ဒီဆိုင်လေးဆီသို့ အရောက်လှမ်းသွားချင်တယ်ဆိုရင်တော့ အမှတ် (၁၆၄)၊ အနောက် ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်မှာ တည်ရှိပါတယ်။ ဘိုကင်ချိတ်ချင်တယ်ဆိုရင်တော့ 09964665790 ဆီသို့ ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။

TG Bar, Restaurant & Entertainment

ဘား ထိုင်ဖူး

Photo: Facebook

ဒီဆိုင်လေးရဲ့ ထူးခြားချက်ကတော့ ရက်အလိုက် Happy Hour လေးတွေ စီစဥ် ပေးထားခြင်းပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ Happy Hour လေးမှာ ထိုင်ရင်း ဘီယာတွေကို တစ်ဝကြီး သောက်ချင်တယ်ဆိုရင်တော့ အမှတ် (၃၀)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်သို့ အမြန်သွားရောက်သင့်ပါတယ်။

ဘားထိုင်ချင်သူတွေကို နောက်ထပ်ဆွဲဆောင်နေတဲ့ အချက်တစ်ခုကတော့ Unplugged Music ပဲဖြစ်ပါတယ်။ ဆောင်းရာသီရဲ့ အငွေ့အသက်လေးကို ဘီယာလေး ကစ်ရင်း အေးဆေးငြိမ့်ညောင်းစွာ အချိန်ကုန်ဆုံးချင်တယ်ဆိုရင်တော့ TG Bar, Restaurant & Entertainment သို့ ဒိုးလိုက်ကြတော့ဗျို့။

Featured Image: Thebashygn