နှစ်တစ်နှစ်ဟာ လျင်လျင်မြန်မြန်ပဲ ကုန်ဆုံးပြီး မကြာခင်မှာဘဲ နှစ်သစ်ကို ရောက်ရှိလာပါတော့မယ်။ နောက်နှစ်ကို မရောက်ခင် နောက်ဆုံးနေ့ညမှာ ကမ္ဘာတစ်လွှားမှာ ခမ်းခမ်းနားနား နှစ်သစ်ကို ကြိုဆိုကြတဲ့ အပြင် နှစ်သစ်ကူး ညကိုလည်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါတယ်။ New Year ကို မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်ခင်ရသူတွေနဲ့ အတူတူ ကြိုဆိုရတာလည်း တကယ်ကို ကြည်နူးဖွယ်အတိပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် နှစ်သစ်ကူး ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မဲ့ နည်းလမ်း ကောင်းလေးများကို ဖော်ပြပေးချင်ပါတယ်။

အိမ်တွင်း နှစ်သစ်ကူးပါတီ ပြုလုပ်ပါ

နှစ်သစ်ကူး ဖြတ်သန်းနိင်မဲ့ နည်းလမ်း

Photo : Parties to Love

ကွီးတို့ရေ သူငယ်ချင်းတွေ၊ ချစ်ခင်ရသူတွေနဲ့ နှစ်သစ်ကူး ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မဲ့ နည်းလမ်း ကောင်းလေးတစ်ခုကတော့ နှစ်သစ်ကို ကြိုဆိုတဲ့ အိမ်တွင်းပါတီ ပြုလုပ်တာပဲ ဖြစ်ပါတယ်။ အိမ်တွင်း နှစ်သစ်ကူးပါတီ လုပ်ဖို့အတွက် ကွီးတို့ အရင်ဆုံး နေရာနဲ့ Decoration ကို ပြင်ဆင်ရပါမယ်။ ပါတီလေးကို Indoor ဖြစ်ဖြစ်၊ လွတ်လွတ်လပ်လပ်နဲ့ Outdoor ဖြစ်ဖြစ် ကျင်းပလို့ရပါတယ်။ ကွီးတို့အနေနဲ့ နှစ်သစ်ကူးပါတီလေးကို ကျင်းပတဲ့နေရာမှာ အစားအသောက်တွေအပြင် အေးမြတဲ့ ဆောင်းရာသီကို အံ့တုနိုင်ပြီး နွေးထွေးစေမဲ့ အဖျော်ယမကာတွေ၊ ကော့လ်တေးတွေ ကြိုတင်ပြင်ဆင်ထားဖို့ မမေ့ပါနဲ့။ ဒါ့အပြင် နှစ်သစ်ကူးနဲ့ လိုက်ဖက်တဲ့ သီချင်းကောင်းလေးတွေကိုလည်း ရွေးချယ်ထားပါ။ ည ၁၂ နာရီမထိုးခင် ပျော်ပျော်ပါးပါး စားသောက် ကခုန်ရင်း နှစ်သစ်ကို ကြိုဆိုရတာလည်း ရင်ခုန်စရာကောင်းလှပါတယ်။ ည ၁၂ နာရီအတိမှာ Countdown ကို ရွတ်ဆိုပြီး နှစ်သစ်ရဲ့ ပထမဆုံးနေ့ကို အတူတကွ ကြိုဆိုလိုက်ပါ။ ပြီးလျှင် ကွီးတို့ရဲ့ ပါတီလေးကို ပျော်ပျော်ပါးပါး ဆက်လက် ကျင်းပလို့ရပါတယ်။

ဒင်နာပါတီ ပြုလုပ်ပါ

နှစ်သစ်ကူး ဖြတ်သန်းနိင်မဲ့ နည်းလမ်း

Photo : Martha Stewart

ချစ်ခင်ရတဲ့ မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ သူငယ်ချင်းမိတ်တွေတွေ စုံစုံလင်လင်နဲ့ နှစ်သစ်ကူးလေးကို ဖြတ်သန်းချင်ရင် ဒင်နာပါတီလေး ပြုလုပ်တာက တကယ်ကို စိတ်ကူးကောင်းပါပဲ။ တစ်နှစ်ပတ်လုံး အကြောင်းအမျိုးမျိုးကြောင့် မတွေ့ဖြစ်ကြတဲ့ ချစ်ခင်ရသူတွေကို အတူတကွ စုံစည်းစေတဲ့ အချိန်အခါသမယလည်း ဖြစ်ပါတယ်။ နှစ်သစ်ကူး ညမှာ ဒင်နာပါတီလေး ပြုလုပ်ရင်း ပျော်ပျော်ရွှင်ရွှင် စားသောက်ကြရင်း အချိန်ကောင်းလေးတွေကို ဖန်တီးနိုင်ပါတယ်။ ကွီးတို့နဲ့ ချစ်ခင်ရသူတွေကြားက ချစ်ခင်ရင်းနှီးမှုနဲ့ အမှတ်တရလေးတွေကို တိုးပွားစေပါတယ်။ နှစ်သစ်ကူးအချိန်အမှာ အတူတကွ ဖြတ်သန်းရတာက ပိုပြီးအမှတ်တရ ဖြစ်စေပါတယ်။

ရှန်ပိန်ဖောက်ပါ

New Year paty

Photo : Delish

နှစ်သစ်ကူး ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မဲ့ နည်းလမ်း ကောင်းလေးထဲက တစ်ခုကတော့ ချစ်ရသူတွေနဲ့ အတူ ရှန်ပိန်ဖောက်ခြင်းပါပဲ။ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို အစပြုတဲ့အချိန်ဟာ သေချာပေါက် အထိမ်းအမှတ်ဖြစ်တဲ့ အခိုက်အတန့်ပါပဲ။ ဒီလို အခိုက်အတန့်လေးက မှာ အောင်ပွဲတွေ ၊ နေ့ထူးနေ့မြတ်တွေမှာ ဖောက်လေ့ရှိတဲ့ ရှန်ပိန်ဖောက်ဖို့ ထိုက်တန်ပါတယ်။ ညသန်းခေါင်ယံ နှစ်သစ်ကို ကြိုဆိုတဲ့ အချိန်မှာ တလက်လက်တောက်ပတဲ့ ရှန်ပိန်တစ်လုံးတော့ လက်ထဲအသင့်ရှိပါစေ။ အောင်မြင်မှု အထိမ်းအမှတ်တွေမှာ ဖောက်လေ့ရှိတဲ့ ရှန်ပိန်ကို နှစ်သစ်အစပြုတဲ့ အချိန်မှာ ရှန်ပိန်အဖုံးကို ဖွင့်ပြီး ကွီးတို့ရဲ့ ရှေ့ဆက်မဲ့ နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုလိုက်ပါ။

ဒီနည်းလမ်းတွေက နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် ကြိုဆိုချင်တဲ့ ကွီးတို့အတွက် အထောက်အကူပြုမှာ အသေအချာပါပဲ။

Featured Photo : HHG Social