ဘားထိုင်ရတာ နှစ်သက်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ပန်းဆိုးတန်း လမ်းပေါ်က အေးဆေး ငြိမ့်လို့ကောင်းတဲ့ ဘား နှင့် စားသောက်ဆိုင်များ အကြောင်းကို ဝေမျှပေးချင်ပါတယ်။ ကွီးတို့အနေနဲ့ Luxury ဆန်တဲ့ ဆိုင်မှာ ထိုင်ချင်တာလား၊ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးနှင့် လူငယ်ပိုဆန်တဲ့ ဆိုင်မှာ ထိုင်ချင်သလား။ ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ဖို့ရန်အတွက် Luxury ဆန်ပြီး ဇိမ်ကျကျ ထိုင်နိုင်မယ့် ဆိုင်နှင့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ထိုင်လို့တဲ့ ဆိုင် နှစ်မျိုးကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

Omnivore Myanmar

Omnivore Myanmar

Photo: Facebook

Omnivore ကတော့ အနောက်တိုင်းဆန်ဆန်နှင့် အဆင့်မြင့်မြင့် ဘားထိုင်ချင်သူများအတွက် သင့်တော်ပါတယ်။ အစားအစာများအနေနဲ့ Premium Cuts ၊ အဓိက ဟင်းလျာ အမျိုးမျိုး၊ အသုပ်အမျိုးမျိုး၊ ဆင်းဒဝှစ်ခ်များ၊ ဟော့ဒေါ့၊ ဘာဂါအမျိုမျိုး စသည်ဖြင့် ရွေးချယ်စရာ အမျိုးအစား စုံလင်ပြီး ဈေးနှုန်းများကလည်း အနည်းဆုံး ၅၀၀၀ ကျော်ကနေ တစ်သောင်းကျော်၊ နှစ်သောင်းကျော်၊ သုံးသောင်းကျော်၊ လေးသောင်းကျော် စသည်ဖြင့် အစားစား ရှိပါတယ်။

Omnivore Myanmar

Photo: Facebook

ဝိုင်အမျိုးအစားထဲမှာဆိုရင်လည်း ဝိုင်ဖြူ၊ ဝိုင်နီ ဆိုပြီး အမျိုးအစားနှစ်မျိုးရှိပြီး ထို နှစ်မျိုးထဲကမှ တံဆိပ်အမျိုးမျိုး၊ ခုနှစ်အမျိုးမျိုးပေါ်လိုက်ပြီး ဈေးနှုန်းများလည်း ကွာခြားသွားနိုင်ပါတယ်။ ဝိုင်မကြိုက်တဲ့ ကွီးတို့အတွက်လည်း ကော်ဖီမျိုးစုံ၊ ရာသီပေါ် သစ်သီးဖျော်ရည်မျိုးစုံ၊ မော့တေးမျိုးစုံ၊ ကော့တေးမျိုးစုံ၊ ဘီယာပုလင်းမျိုးစုံ စသည်ဖြင့် အစားစာရှိပါတယ်။ ဘီယာပုလင်းများသည်လည်း ၄၀၀၀၊ ၄၅၀၀၊ ၅၀၀၀ စသည်ဖြင့် ရွေးချယ်စရာ အစားစားရှိပြီး၊ ရမ်၊ ဗော့ကာ၊ တကီလာ၊ ဘရန်ဒီ စတဲ့ အယ်လ်ကိုဟော ဖျော်ရည်မျိုးစုံကိုလည်း မြည်းစမ်းသောက်သုံးနိုင်ပါသေးတယ်။

ပန်းဆိုးတန်း ဘား

Photo: Facebook

ဒီဆိုင်လေးမှာ ဘားထိုင်ချင်တယ်ဆိုရင်တော့ အမှတ် (၈၁) ၊ ပန်းဆိုးတန်း လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြားက ဘား နှင့် စားသောက်ဆိုင်လေးဆီသို့ အရောက်လှမ်းသွားလိုက်ပါ။

Prince Bar

ပန်းဆိုးတန်း ဘား

Photo: Facebook

နောက်ထပ် ဖော်ပြပေးမယ့်ဆိုင်ကတော့ လူငယ်ဆန်ဆန်နဲ့ ပကာသနမရှိ ပေါ့ပေါ့ပါးပါး ထိုင်လို့ကောင်းတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ ဆိုင်နာမည်ကတော့ Prince Bar ဖြစ်ပြီး ပန်းဆိုးတန်း လမ်း၊ အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်မှာ တည်ရှိတဲ့ ဘား နှင့် စားသောက်ဆိုင်ပဲဖြစ်ပါတယ်။

ရော့ခ် တေးဂီတကို နှစ်သက်သူများအတွက် BLACK COTTON MUSIC Band အဖွဲ့က Rocker ကြီး Nan Htet Htet Thu ရဲ့ ဖျော်ဖြေတင်ဆက်မှုကလည်း လူကြိုက်များပါတယ်။ ရော့ခ်ဂီတကို မကြိုက်ဘူး DJ နဲ့ ဒွန့်ချင်တဲ့ ကွီးတို့အတွကလည်း အပီကဲနိုင်အောင် စီစဥ်ပေးထားပါသေးတယ်။ ဒါတင်မကသေးပါဘူး၊ Unplugged Live Music နဲ့ ဖျော်ဖြေတင်ဆက်မှုများလည်း ရှိတဲ့အတွက်ကြောင့် ဘီယာလေးသောက်လိုက် တေးဂီတများနှင့် ငြိမ့်လိုက် ပြုလုပ်ချင်သူများအတွက် အကောင်းဆုံးသော ရွေးချယ်မှုပဲဖြစ်ပါတယ်။

ပန်းဆိုးတန်း ဘား

Photo: Facebook

အမြည်းတွေ အနေနဲ့လည်း ထိုင်းငါးဖယ်ကြော်၊ ကြက်သားဖက်ထုပ်ကြော်၊ ငါးသားချောင်းကြော်၊ အီတလီ ဒိန်ခဲချာင်းကြော်၊ ကင်းမွန်ကွင်းကြော်၊ ပုစွန်တန်ပူရာ အစရှိတဲ့ အစားအစာများက ဈေးနှုန်းသက်သက်သာသာနဲ့ မှာယူစားသောက်နိုင်ပြီး အသုပ်မျိုးစုံ၊ ဘာဘီကျူးမျိုးစုံကိုလည်း မှာယူစားသောက်နိုင်ပါတယ်။ အရသာ ယစ်မူးသွားစေမယ့် ကော့တေးများ၊ ဘီယာများကိုလည်း ကွီးတို့စိတ်ကြိုက် တစ်ဝကြီး မှာယူသောက်သုံးနိုင်ပါသေးတယ်။

Featured Image: OmnivoreMyanmar