ပါတီပွဲ များကို သင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စီးပွားရေးလုပ်ငန်း လုပ်လာပြီဆိုရင်တော့ ပါတီပွဲတွေ မတက်မဖြစ်တက်ရတော့မှာဖြစ်ပါတယ်။ ရုံးတွင်းပါတီပွဲများ၊ မိတ်ဆွေအပေါင်းအသင်းများနဲ့ အကျဉ်းချုံးပြုလုပ်တဲ့ ပါတီပွဲများသည်လည်း ရှောင်လွဲလို့မရဘဲ တစ်ကွေ့မဟုတ်တစ်ကွေ့တော့ တက်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ပါတီပွဲ တက်ရတော့မယ်ဆိုရင် သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန် အချက်များ ရှိပါတယ်။

အခုဖော်ပြပေးမယ့် ပါတီပွဲ တက် ဆောင်ရန် ရှောင်ရန် များကို သိထားမယ်ဆိုရင်တော့ ကွီးတို့သည် ပါတီပွဲမှာ ပေါ်ပြူလာဖြစ်နေမှာ အမှန်ပါပဲ။

မျက်လုံးချင်း စကားပြောပါ

ပါတီပွဲ ဆောင်ရန် ရှောင်ရန်

Photo: Bornrealist

အခြားတစ်ယောက်နဲ့ သွားရောက်ကာ မိတ်မဆက်ခင်မှာ အရင်ဦးဆုံး မျက်လုံးချင်းဆုံပြီး စကားပြောကြည့်လိုက်ပါ။ တစ်ဖက်ကလည်း သင့်နဲ့ မျက်လုံးချင်းဆုံပြီး စကားပြန်ပြောတယ်ဆိုရင်တော့ နှစ်ဦးသား မိတ်ဆွေဖွဲ့လို့ရပါပြီ။ တစ်ခုသတိထားရမှာကတော့ အခြားသူကို စူးစူးရဲရဲကြီး စိုက်မကြည့်ဖို့တော့ လိုပါလိမ့်မယ်။

ခန္ဓာကိုယ်ကို သက်သောင့်သက်သာနှင့် ခါးမတ်မတ်ထားပါ

ပါတီပွဲ ဆောင်ရန် ရှောင်ရန်

Photo: Luxedigital

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပါ။ တစ်ယောက်တည်း ပွဲတက်ရတဲ့အခါမှာလည်း ပိုလို့တောင် ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ယုံကြည်မှု မရှိလည်း ရှိသယောင်သာ ဆောင်လိုက်ပါ။ သင် ဟန်ဆောင်နေတယ်ဆိုတာကို ဘယ်သူမှ ရိပ်မိမှာမဟုတ်ပါဘူး။

ပြုံးပါ

ပါတီပွဲ ဆောင်ရန် ရှောင်ရန်

Photo: Nohat

သိတဲ့သူကိုပဲ ဖြစ်စေ၊ မသိတဲ့သူကိုပဲဖြစ်စေ ပြုံးပြဖို့ ဝန်မလေးပါနဲ့။ အပြုံးတစ်ပွင့်က သင့်ကို ဖော်ရွေတဲ့လူတစ်ယောက်ပါလားလို့ အထင်ခံရစေပါလိမ့်မယ်။ ပါတီပွဲမှာ ချေနေမယ်ဆိုရင်တော့ သင့်အနားမှာ ဘယ်သူမှ မိတ်ဆွေလာဖွဲ့ချင်မှာ မဟုတ်ပါဘူး။

ပေါ့ပေါ့ပါးပါးဖြင့် စကားစမြည်ပြောပါ

ပါတီပွဲ ဆောင်ရန် ရှောင်ရန်

Photo: Unsplash

ပါတီပွဲတက်တဲ့အခါ ကိုယ်နဲ့ မသိတဲ့သူစိမ်းတွေနဲ့လည်း စကားစမြည်ပြောတတ်ဖို့လိုအပ်ပါလိမ့်မယ်။ တကယ်လို့ ကိုယ်က ကိုယ့်ရဲ့သူငယ်ချင်းများနှင့် အတူတူပွဲတက်မယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် တစ်ယောက်တည်းဆို အနည်းငယ် ကြောင်တောင်တောင်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ထိုအခြေအနေမျိုးမှ ကျော်လွန်ဖို့ရန်အတွက်ဆိုရင် စကားစမြည်ပြောကြည့်လိုက်ပါ။

ဘာအလုပ်လုပ်သလဲ။ ဘယ်မှာနေသလဲ။ ဒီဝီစကီကို ကြိုက်ရဲ့လား စသည်ဖြင့် ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အကြောင်းအရာမျိုးကို ရွေးချယ်ကာ ပြောသင့်ပါတယ်။

သတိထားရမယ့်အချက်ကတော့ သူတစ်ပါးရဲ့ အတွင်းကျကျအချက်များကို (ဥပမာ-လစာ ဘယ်လောက်ရသလဲ) မပြောမိဖို့ ရှောင်ကြဉ်သင့်ပါတယ်။

ဖုန်းချည်းပဲ သုံးမနေပါနဲ့

party tips for kwee

Photo: iStock

စိတ်လွတ်လက်လွတ်ပျော်ပါးချင်လို့ ပါတီပွဲလာတက်တာမဟုတ်လား။ ဖုန်းချည်းပဲ သုံးနေမယ်ဆိုရင်တော့ ပါတီအငွေ့အသက်များကို သင် အပြည့်အဝ ခံစားရမှာမဟုတ်တော့ပါဘူး။ အိမ်ပြန်ရောက်တဲ့အခါ သင့်ဖုန်းကို အဝသုံးနိုင်ပါတယ်။ ပါတီပွဲ တက်နေချိန်မှာတော့ မြူးတူးကခုန်ကာ သီချင်းသံစဉ်များနှင့် စီးမျောရင်း အဆုံးစွန်ထိ ပျော်ပါးလိုက်ပါ။

ဘယ်အချိန်မှာ ပြန်ရမလဲ

party tips for kwee

Photo: Nohat

ဘာစကားတစ်ခွန်းမှ မဆိုဘဲ ရုတ်တရက်ပျောက်သွားတာမျိုး ပြုလုပ်သင့်တယ်လို့ ထင်ပါသလား။

တကယ်တော့ ဒီလိုအပြုအမူမျိုးသည် မယဉ်ကျေးတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ အနည်းဆုံးတော့ ပါတီ Host ကို နှုတ်ဆက်စကားပြောသင့်ပါတယ်။ နှုတ်ဆက်စကားပြောတဲ့အခါမှာလည်း ဒီပါတီပွဲတက်ရတာ ပျော်ရွှင်ရကြောင်း၊ ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း စသည်ဖြင့် ပြောဆိုကာ နှုတ်ဆက်စကားဆိုသင့်ပါတယ်။

အခုဖော်ပြပေးသွားတဲ့ အချက်များကတော့ ပါတီပွဲ တက်သူတိုင်း သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန် အချက်များပဲဖြစ်ပါတယ်။

ကွီးတို့လည်း ပါတီပွဲတက်ရင်း ဆောင်ရန် ရှောင်ရန် အချက်များကို ကျင့်သုံးကာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်များ ပိုင်ဆိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Source: Nytimes

Featured Image: Brides