ပါတီပွဲတစ်ခု ကျင်းပတဲ့အခါ အရေးအကြီးဆုံးအရာက ဘာတွေဖြစ်မယ်လို့ထင်ပါသလဲ။ အားလုံးအတွက် အမှတ်ရဖြစ်စေပြီး ပျော်ရွှင်ရတဲ့ ပါတီပွဲ တစ်ခုဖြစ်ဖို့ဆိုရင် အစားအသောက် တည်ခင်းဧည့်ခံခြင်းအပြင် သီချင်း ရွေးချယ်မှုသည်လည်း အရေးကြီးပါတယ်။

ဒီလိုမျိုး မေ့မရတဲ့ ပါတီပွဲ တစ်ခု ဖန်တီးချင်ပေမယ့် ဘယ်လို သီချင်း ကောင်းတွေ ရွေးချယ်ကာ ပါတီကို အသက်ဝင်လာအောင် ပြုလုပ်ရမလဲ အကြံအိုက်နေကြသူတွေအတွက် နည်းလမ်းကောင်းများ ဝေမျှပေးချင်ပါတယ်။

ဒီနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ သက်ဝင်လှုပ်ရှားပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပါတီပွဲ တစ်ခုကို ဖန်တီးနိုင်ပြီး သီချင်း များနှင့်အတူ စိတ်လှုပ်ရှားကာ တက်တက်ကြွကြွခုန်ပေါက်ပျော်မြူးနိုင်မှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ပါတီပွဲကို ဘယ်သူတွေ လာမှာလဲဆိုတာ ဆုံးဖြတ်ပါ

ပါတီပွဲ သီချင်း

ကိုယ့်ပါတီပွဲကို ဘယ်သူတွေကို ဖိတ်ပြီးသွားပြီလဲဆိုတာ ပြန်စဉ်းစားကြည့်လိုက်ပါ။ ဘယ်သူတွေကတော့ လာနိုင်လောက်မလဲ။ အသက် အရွယ်အပိုင်းအခြားက ဘယ်လောက်လောက်ရှိမလဲ စတာတွေကို တွက်ကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ သတ်လက်ပိုင်းအရွယ်တွေ အလာများမယ်ဆိုရင်တော့ သူတို့ခေတ်အခါက နာမည်ကြီးတဲ့ သီချင်းများကို ရွေးချယ်ပါ။ လူငယ်တွေအလာများမယ်ဆိုရင်တော့ လူငယ်ကြိုက်သီချင်းများကို ရွေးချယ်ကာ မြူးတူးကခုန်နိုင်ပါတယ်။

ဘယ်လိုပါတီအမျိုးအစားလဲ

ပါတီပွဲ သီချင်း

ညစာစားပွဲပါတီလား (သို့) Gathering ပါတီလား (သို့) ရုံးပါတီလား စသည်ဖြင့် ပါတီအမျိုးအစားများ အများအပြားရှိပါတယ်။

ညစာ စားပွဲပါတီဆိုရင်တော့ သာယာညိမ့်ညောင်းတဲ့ သီချင်းကို မတိုးမကျယ်လေး ဖွင့်ထားပေးလိုက်ပါ။ ဒါမှ စကားလည်းပြော ညစာလည်းစားရင်းနဲ့ သီချင်းလေးကို ညိမ့်ညိမ့်ညောင်းညောင်း ခံစားနိုင်မှာဖြစ်ပါတယ်။

ဘော်ဒါတွေအချင်းချင်းပဲ ပါတီလုပ်တာဆိုရင်တော့ သူတို့တွေရဲ့အကြိုက် အဆိုတော်တွေရဲ့သီချင်းများကို စုစည်းကာ ဖွင့်နိုင်ပါတယ်။

Theme တစ်ခု ရွေးချယ်ပါ

ပါတီပွဲ သီချင်း

၉၀ ပြည့်နှစ်က သီချင်းတွေ ဖွင့်ချင်တာလား။ (သို့) ၂၀၁၀ ပြည့်နှစ် သီချင်းတွေလား။ ကိုယ် နှစ်သက်တဲ့ အချိန်ကာလအပိုင်းအခြားတစ်ခုကို ရွေးချယ်လိုက်ပါ။ ထို့နောက် ထိုသီချင်းများရဲ့ Theme ကို ရွေးချယ်ကာ သီချင်းများဖြင့် ပျော်ပါးနိုင်ပါတယ်။

သီချင်းများကို အမျိုးအစားတူရာ စုထားပါ

party music

ဒွန့်ရမယ့် သီချင်းဆိုလည်း အဒွန့်ချည်းပဲ တစ်လိုင်း စုထားပါ။ အဆွေးသီချင်းဆိုလည်း အဆွေးချည်းပဲ တစ်လိုင်း သပ်သပ်စုထားပါ။ သီချင်းတွေကို Shuffle ဖွင့်နေသလိုမျိုး ဗြောက်သောက်ဖွင့်နေမယ်ဆိုရင်တော့ ပွဲလာတဲ့ ပရိသတ်တွေလည်း ကခုန်ရမလိုလို၊ လွမ်းဆွေးရမလိုလို လမ်းပျောက်သွားပါလိမ့်မယ်။ ဒါ့ကြောင့် သီချင်းတွေကို Album အလိုက် အမျိုးအစားတူရာစုထားသင့်ပါတယ်။

စပီကာကောင်းကောင်း အသုံးပြုဖို့လိုပါမယ်

speakers for party

Photo: Audio-discounters

ကိုယ့်ပါတီသည် လူဘယ်နှစ်ယောက်လာမလဲ။ ပါတီအကြီးစားလား (သို့) အသေးစား အိမ်တွင်းပါတီလေးပဲလား။ ကိုယ့်ရဲ့ ပါတီ အခန်းအကျယ်ပေါ် မူတည်ပြီး ကွာလတီကောင်းတဲ့ စပီကာတစ်လုံးရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။ နို့မဟုတ်ရင် သီချင်းသံက တစ်နေရာက ကြားရလိုက်၊ နောက်တစ်နေရာရောက်တော့ မကြားရလိုက်နဲ့ ဖီးလ်ငုတ်သွားပါလိမ့်မယ်။

ဒီအချက်လေးတွေသိထားမယ်ဆိုရင်တော့ ပါတီပွဲ ကျင်းပတဲ့အခါ ဘယ်လို သီချင်း သံများနှင့် သက်ဝင်လှုပ်ရှားလာအောင် ပြုလုပ်နိုင်မလဲဆိုတာ ပါတီချစ်သူများအားလုံးလည်း သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

Source: Suburbia-unwrapped

Featured Image: Fashionisers