ပါတီ တွေက သူငယ်ချင်းတွေ၊ မဆုံရတာကြာတဲ့ မိတ်ဆွေတွေ၊ မိတ်ဆွေသစ်တွေနဲ့အတူ စားသောက်ပျော်ရွှင်ကြတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲလေးတစ်ခုပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်ဖို့ပါတီတတ်ရတာ အခက်အခဲမရှိပေမဲ့လည်း ကိုယ်တိုင်ပါတီတစ်ခုကို ပြင်ဆင်ရတော့မယ်ဆိုရင်တော့ တကယ်မလွယ်ကူပါဘူး။ ဒါကြောင့် ကွီးတို့ ကိုယ်တိုင် ပါတီပွဲ တစ်ခုကို ဦးဆောင်ပြင်ဆင်ရမယ်ဆိုရင် သိထားရမဲ့အချက်များ ကိုဖော်ပြပေးချင်ပါတယ်။
(၁) ပါတီအမျိုးအစား
Photo : 116 Pall Mall
ကွီးတို့ ကိုယ်တိုင် ပါတီပွဲ တစ်ခုကို ဦးဆောင်ပြင်ဆင်ရမယ်ဆိုရင် အရင်ဆုံး စဉ်းစားရမှာကတော့ ဘယ်လိုပါတီမျိုး လုပ်မလဲဆိုတာပါပဲ။ ကွီးတို့အိမ်မှာပဲ ဧည့်သည်နည်းနည်းနဲ့ အိမ်တွင်းပါတီလုပ်မလား၊ ခြံထဲမှာပဲ BBQ ပါတီလုပ်မလား၊ ဝိုင်ပါတီပဲလုပ်မလား၊ ဒါမှမဟုတ် နေရာတစ်ခုငှားရမ်းပြီးလူများများနဲ့ ပါတီတစ်ခုလုပ်မလားဆိုတာ ဆုံးဖြတ်ရပါမယ်။ ကွီးတို့ပါတီလုပ်ရတဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ပါတီအမျိုးအစားလည်း ကွဲပြားသွားပါလိမ့်မယ်။
(၂) ဖိတ်ကြားမဲ့ ဧည့်သည်များ စာရင်းပြုစုပါ
Photo : Scoopearth
ကွီးတို့ လုပ်မဲ့ပါတီအမျိုးအစားကို ရွေးချယ်ပြီးပြီဆိုလျှင် ဖိတ်ကြားမဲ့ ဧည့်သည်တွေကိုလည်း စာရင်းပြုစုရပါမယ်။ ဒီလို စာရင်းပြုစုထားခြင်းဖြင့် ဖိတ်ကြားမဲ့ ဧည့်သည် အရေအတွက်ကို ချင့်ချိန်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ နောက်ဆက်တွဲ လုပ်ဆောင်ရမဲ့ ပါတီနေရာ ရွေးချယ်ခြင်း၊ အစားအသောက်ပြင်ဆင်ခြင်း စသည်တို့ကို ဧည့်သည် အရေအတွက်အလိုက် ဆက်လက်ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
(၃) ပါတီစမဲ့အချိန် နဲ့ ပါတီနေရာရွေးချယ်ပါ
Photo : Office Christmas Parties
ပါတီပွဲ တစ်ခုကို ဦးဆောင်ပြင်ဆင်ရမယ်ဆိုရင် ပါတီ စမဲ့ အချိန်ကို သတ်မှတ်ထားဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှသာ ဧည့်သည်အကုန်လုံး အချိန်မှီရောက်ရှိပြီး လူစုံတတ်စုံနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ ကွီးတို့ပါတီအမျိုးအစားရော ဖိတ်ကြားမည့် ဧည့်သည်အရေအတွက်ပါ သေချာစွာဆုံးဖြတ်ပြီးပြီးဆိုရင် တော့ ပါတီကျင်းပမဲ့နေရာကို ရွေးချယ်ရပါမယ်။
(၄) ပါတီအတွက် သီချင်းရွေးချယ်ပါ
Photo : Digital DJ Tips
ကွီးတို့ ပါတီ တစ်ခုလုပ်တော့မယ်ဆိုရင် အရေးအကြီးဆုံးကတော့ သီချင်းပဲဖြစ်ပါတယ်။ သီချင်းနဲ့ မြူးကြွတဲ့သံစဉ်တွေမပါတဲ့ ပါတီဟာ စိတ်ဝင်စားစရာမကောင်းဘဲ ခြောက်ကပ်ကပ် ဖြစ်နေမှာပါ။ ကွီးတို့အနေနဲ့ နောက်ခံ တေးဂီတပဲဖြစ်ဖြစ် ကိုယ်ရွေးချယ်ထားတဲ့ ပါတီ အမျိုးအစားနဲ့ လိုက်ဖက်တဲ့ တေးဂီတကို တီးခတ်တာက ပျော်ရွှင်စရာကောင်းတဲ့ ပါတီ အငွေ့အသက်ကို ဖန်တီးပေးနိုင်ပါတယ်။ ပါတီ ကျင်းပပြုလုပ်တဲ့နေရာက ကခုန်ဖို့ အလုံအလောက် ကျယ်ဝန်းတယ်ဆိုရင် DJ ပါထည့်သွင်းလိုက်ပါ။
(၅) အဖျော်ယမကာများ၊ စားစရာများကိုပြင်ဆင်ပါ
Photo : Unplash
ပါတီမှာ ထည့်သွင်းဧည့်ခံမဲ့ အဖျော်ယမကာများကိုလည်း ဖိတ်ကြားမဲ့ ဧည့်သည်အလိုက် သေချာတွက်ချက်ရန် လိုပါတယ်။ ပါတီတစ်ခုမှာ အဖျော်ယမကာ သောက်စရာများက လုံးဝကို မပါမဖြစ်တဲ့ အသက်သွေးကြောပါပဲ။ ဘယ်လို အဖျော်ယမကာတွေ ထည့်သွင်းမယ်ဆိုတာ ကျင်းပမဲ့ ပါတီအမျိုးအစား အလိုက် ကြိုတင်စီစဉ်ထားသင့်ပါတယ်။ ပါတီတွေမှာ မဖြစ်မနေ ထည့်သွင်းခံဧည့်ခံရမဲ့ အဖျော်ယမကာများကိုလည်း ကွီးတို့သိထားဖို့ လိုပါတယ်။ ပါတီမှာ ကျွေးမွေးဧည့်ခံမဲ့ အစားအစာများကိုလည်း တွဲဖက်မဲ့ အဖျော်ယမကာနဲ့ လိုက်ဖက်ညီစေရန် သတိထားပြင်ဆင်ရပါမယ်။
ကွီးတို့ရေ အခု ဖော်ပြပေးလိုက်တာကတော့ ကွီးတို့အနေနဲ့ ကိုယ်တိုင် ပါတီပွဲ တစ်ခုကို ဦးဆောင်ပြင်ဆင်ရမယ်ဆိုရင် အခက်အခဲ မရှိစေဖို့ သိထားသင့်တဲ့အချက်များ ပဲဖြစ်ပါတယ်။ ပါတီပွဲ တစ်ခုလုပ်ဖို့ စဉ်းစားနေတာဆိုရင်တော့ ဒီအခြေခံ အချက်လေးတွေက ကွီးတို့အတွက် အထောက်အကူ ဖြစ်စေမှာပါ။
Featured Photo : Nevada