ပါတီပွဲ တွေ ဆင်နွှဲတဲ့အခါ Backdrop တွေသည် အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ စားစရာများ၊ အယ်ကိုဟောဖျော်ရည်များ အလျှံပယ်ပြင်ဆင်ထားပေမယ့် ပါတီပွဲ အတွက် Backdrop များ မပြင်ဆင်ထားဘူးဆိုရင်တော့ ထိုပါတီပွဲသည် ဆားမပါတဲ့ဟင်းတစ်ခွက်လိုဖြစ်သွားပါလိမ့်မယ်။

အိမ်တွင်း ပါတီပွဲ အတွက် ပါတီ Backdrop များ ပြင်ဆင်တဲ့အခါမှာလည်း နည်းလမ်းမျိုးစုံနဲ့ ပြင်ဆင်နိုင်ပါတယ်။ ကွီးတို့ ကြိုက်နှစ်သက်ရာနည်းလမ်းကို ရွေးချယ်နိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် အိုင်ဒီယာများကို လေ့လာကြည့်လိုက်ပါ။

လှပတဲ့ အဝတ်စဖြင့် အလှဆင်ပါ

party

ခန်းစီးလိုက်ကာအရှည်တွေက ပိုပြီးအသုံးတည့်ပါလိမ့်မယ်။ သို့သော် ထိုလိုက်ကာအတွက် Pattern များ၊ အဆင်များ ရွေးချယ်တဲ့အခါ ပါတီပွဲနဲ့ လိုက်ဖက်တဲ့ Pattern မျိုးကို ရွေးချယ်ဖို့ လိုအပ်ပါလိမ့်မယ်။

ပလပ်စတစ် အလှဆင်ကြိုးများ အသုံးပြုပါ

party

အိမ်တွင်း ပါတီပွဲ နံရံကို ဗြောင်ကြီး မထားချင်ဘူးဆိုသူများအတွက် ဒီလိုအလှဆင်ကြိုးများ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ထိုကြိုးများ ရွေးချယ်တဲ့အခါမှာလည်း အရောင်အတွဲအစပ်ကို သေချာဂရုတစိုက် ရွေးချယ်သင့်ပါသေးတယ်။ အရောင်များက စပ်ဟပ်နေမှသာလျှင် ပါတီအပြင်အဆင်ကလည်း အသက်ဝင်နေမှာပါ။

ရောင်စုံမီးလုံးများဖြင့် နံရံနှင့် မျက်နှာကျက်တစ်ခုလုံး အလှဆင်ထားပါ

ပါတီပွဲ Backdrop

သင့်အနေနဲ့ Backdrop ပြင်ဆင်ရတာ အာရုံနှောက်တယ်၊ ရိုးရိုးရှင်းရှင်းနဲ့ လှလှပပလေးဖြစ်သွားအောင် နီယွန်မီးလုံးများ၊ ရောင်စုံမီးလုံးများဖြင့်လည်း အလှဆင်နိုင်ပါတယ်။ အခန်းတစ်ခုလုံးကိ အမှောင်ချထားပြီး မီးလုံးများဖြင့် မျက်နှာကျက်နှင့် နံရံများပေါ် ထိုးထားမယ်ဆိုရင် ပါတီပွဲနဲ့ ပိုတူသွားမှာပဲဖြစ်ပါတယ်။

ဘောလုံးများ အသုံးပြုပါ

ပါတီပွဲ Backdrop

ဘောလုံးများသည်လည်း ပါတီပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်။ လိုက်ဖက်တဲ့ ဘောလုံးအရောင်များကို အသုံးပြုကာ ပါတီကြမ်းပြင်တစ်လျှောက် ဖြန့်ကျဲထားခြင်း (သို့) နံရံနှင့် ထိကပ်နေအာင် ပြုလုပ်ထားခြင်း စသည်ဖြင့် မိမိစိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။

အလှဖယောင်းတိုင်များဖြင့် အလှဆင်ပါ

ပါတီပွဲ Backdrop

ရိုမန့်တစ် Theme မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ သို့သော် ဖယောင်းတိုင် အသုံးပြုမယ်ဆိုရင် အဝတ်စဖြင့် အလှဆင်တဲ့နည်းကို (လုံးဝ) အသုံးမပြုလိုက်ပါနဲ့။ မတော်တဆ မီးလောင်တာတွေ မဖြစ်ပွားအောင် ရှောင်ကြဥ်ရပါမယ်။

ခေါင်းအုံးများဖြင့် အလှဆင်ပါ

ပါတီပွဲ Backdrop

အပြင်လူမပါဘဲ ကိုယ့်ဘော်ဒါအချင်းချင်းနဲ့ ပေါ့ပေါ့ပါးပါး အချိန်ကုန်ဆုံးချင်တယ်ဆိုရင်တော့ ကြမ်းပြင်တစ်လျှောက်မှာ ကော်ဇောများ ခင်းထားပြီး ခေါင်းအုံးများကို စီစီရီရီ စီထားလိုက်ပါ။ စိတ်လွတ်လက်လွတ် လှဲလျောင်း အနားယူတာမျိုးပဲဖြစ်ဖြစ်၊ ပါတီဂိမ်းများ ဆော့ကစားတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် မီးလုံးများ ချိတ်ဆွဲထားကာ ပါတီပွဲကို အသက်ဝင်အောင် ဖန်တီးနိုင်ပါသေးတယ်။

Source: Blisslights

Featured Image: Catchmyparty