ပါတီ သွားခြင်း ကလပ် တက်ခြင်းတို့သည် ယနေ့ခေတ် လူငယ်တွေအတွက် နှစ်သက်ကြတဲ့အရာတွေပဲဖြစ်ပါတယ်။ ကိုယ့်သူငယ်ချင်းအိမ်မှာပဲ ပါတီ ပွဲကျင်းပတာမျိုးလည်း ရှိသလို ဘားတို့ ကလပ် တို့သွားပြီး စိတ်လွတ်လက်လွတ်ပျော်ပါးကြတာမျိုးလည်းရှိပါတယ်။ ကွီးတို့ရော အိမ်တွင်း ပါတီ ပွဲမျိုးကို နှစ်သက်ပါသလား (သို့) ဘားသွားထိုင်ပြီး ကခုန်မြူးတူးကာ ကလပ် တက်ရတာမျိုးကို သဘောကျပါသလား။

သူ့နေရာပေါ် လိုက်ပြီး အားသာချက်များသည်လည်း အလိုလိုကွဲပြားသွားမှာပဲဖြစ်ပါတယ်။ အိမ်တွင်း ပါတီ ပွဲ တက်သည်ပဲဖြစ်ဖြစ် ကလပ် တက်ပြီး ပျော်ပါးတာမျိုးပဲဖြစ်ဖြစ် ဘေးကင်းကင်းနဲ့ အဆုံးစွန်ထိ ပျော်ရွှင်ချင်တယ် ဆိုရင်တော့ ဆောင်ရန် ရှောင်ရန်အချို့ကို သိထားဖို့လိုပါလိမ့်မယ်။

မိမိအယုံကြည်ရဆုံး ဘော်ဒါတစ်ယောက်နဲ့ အတူတူသွားပါ

ပါတီ ကလပ်

ဒီအချက်သည် အရေးကြီးဆုံးပဲဖြစ်ပါတယ်။ ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ပါတီ သွားမယ်၊ ကလပ်တက်မယ်ဆိုရင် ကိုယ် ယုံကြည်ရတဲ့ သူငယ်ချင်းတစ်ယောက်ကို ခေါ်သွားသင့်ပါတယ်။ အထူးသဖြင့် ကွီးတို့အနေနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် ကလပ်တက်တာမျိုးဆိုရင် ပိုလို့တောင် ခေါ်သွားသင့်ပါတယ်။ ဒါမှသာ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်နိုင်မှာဖြစ်ပြီး အရေးကြုံလာပါက တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်နဲ့အတူတူ အဖော်လိုက်တဲ့ သူငယ်ချင်းတစ်ယောက်မဟုတ်ဘဲ အခြားတစ်ယောက်ကိုလည်း သင်တို့နှစ်ယောက် ဘယ်ပါတီ သွားမှာလဲ၊ ထိုနေရာက ဘယ်နားမှာရှိသလဲဆိုတာကိုပါ ပြောပြထားဖို့ လိုအပ်ပါလိမ့်မယ်။

ဘိုကင်ယူထားပါ

ပါတီ ကလပ်

ကိုယ့်ကို နာမည်နဲ့တကွ ဖိတ်စာပေးပို့ကာ ဖိတ်ကြားလာတဲ့ ပါတီပွဲတွေအတွက်တော့ ဘိုကင်ယူထားစရာမလိုပေမယ့် နာမည်ကြီးပြီး လူသွားများတဲ့ ကလပ်များ၊ ဘားများသို့ သွားမယ်ဆိုရင်တော့ ဘိုကင် ကြိုတင်ပြီးမှသွားတာ အကောင်းဆုံးပါပဲ။ ဒါမှသာ နေရာ မရလို့ ယောင်လည်လည်ဖြစ်ရတဲ့အခြေအနေမျိုးကနေ ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

ခပ်မိုက်မိုက် ဝတ်စားသွားပါ

ပါတီ ကလပ်

ဖက်ရှင်ကို ပုံတုံးတုံး ဝတ်စားသွားမယ်ဆိုရင်တော့ သင့်ကို အခြားသူတွေက အထင်သေးသလိုလို လှောင်သလိုလို အကြည့်မျိုးနဲ့ ကြည့်လာကြပါလိမ့်မယ်။ မိမိရဲ့ ဖက်ရှင်ကို ပြင်ပြင်ဆင်ဆင် ဝတ်စားသွားမယ်ဆိုရင်တော့ ဆော်ကြည်ဘဲတစ်ဗွေဖြစ်သွားကာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်သွားပါလိမ့်မယ်။ သူ့နေရာနဲ့သူ ဝတ်စားသွားလာတတ်ဖို့လည်း လိုပါတယ်။ ပါတီပွဲသွားတက်တာဖြစ်တဲ့အတွက်ကြောင့် မြန်မာဆန်ဆန် ပုဆိုးနဲ့ သွားတာထက် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဝတ်ဆင်သွားတာကတော့ အမှန်ကန်ဆုံးသော ရွေးချယ်မှုပဲဖြစ်ပါတယ်။

စိတ်အေးလက်အေးနဲ့ ပါတီ (သို့) ကလပ်တက်ပါ

ပါတီ ကလပ်

ပျော်ချင်လို့ ပါတီသွားတက်ပါတယ်ဆိုမှ သတိထားရမယ့်အချက်တွေကလည်း များလိုက်တာဆိုပြီး စိတ်မညစ်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါ။ ကိုယ်နဲ့အတူတူ ပါတီသွားတက်သူကိုလည်း ဂရုစိုက်ပါ။ စိတ်ကို မွန်းကြပ်မထားဘဲ စိတ်လွတ်လက်လွတ်ဖြင့် ပျော်ပျော်ပါးပါးသာ ပျော်ပစ်လိုက်ပါ။

တစ်ယောက်နဲ့တစ်ယောက် အချက်ပြတာကို နားလည်အောင် ကြိုးစားပါ

tips for partying

ကိုယ်နဲ့ ပါတီအတူတူသွားတဲ့ ဘော်ဒါနဲ့လည်း အချိတ်အဆက်မိအောင် ပြုလုပ်ဖို့မမေ့ပါနဲ့။ မျက်နှာရိပ် မျက်နှာကဲ ပြတဲ့အခါမှာပဲဖြစ်ဖြစ် ခြေဟန်လက်ဟန်ပြတဲ့အခါမှာပဲဖြစ်ဖြစ် နားလည်အောင် ကြိုးစားရပါမယ်။ ဒါမှ အခြားသူတွေကို ပေးမသိစေဘဲ ကွီးတို့နှစ်ယောက်တည်း ဆက်သွယ်စကားပြောနိုင်မှာ ဖြစ်ပါတယ်။

ကားမမောင်းပါနှင့်

tips for partying

Photo: iStock

ဒီအချက်သည် အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ မူးလျှင် မမောင်းနှင့်၊ မောင်းလျှင် မမူးနှင့် ဆိုတဲ့စကားအတိုင်းပဲ ကွီးတို့အနေနဲ့ ပါတီသွားတဲ့အခါမှာ အယ်လ်ကိုဟောဖျော်ရည်ကို သောက်ကြမှာပါပဲ။ ကိုယ့်လစ်မစ်ကို ထိန်းပြီး သောက်တယ်ဆိုပေမယ့်လည်း မူးမှာကတော့ မူးမှာပါပဲ။ မူးပြီး မောင်းတဲ့အခါ ကိုယ့်အတွက်လည်း အန္တရာယ်များသလို အခြားသောသူတွေအတွက်လည်း အန္တရာယ်များတဲ့အတွက်လည်း ကားမမောင်းတာ အကောင်းဆုံးပါပဲ။

Source: Iamaileen

Featured Image: Themanregistry