တစ်ခါမှ ပါတီ ပွဲနှင့် ကလပ်တို့ မသွားဖူးတဲ့ ကွီး တို့အနေနဲ့ ပထမဦးဆုံး ပါတီပွဲသွားတက်မယ်ဆိုရင် သိထားရမယ့်အချက်တွေ အများအပြားရှိပါတယ်။ ထိုအချက်များကို သိထားမယ်ဆိုရင်တော့ ကွီးတို့သည် ကိုယ့်ရဲ့ Nightlife ကို ပါတီ ပွဲမှာ ပျော်ပျော်ကြီး ကုန်ဆုံးကာ ကွီး တို့အတွက် တန်ဖိုးရှိတဲ့အချိန်လေးကို ပိုင်ဆိုင်နိုင်ပါပြီ။

ခင်မင်ရင်းနှီးတဲ့ ဘော်ဒါတစ်ယောက်ကို အဖော်ခေါ်သွားပါ

man at party

ကွီးတို့သည် အခုမှ ပထမဦးဆုံးအကြိမ်အဖြစ် ကလပ်သွားတက်မှာ ပါတီပွဲမှာ ပျော်ပါးမှာဆိုရင် တစ်ယောက်တည်း သွားတာထက် အဖော်တစ်ယောက်ပါသွားတာ ပိုမိုစိတ်လုံခြုံမှုရှိပါတယ်။ တစ်ယောက်ကို တစ်ယောက်လည်း အဖော်ပြုနိုင်ပြီး အခြားသောဘေးအန္တရာယ်များ မကျရောက်လာအောင်လည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။

ဖက်ရှင်ကျကျ ဝတ်စားသွားပါ

man fashion

ဖက်ရှင်ကျကျ ဝတ်စားသွားလာခြင်းသည် ကွီးတို့ကို လူပုံအလယ်မှာ ကြည့်ကောင်းပြီး ဆွဲဆောင်မှုတိုးစေပါတယ်။ ဒါ့အပြင် ကိုယ့်သွားမယ့် ပါတီပွဲအမျိုးအစားပေါ် လိုက်ပြီးလည်း အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

အမိုက်စား ဖျော်ရည်များ သောက်ဖို့ မမေ့ပါနဲ့

party drinks

ပါတီပွဲနှင့် ကလပ်များ ရောက်ပြီဆိုမှတော့ ကော့တေးများ၊ ဝိုင်များ မသောက်လို့ ဘယ်ပြီးပြည့်စုံနိုင်ပါ့မလဲ။ ထိုအမိုက်စား ဖျော်ရည်များ သောက်သုံးပြီး ကွီးတို့ရဲ့ Nightlife ကို ပျော်ပျော်ပါးပါးကြီး ကုန်ဆုံးနိုင်ပါတယ်။ အဖော်တစ်ယောက်ပါတဲ့အတွက်ကြောင့် ကွီးတို့ ကြိုက်သလောက် သောက်နိုင်ပါတယ်။ သို့သော် နှစ်ယောက်စလုံး အလွန်အကျွံ မမူးဘဲ ကိုယ့်ရေချိန် ကိုယ် ထိန်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

တစ်နေရာတည်းမှာပဲ မနေပါနဲ့

ပါတီ ကွီး

တစ်နေရာတည်းမှာပဲ ကျောက်ချပြီး နေခြင်းက ပျော်စရာမကောင်းပါဘူး။ သင်တို့ ဘော်ဒါနှစ်ယောက်အပြင် အခြားသော ဘော်ဒါအသစ်များ ထပ်ဖွဲ့ချင်တယ်ဆိုရင်တော့ ကလပ်အတွင်းရှိ နေရာမျိုးစုံကို တဖြည်းဖြည်းချင်းစီ ရွေ့ကာ နယ်မြေသစ် ဖန်တီးနိုင်ပါတယ်။

ပျော်ပျော်ပါးပါး ကခုန်ပါ

ပါတီ ကွီး

မကတတ်လို့ဆိုပြီးတော့ ထိုင်ခုံမှာပဲ ထိုင်ပြီး သူများတွေ ပျော်ပါးကခုန်နေတာချည်းပဲ ထိုင်ကြည့်မနေပါနဲ့။ မကတတ်ဘူးဆိုရင်တောင်မှ သင့်ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရွပေးနိုင်တယ်မဟုတ်လား။ သီချင်းလေးရဲ့ သံစဉ်အတိုင်း ခန္ဓာကိုယ်ကို ယိမ်းထိုးလှုပ်ရှားပေးလိုက်ပါ။ လွတ်လပ်ပေါ့ပါးတဲ့ ခံစားချက်ကို ခံစားရပါလိမ့်မယ်။

နောက်တစ်နေ့ မနက်မိုးလင်းလာတဲ့အခါ

ပါတီ ကွီး

နောက်တစ်နေ့ မိုးလင်းလာတဲ့အခါ ညက သောက်ထားတဲ့အရှိန်ကြောင့် အရက်နာကျသလိုဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် အိမ်ပြန်ရောက်ပြီး အိပ်ရာ မဝင်ခင်ကတည်းက ရေ တစ်ခွက် အဝသောက်လိုက်ပါ။

အိပ်ရာနိုးလာတဲ့အခါမှာလည်း ရေတစ်ခွက် အဝသောက်လိုက်ပါ။ ထို့နောက် ရေအေးဖြင့် ရေချိုးလိုက်ပါ။ ပြန်လည်လန်းဆန်းတက်ကြွလာပါလိမ့်မယ်။ ထို့နောက် မနက်စာ စားစရာရှိတာ စားကာ ပုံမှန်လုပ်ဆောင်နေကြ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ပြီပဲဖြစ်ပါတယ်။

Source: Iamaileen

Featured Image: Discotech