ပါတီ ပွဲတွေဟာ ပုံစံဒီဇိုင်း ကာလာစုံတဲ့ လူပေါင်းစုံ မြင်တွေ့နိုင်တဲ့ နေရာတစ်ခုလို့ ပြောရင် မမှားနိုင်ပါဘူး။ အသောက်တစ်လိုင်း ဆိုတဲ့သူတွေကစလို့ ဆယ်လ်ဖီဆွဲ သူတွေ ၊ အသည်းကွဲနေသူတွေအဆုံး ပုံစံမျိုးစုံ လူအမျိုးမျိုးကို ပါတီပွဲတွေမှာ တွေ့နိုင်ပါတယ်။ မတူညီတဲ့ ပါတီ ပွဲတွေ ဘယ်လောက်ပဲ များများ အခုပြောပြမယ့် လူအမျိုးအစား တွေကိုတော့ ပါတီပွဲတိုင်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
(၁) Hard Core Dancer များ
Photo : ReshareIt
သူတို့ကတော့ တီးလုံးသံကြားတာနဲ့ က မယ်ဆိုတဲ့ သူတွေပါ။ ကခုန်ခြင်းကို အင်မတန်ရူးသွပ်ကြသူတွေလို့ ပြောနိုင်ပါတယ်။ DJ ဘာဖွင့်ဖွင့် စည်းချက်အညီ မမောတမ်း ကခုန်နိုင်ကြတဲ့ Hard Core Dancer တွေကို ပါတီ ပွဲတိုင်းမှာ တွေ့ရမှာ ဖြစ်ပါတယ်။
(၂) အတွေးသမားများ
Photo : ReshareIt
ပါတီထဲ ၊ ကလပ်ထဲမှာ တစ်ခါတစ်လေ အတွေးအခေါ်ပညာရှင်တွေလားလို့ ထင်မှတ်ရတဲ့ အတွေးသမားတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ က လည်းမက ၊ သောက်လည်း မသောက်ဘဲ ဘားကောင်တာနားမှာ အရက်ခွက် ကိုင်ပြီး တွေတွေကြီးရပ်ကာ စဉ်းစားနေကြ သူတွေပါ။ ဘာတွေ တွေးနေလဲဆိုတာတော့ သူတို့နဲ့တွေ့တဲ့အခါ မေးကြည့်လှည့်ပါ။
(၃) မျက်စိအစာကျွေးသူများ
Photo : ReshareIt
ဒီလိုလူတွေကတော့ ပါတီတိုင်းမှာ အမြဲမြင်တွေ့ရတဲ့ သူတွေပါပဲ။ ပါတီထဲက အလန်းဆုံး ၊ အဟော့ဆုံးဆိုတဲ့ ကောင်မလေးတွေကို မျက်စိတောက်ထောက်လိုက်ကြည့်ရင်း မျက်စိအစာကျွေးကြသူတွေ ဖြစ်ပါတယ်။
(၄) Alcohol Lover များ
Photo : ReshareIt
သူတို့ကတော့ သောက်နေရရင်ကို ပျော်နေကြသူတွေပါ။ Alcohol နဲ့ ပတ်သတ်ရင် ဘာလာလာဒေါင်းတဲ့သူတွေလည်း ဖြစ်ပါတယ်။ အရက်လေးများ မူးလာရင်လေ ခင့်ကိုလည်း ခွင့်လွှတ်တယ် ၊ ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်တယ်ဆိုတဲ့ ပျော်ပျော်ကြီး သောက်ကြသူတွေ ဖြစ်ပါတယ်။
(၅) အိမ်မပိုင်သူများ
Photo : ReshareIt
ပါတီ အရှိန်ကောင်းနေပြီဆိုရင် အိမ်ပြန်ဖို့ တာဆူနေကြသူတွေကိုလည်း မြင်ဖူးကြပါလိမ့်မယ်။ အိမ်က ဖုန်းတွေ တဂွမ်ဂွမ်ဆက်လို့ မပျော်နိုင်ရှာတော့တဲ့ အိမ်မပိုင်သူများအဖွဲ့က သက်သက်ကို ရှိပါတယ်။
(၆) သီချင်းချစ်သူများ
Photo : ReshareIt
သူတို့ကတော့ DJ ဖွင့်လိုက်တဲ့ သီချင်းတိုင်းကို မနားတမ်းလိုက်ဆိုကြသူတွေ ဖြစ်ပါတယ်။ ဘာ သီချင်းဖွင့်ဖွင့် သူတို့မရတဲ့ သီချင်းမရှိပါဘူး။ ဆိုစရာမရှိရင် တီးလုံးကအစ ပါးစပ်နဲ့ လိုက်ဆိုကြတဲ့ အကြီးစား Music Lover ကြီးတွေ ဖြစ်ပါတယ်။
(၇) စီစဉ်သူများ
Photo : ReshareIt
သူတို့ကတော့ ပါတီတစ်ခုရောက်ရင် ဘော်ဒါတွေအတွက် အသောက်အစား ရေမီးအစုံ အားလုံးစီစဉ်ပေးနေတဲ့ စီစဉ်သူကြီးတွေ ဖြစ်ပါတယ်။
(၈) ဆယ်လ်ဖီဆွဲကြသူများ
Photo : ReshareIt
ဒီလူတွေကတော့ ပါတီမှာ ကဲဖို့လာတာလား ၊ ဆယ်လ်ဖီလာဆွဲကြတာလား မသဲကွဲသူတွေပါ။ ပါတီထဲမှာ ဆယ်လ်ဖီဆွဲကြရုံမက Toilet ဝင်တဲ့အချိန်မှာတောင် ဆယ်လ်ဖီဆွဲမပြတ်ကြတဲ့ Selfie Clicker တွေ ဖြစ်ပါတယ်။
(၉) ရို နိုင်ကြသူများ
Photo : ReshareIt
ပါတီကို ချစ်သူရည်းစား အဖော်မပါဘဲလာတဲ့သူတွေအတွက် အားကျလောက်အောင် ရိုနိုင်ကြတဲ့ စုံတွဲတွေကိုလည်း ပါတီပွဲတိုင်းမှာ တွေ့နိုင်ပါတယ်။
(၁၀) ပါတီမကြိုက်သူများ
Photo : ReshareIt
ပါတီပွဲတွေ သွားလေ့သွားထမရှိပေမယ့် ဘော်ဒါတွေအတင်းခေါ်လို့ လိုက်လာရသူတွေလည်း ပါတီပွဲတွေမှာ တွေ့ရတက်ပါတယ်။ သူတို့ကတော့ ရှုပ်ရှက်ခက်နေတဲ့ လူအုပ်ကြီးနဲ့ ဆူညံ့သံတွေကြားမှာ စိတ်ညစ်ညစ်နဲ့ ဘူနေကြသူတွေဘဲ ဖြစ်ပါတယ်။
ကဲ ကွီးတို့ရော အခုပြောပြခဲ့တဲ့ လူအမျိုးအစားတွေထဲက နံပါတ် ဘယ်လောက်နဲ့ တူနေပါသလဲ။ ဒီလိုလူတွေနဲ့ တိုက်ဆိုင်တဲ့ ဘော်ဒါတွေကိုလည်း မန့်ရှင်းခေါ်လိုက်ဦး။
Featured Photo : That Sweet Gift