ပါတီ နဲ့ ဂီတ ဆိုတာ အမြဲဆက်စပ်နေတာပါ။ ဂီတသံစဉ်တွေမပါတဲ့ ပါတီပွဲတစ်ခုက ဆားမပါတဲ့ ဟင်းတစ်ခွက်လို ပေါ့ရွက်ရွက် ဖြစ်နေပါလိမ့်မယ်။ ပါတီပွဲတစ်ခု ကျင်းပတဲ့အခါ DJ တစ်ယောက်ငှားဖို့ဆိုတာကလည်း Budget အနေအထားအရ ကုန်ကျစရိတ်တွေ များစွာရှိပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ကုန်ကျစရိတ်နည်းနည်းနဲ့ ပျော်ရွှင်စရာ ပါတီတစ်ခု မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပချင်သူတွေအတွက် DJ မလိုဘဲ ပါတီမှာဖွင့်လို့ကောင်းမယ့် အမိုက်စားသီချင်းတွေ ရှိပါတယ်။ ကဲဒါဆို ကွီးတို့ရဲ့ ပါတီကို အလန်းဆုံး ဖြစ်စေမယ့် ပါတီ မှာ ဖွင့်လို့ကောင်းတဲ့ မြူးမြူးကြွကြွ သီချင်း ကောင်းတွေကို အတူတူ ခံစားနားဆင်ကြည့်ရအောင်ပါ။
(၁) Hot Girl Summer
Source : Megan Thee Stallion
ဒီသီချင်းက အမေရိကန် ရက်ပ်ပါ Megan Thee Stallion နဲ့အတူ Featuring အနေနဲ့ Nicki Minaj ၊ Ty Dolla $ign တို့ ပါဝင်သီဆိုထားတဲ့ အမိုက်စားသီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
(၂) I Don’t Care
Source : Ed Sheeran
ဒီသီချင်းက ၂၀၁၉ ခုနှစ်ကထွက်ခဲ့တဲ့ Ed Sheeran နဲ့ Justin Bieber တို့ရဲ့ ခပ်မြူးမြူး သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။
(၃) My Type
Source : Official Saweetie
ဒီသီချင်းလေးက ပါတီတွေမှာ လွင့်လို့အကောင်းဆုံး အမေရိကန်ရက်ပါ Saweetie ရဲ့ အမိုက်စား သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
(၄) Old Town Road
Source : Lil Nas X
Old Town Road သီချင်းလေးကတော့ ရက်ပ်ပါ Lil Nas X ရဲ့ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းမှာ Lil Nas X နဲ့အတူ Billy Ray Cyrus က Featuring အနေနဲ့ ပါဝင်သီဆိုထားပါတယ်။ သံစဉ် ခပ်မြူးမြူးလေးနဲ့ ပါတီတွေမှာ က လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ဘဲ ဖြစ်ပါတယ်။
(၅) 7 Rings
Source : Ariana Grande
၂၀၁၉ ခုနှစ်က ထွက်ခဲ့တဲ့ Ariana Grande ရဲ့ 7 Rings သီချင်းလေးကလည်း ပါတီတွေမှာဖွင့်ဖို့ မမေ့သင့်တဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။
(၆) Loco Contigo
Source : DJ Snake
ဒီသီချင်းကတော့ DJ Snake ၊ J Balvin နဲ့ Tyga တို့အတူတွဲ ဖန်တီးထားတဲ့ မြူးမြူးကြွကြွ အမိုက်စား ပါတီ သီချင်း တစ်ပုဒ် ဖြစ်ပါတယ်။
(၇) Kiss and Make Up
Source : Dua Lipa
ဒီသီချင်းလေးက ပရိသတ်အချစ်တော် Dua Lipa နဲ့ Blackpink အဖွဲ့တို့ ပူးပေါင်းသီဆိုထားတဲ့ အမိုက်စားသီချင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။
(၈) Megatron
Source : Nicki Minaj
ဒီသီချင်းလေးကတော့ ဂိုဏ်းချုပ်ကြီး Nicki Minaj ရဲ့ ၂၀၁၉ ခုနှစ်က ထွက်ခဲ့တဲ့ အမိုက်စား သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
(၉) Please
Source : Jessie Ware
ဒီသီချင်းလေးကတော့ မြူးမြူးကြွကြွ နဲ့ ကလို့ကောင်းတဲ့ Jessie Ware ရဲ့ အမိုက်စားသီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
(၁၀) Sucker
Source : The Jonas Brothers
ဒီသီချင်းကတော့ အမေရိကန် Pop Rock Band , Jonas Brothers ရဲ့ ခပ်မြူးမြူး သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။
အခုတင်ဆက်ပေးခဲ့တာကတော့ မြူးမြူးကြွကြွ နဲ့ ကလို့ကောင်းမယ့် အမိုက်စား သီချင်းကောင်းလေးတွေ ဖြစ်ပါတယ်။
Featured Photo : Marie Claire