Halloween ပါတီလို့ပြောလိုက်တာနဲ့ ထူးခြားတဲ့ Costumes တွေ ၊ မိတ်ကပ်အပြင်အဆင်တွေကို အရင်ဆုံး ပြေးမြင်မိကြပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် သူ့ထက်ငါအပြိုင် အမိုက်စား ဝတ်စုံတွေကို ဝတ်ဆင်ပြီး Halloween ပါတီကို ပျော်ပျော်ပါးပါး ဆင်နွဲလေ့ ရှိကြပါတယ်။ ဒီနှစ်မှာတော့ ပါတီထဲမှာ အားလုံးထက် ထူးခြားနေစေဖို့ Halloween ပါတီ တက်မယ့် ကွီးတို့အတွက် ဝတ်စုံ အိုင်ဒီယာ တွေကို ပြောပြပေးချင်ပါတယ်။

(၁) Hades ဝတ်စုံ

Photo : Reader’s Digest

Dracula နဲ့ Devil တို့က Halloween ပါတီအတွက် လူသုံးများတဲ့ ဂန္ထဝင်ဝတ်စုံတွေဆိုတာ သေချာပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြား အပြောင်းအလဲဖြစ်ချင်တယ်ဆိုရင်တော့ Disney ရဲ့ ဇာတ်လိုက်ကျော် Hades စတိုင် ပြောင်းလဲဝတ်ဆင်ကြည့်ပါ။ Suit တစ်ထည် ၊ ယာယီဆံပင်ဆိုးဆေး (အပြာရောင်)နဲ့ မိတ်ကပ်အချို့ရှိရုံနဲ့ မြေအောက်ကမ္ဘာရဲ့ ဒဏ္ဍာရီလာနတ်ဘုရားအဖြစ်သို့ ပြောင်းလဲနိုင်ပါတယ်။

(၂) လေယာဉ်မှူးဝတ်စုံ

Photo : Reader’s Digest

အစိမ်းရင့်ရောင် လေယာဉ်မှူး ဝတ်စုံကတော့ ဒီနှစ် Halloween အတွက် ပြီးပြည့်စုံတဲ့ Costumes တွေထဲက တစ်ခု ဖြစ်စေမှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ၁၉၈၆ ခုနှစ်က ထွက်ခဲ့တဲ့ Top Gun ရုပ်ရှင်ဇာတ်ကားထဲက မင်းသားကြီး Tom Cruise ဝတ်ခဲ့တဲ့ လေယာဉ်မှူး ဝတ်စုံဖြစ်ပါတယ်။

(၃) Jon Snow ဝတ်စုံ

Photo : Reader’s Digest

ကွီးတို့က Game of Thrones ဖန်တစ်ယောက်ဆိုရင်တော့ ရိုးရှင်းတဲ့ Jon Snow ဝတ်စုံသာ ဝတ်သွားလိုက်ပါ။ အနက်ရောင် ဝတ်စုံအပေါ်ကနေ သားမွေးအနားကွပ်ကုတ်အရှည်တစ်ထည် ထပ်ဝတ်လိုက်ရုံနဲ့ အမိုက်စား Halloween ဝတ်စုံတစ်ထည် ရသွားပြီ ဖြစ်ပါတယ်။

(၄) Iron Man ဝတ်စုံ

Photo : Reader’s Digest

စူပါဟီးရိုး ဝတ်စုံတွေက ကလေးတွေအများဆုံး ဝတ်ကြပေမယ့် လူကြီးတွေလည်း ဝတ်လို့ရပါတယ်။ Iron Man ဝတ်စုံကြီးနဲ့ဆို ပါတီမှာ လုံးဝထူးထူးခြားခြားနဲ့ လူတိုင်းငေးကြည့်ခံရမှာ သေချာပါတယ်။

(၅) Jack Skellington ဝတ်စုံ

Photo : Reader’s Digest

လူငယ်ဆန်ဆန် အထာကျကျနဲ့ ဂေါ်ချင်တယ်ဆိုရင်တော့ Jack Skellington ဝတ်စုံက အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ Jack Skellington ဝတ်စုံနဲ့ တစ်ကိုယ်တော်ပွဲတက်နိုင်သလို စုံတွဲအနေနဲ့ ပွဲတက်မယ်ဆိုရင်လည်း Jack နဲ့ Sally စတိုင် အတွဲမိမိ အထာကျကျ ပြင်ဆင်သွားလို့ရပါတယ်။

Featured Photo : WDW Prep School