ပါတီ ပွဲတစ်ခု ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ဆိုရင် ပါတီလက်ခံကျင်းပတဲ့ စီစဉ်သူနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ပါတီတစ်ခုကို သေချာအစီအစဉ်မဆွဲပဲ စလိုက်မယ်ဆိုရင် လိုအပ်ချက်တွေများပြီး ထင်သလောက် ပျော်စရာကောင်းတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ပါတီတစ်ခု စီစဉ်ကျင်းပသူတိုင်း သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) လူဦးရေကို တွက်ချက်ပါ

Photo : Time Out

ပါတီတစ်ခုမှာ အရေးကြီးဆုံးက နေရာထိုင်ခင်း အကျယ်အဝန်းပေါ် မူတည်ပြီး ဖိတ်မယ့် ဧည့်သည်လူဦးရေကို တွက်ချက်ဖို့ပါပဲ။ ပါတီဟာ လူများလေ ပျော်ဖို့ကောင်းလေ ဆိုပေမယ့် ပါတီကျင်းပမယ့် နေရာအကျယ်အဝန်းနဲ့ ပါတီလာမယ့် ဧည်သည့်အရေအတွက်က မမျှရင် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အရင်ဆုံး ပါတီ ကျင်းပမယ့်နေရာက လူဘယ်နှစ်ယောက်ဆန့်နိုင်လဲ ၊ ဘယ်နှစ်ယောက်ဆို အဆင်ပြေမလဲဆိုတာ ကြိုတင်ခန့်မှန်းတွက်ချက်ပြီး ဧည့်သည်အရေအတွက်ကို ကန့်သတ်သင့်ပါတယ်။

(၂) အပြင်အဆင်တွေ မိမိုက်နေပါစေ

Photo : House of Blues

ပါတီတစ်ခုမှာ မဖြစ်မနေ အချိန်ယူပြင်ဆင်ရမယ့်အပိုင်းက ပါတီရဲ့ အပြင်အဆင် ၊ အခင်းအကျင်းပဲ ဖြစ်ပါတယ်။ ပါတီအပြင်အဆင်တွေက ဆွဲဆောင်မှုရှိပြီး မိမိုက်နေမှလည်း ပါတီကပိုပြီး အသက်ဝင်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ပါတီ ကို ဘယ်လို Theme မျိုး ပြင်ဆင်မလဲဆိုတာ သေချာလေးစဉ်းစားပြီး အမိမိုက်ဆုံးဖြစ်နေအောင် ပြင်ဆင်ဖို့ လိုပါတယ်။

(၃) အစားအသောက်အတွက် စဉ်းစားပါ

Photo : The Fox Hotel

ပါတီ တစ်ခုမှာ အစားအသောက်ကဏ္ဍကတော့ မပါမဖြစ်ပါပဲ။ ဒါပေမယ့် အစားအသောက်အတွက် စီစဉ်တဲ့အခါမှာ သိထားရမယ့်အခြေခံအချက်လေးတွေ ရှိပါတယ်။ ပထမတစ်ချက်ကတော့ ပါတီလာမယ့် ဧည့်သည်အရေအတွက်နဲ့ အညီ အစားအသောက်တွေကို ပြင်ဆင်ပါ။ လူတိုင်းနဲ့အဆင်ပြေမယ့် စားစရာတွေနဲ့ သောက်စရာ Drinks တွေကို ဦးစားပေး ပြင်ဆင်သင့်ပါတယ်။ အဆာပြေစားလို့ရမယ့် Snack နဲ့ မုန့်တွေကိုလည်း ထားပေးပါ။

(၄) AC နိုင်ပါစေ

Photo : Visit Copenhagen

ပါတီကို ခြံဝန်းလို Outdoor နေရာမှာ ကျင်းပမယ်ဆိုရင် ပြဿနာမရှိပေမယ့် Indoor မှာပဲ ကျင်းပမယ်ဆိုရင်တော့ AC နိုင်အောင် ပေးနိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ သောက်ကြစားကြ ၊ ကကြခုန်ကြနဲ့ ပါတီ အရှိန်မြင့်လာလေ ပူအိုက်ပြီး ချွေးထွက်လာလေပါပဲ။ AC က အအေးဓာတ် လုံလုံလောက်လောက်မရရင် ပူအိုက်ပြီး ပါတီက စိတ်ညစ်စရာ ဖြစ်လာနိုင်ပါတယ်။

(၅) ဖျော်ဖြေရေး အစီအစဉ်တွေ ထည့်ပါ

Photo : Dreams Banquet Hall

ပါတီမှာ ဖျော်ဖြေရေး အစီအစဉ်တွေ မပါရင် ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်လိုအမိုက်စား ဖျော်ဖြေရေး အစီအစဉ်တွေ ထည့်မလဲဆိုတာ ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။ DJ ငှားမှာလား ၊ Music Band တွေ ထည့်မလား ၊ ပျော်စရာ ဂိမ်းအစီအစဉ်တွေ လုပ်မှာလား စသည်ဖြင့် ပါတီလာတဲ့ ပရိသတ်တွေအားလုံးအတွက် စိတ်ပျော်စေမယ့် ဖျော်ဖြေရေး အစီအစဉ်တွေကို ထည့်သွင်းဖို့ လိုပါလိမ့်မယ်။

Featured Photo : Riviera Bar Crawl & Tours