ဒီလို ပိတ်ရက်တွေမှာပဲ ဖြစ်ဖြစ်၊ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်လတစ်ခါလောက် ကွီးတို့သူငယ်ချင်းတွေ တူတူစုံပြီးပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ကုန်ဆုံးဖို့ဆုံးဖို့ စဉ်းစားနေပါသလား။ ဒီလိုမျိုး သူငယ်ချင်းတွေနဲ့ အတူ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးဖို့ဆိုရင်တော့ ပါတီ လေးတွေ ကျင်းပတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ကွီးတို့အတွက် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲလို့ရတဲ့ ပါတီ အိုင်ဒီယာကောင်းတွေ ဖော်ပြပေးချင်ပါတယ်။

ရေကူးကန် ပါတီ

သူငယ်ချင်းတွေနဲ့ ပါတီ

Photo : Chicago Tributes

ကွီးတို့ သူငယ်ချင်းတွေနဲ့ အတူ ပျော်ပျော်ပါးပါး ဆင်နွှဲလို့ရတဲ့ ပါတီ တစ်ခုကတော့ ရေကူးကန် ပါတီပဲ ဖြစ်ပါတယ်။ ရေကူးကန်ပါတီကို နေ့ဘက်ဖြစ်ဖြစ် ညဘက်ဖြစ်ဖြစ် ကျင်းပလို့ရပါတယ်။ အဖျော်ယမကာမျိုးစုံနဲ့ အစားအသောက်တွေ ပြင်ဆင်ပြီး ဘော်ဒါတွေနဲ့ အတူ ရေကစားရတာ တကယ်ကို ပျော်စရာကောင်းမှာပါ။ ဒါ့အပြင် မြူးမြူးကြွကြွ တေးဂီတတွေ ထည့်သွင်းပြီး ကခုန်လို့လည်းရပါသေးတယ်။ ရေကူးကန်ပါတီကို ညဘက်လုပ်မယ်ဆိုရင်လည်း ရောင်စုံနီယွန်မီးလေးတွေနဲ့ အတူ ပျော်ပါးကခုန်လို့ရပါသေးတယ်။

ဘာဘီကျူး ပါတီ

သူငယ်ချင်းတွေနဲ့ ပါတီ

Photo : Steel Campfire

နောက်ထပ် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲလို့ရတဲ့ ပါတီ အိုင်ဒီကောင်းလေးကတော့ အစားတလိုင်း ကွီးတို့ အကြိုက်တွေ့စေမဲ့ ဘာဘီကျူး ပါတီလေးပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ခြံလည်းကျယ်တယ်၊ ကိုယ့်အိမ်ကနေလည်း ဘယ်မှမသွားချင်ဘူးဆိုရင် ခြံထဲမှာပဲ ဘာဘီကျူး ပါတီ လေးလုပ်ဖိုအကြံပြုပါရစေ။ အဖျော်ယမကာလေးတွေ သောက်ရင်းနဲ့ အကင်တွေတူတူကင်ပြီး စားသောက်ရင်း ပျော်ရွှင်စရာ အချိန်လေးတွေကုန်ဆုံးလိုက်ပါ။

ကမ်းခြေပါတီ

သူငယ်ချင်းတွေနဲ့ ပါတီ

Photo : Mental Floss

ကွီးတို့ သူငယ်ချင်းတွေအားလုံး အချိန်အနည်းငယ်ပိုရမယ်ဆိုရင် နီးစပ်ရာ ကမ်းခြေတစ်ခုကို သွားပြီး ကမ်းခြေပါတီလေး လုပ်လို့ရပါတယ်။ ကျယ်ပြောလှတဲ့ သဲသောင်ပြင်က ကွီးတို့အတွက် စိတ်ကြိုက်ကခုန်လို့ရတဲ့ Dancing Floor ဖြစ်မှာပါ။ ဒါ့အပြင် အဆုံးမရှိတဲ့ပင်လယ်ပြင်ကြီးမှာ ရေစိတ်ကြိုက် ကစားရင်း ပြာလဲ့လဲ့ ကောင်းကင်ကြီးက ကွီးတို့ပါတီလေးကို အားဖြည့်ပေးမှာပါ။ ဒါ့အပြင် ကမ်းခြေပါတီမှာ ကစားလို့ရတဲ့ ပါတီ ဂိမ်းတွေကိုလည်း ထည့်သွင်းလို့ရပါသေးတယ်။

ဒင်နာပါတီ

party

Photo : Rolling Stones

ကွီးတို့ သူငယ်ချင်းတွေနဲ့အတူ သီချင်းအေးအေးလေးတွေ နားထောင်ရင်း ညစာအတူတူ စားရင်း စကားပြောမယ်ဆိုရင် ဒင်နာပါတီလေး စီစဉ်လို့ရပါတယ်။ ဒင်နာပါတီလုပ်ခြင်းက ဘယ်လိုအကြောင်းပြချက်အတွက်မဆို စိတ်ကူးကောင်းလေးပါ။ ဒင်နာပါတီလေးမှာ တည်ခင်းဧည့်ခံဖို့ ရာသီနဲ့လိုက်ဖက်တဲ့ ဟင်းပွဲကို သေချာရွေးချယ်ပါ။ သောက်စရာများနဲ့ အချိုပွဲများကိုလည်း သေချာထည့်သွင်း လိုက်ပါ။ ဒင်နာပါတီနဲ့ လိုက် ဖက်တဲ့ တေးဂီတကိုရွေးချယ်ထားဖို့လည်း မမေ့ပါနဲ့။

အိမ်တွင်းပါတီ

party

Photo : Georgia Today

ကွီးတို့အနေနဲ့ ဘော်ဒါတွေနဲ့တူတူ ပျော်ပျော်ပါးပါး ဆင်နွှဲလို့ရတဲ့ ပါတီဆိုရင် အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးကတော့ အိမ်တွင်းပါတီ ပဲဖြစ်ပါတယ်။ ကွီးတို့အိမ်မှာပဲ စားသောက်စရာတွေ ပြင်ဆင်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပါးကခုန်လို့ရပါတယ်။ ဒါ့အပြင် အတူတူ ကာရာအိုကေ တူတူဆိုကြမလား၊ ဗီဒီယို ဂိမ်းတွေပဲတူတူ ကစားကြမလား စိတ်ကြိုက်ကုန်ဆုံးလိုက်ပါ။

ကွီးတို့‌ရေ အခုဖော်ပြလိုက်တာကတော့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲလို့ရတဲ့ ပါတီ တွေ ပဲဖြစ်ပါတယ်။ ဒီလိုပါတီလေးတွေကို ဆင်နွှဲရင်း ကွီးတို့ဘော်ဒါတွေ တူတူပျော်ပါးရင်း အချိန်ကုန်ဆုံးလိုက်ပါ။

Featured Photo : iStock