ကိုယ်နဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်း ၊ မိတ်ဆွေ အပေါင်းအသင်းတွေ သိပ်များများစားစား မရှိတဲ့ ပါတီ ပွဲတစ်ခုကို တက်ရတာ နည်းနည်းတော့ ကြောင်တောင်တောင် နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ပါတီ စီစဉ်သူနဲ့ ရင်းနှီးလို့ပဲဖြစ်ဖြစ် လူမှုရေးအရပဲဖြစ်ဖြစ် ပွဲတက်ရတော့မယ်ဆိုရင် အခုပြောပြမယ့် အချက်လေးတွေက အသုံးတည့်စေမှာပါ။ ကဲဒါဆို ကိုယ်နဲ့ ခင်မင်ရင်းနှီးသူ သိပ်မရှိတဲ့ ပါတီတစ်ခုကို ဘယ်လိုဘယ်ပုံ ဖြတ်သန်းရမလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) ပါတီစီစဉ်သူကို ဘာကူညီရမလဲမေးပါ

Photo : Hitched

ပါတီမှာ တစ်ယောက်တည်း ငူငူငြိုင်ငြိုင် ဖြစ်နေတယ်ဆိုရင် ဒီတိုင်းရပ်နေမယ့်အစား ပါတီ စီစဉ်သူကို အကူညီလိုလား မေးပါ။ အစားအ သောက်တွေ ကူပြင်ဆင်ပေးတာ ၊ ပါတီလာတဲ့ ဧည့်သည့်တွေကို သောက်စရာ Drinks တွေ ကမ်းပေးတာ စသည်ဖြင့် ပါတီစီစဉ်သူအတွက် တစ်ဖက်တစ်လမ်းက အကူအညီဖြစ်စေမယ့် အရာလေးတွေ ဝိုင်းကူလုပ်ပေးနိုင်ပါတယ်။

(၂) လူတွေနဲ့ ရောရောထွေးထွေးနေပါ

Photo : The Bash

ပါတီဆိုတာ မိတ်ဆွေသစ်ဖွဲ့လို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပါတီမှာ ကိုယ်နဲ့ ခင်တဲ့သူမရှိလည်း စိတ်ပူစရာတော့ မလိုပါဘူး။ အဓိက တစ်ယောက်တည်း ချောင်တစ်ချောင်မှာ သွားနေတာထက် လူတွေနဲ့ ရောရောထွေးထွေး နေဖို့ လိုပါတယ်။ လူသစ်တွေနဲ့ ရင်းနှီးမှုရအောင် မိတ်ဆွေ့ဖွဲ့တာ ၊ စကားပြောတာတွေ လုပ်သင့်ပါတယ်။

(၃) စကားစမြည်ပြောပါ

Photo : Itinari.com

ပါတီမှာ လူ ၄/၅ ယောက်လောက် အုပ်စုဖွဲ့ပြီး စကားပြောကြတဲ့အခါ ကွီးတစ်ယောက်တည်း တိတ်ဆိတ်နေတာမျိုး မဖြစ်ပါစေနဲ့။ စကားဝိုင်းမှာ အလိုက်သင့်ပါဝင်ပြီး စကားစမြည် ပြောပါ။ ကိုယ့်ကိုယ့်ကို မိတ်ဆက်တာ ၊ တခြားသူတွေရဲ့ စကားတွေကို သေချာဂရုတစိုက်နားထောင်ပြီးကောင်းမွန်တဲ့ တုန့်ပြန်မှုမျိုးပေးတာ ၊ တန်ပြန်မေးခွန်းလေးတွေ မေးတာ စသည်ဖြင့် လုပ်နိုင်ပါတယ်။

(၄) စိတ်ကိုလွှတ်ထားပါ

Photo : The Fox Hotel

ပါတီတစ်ခုကို အနည်းဆုံးတော့ စိတ်လွတ်လက်လွတ် ဖြတ်သန်းသင့်တယ် မဟုတ်လား။ စိတ်ထဲမှာ ဖိအားတွေများပြီး အတွေးတွေ မများပါနဲ့။ ပါတီအချိန်လေးကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းသင့်ပါတယ်။

(၅) အိမ်ပြန်ချိန်သိပါ

Photo : The Man Registry

ပါတီမှာ အချိန်အတိုင်းအတာတစ်ခုအထိ နေပြီးပြီ။ ပါတီ က ကိုယ်နဲ့သိပ်ပြီး Key မကိုက်ဘူးဆိုရင် ပါတီကနေ လစ်ဖို့ လုပ်ပါ။ ပါတီကနေ ပြန်တဲ့အခါ ပါတီစီစဉ်သူကိုတော့ သေချာလေး နှုတ်ဆက်ဖို့ မမေ့ပါနဲ့။ နောက်တစ်ခုက အရက်နဲ့ အဖျော်ယမကာတွေကို အမူးအကွဲသောက်ခြင်းကိုလည်း အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။

Featured Photo : Maverick Whiskey