ကမ်းခြေမှာ လှိုင်းလုံးတွေနဲ့ အပန်းဖြေအနားယူပြီး ကွီးတို့ အချစ်ဆုံးတွေနဲ့ တောက်ပတဲ့ နေရောင်အောက်မှာ ပြာလဲ့ပင်လယ်ပြင်ကြီးနဲ့အတူ Beach Party လုပ်ရတာထက် ပျော်စရာကောင်းတာ ဘာမှမရှိပါဘူး။ ကမ်းခြေမှာ ပျော်စရာကောင်းတဲ့ ပါတီပွဲတွေကို ဘယ်လို စီစဉ်ရမလဲဆိုတာကို မျှဝေထားပါတယ်။ ကမ်းခြေမှာ ပျော်စရာကောင်းတဲ့ Beach Party လေးလုပ်ဖို့စိတ်ကူးကောင်းတွေကို လက်လွတ်မခံပါနဲ့။

(၁) ကမ်းခြေပါတီက ဘာအတွက်လဲဆိုတာ ရွေးပါ

ပျော်စရာကောင်းတဲ့ Beach Party

Photo : Mental Floss

ပျော်စရာကောင်းတဲ့ Beach Party ကို ကွီးတို့ ရည်ရွယ်ချက် အမျိုးမျိုးလုပ်လို့ ရပါတယ်။ ကမ်းခြေပါတီကို နေ့ဘက်တွင်ဖြစ်စေ၊ ညာဘက်တွင် ဖြစ်စေ၊ စိတ်ကြိုက်လုပ်လို့ရပါတယ်။ ကမ်းခြေပါတီများက ပျော်ဖို့အပြင် အပန်းပြေဖို့ ခွန်အားသစ်တွေရဖို့၊ စုစည်းညီညွတ်ဖို့ နဲ့ ကွီးရဲ့ အချစ်ရဆုံးသူတွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေကို ဖန်တီးပေးနိုင်ပါတယ်။

(၂) ပြီးပြည့်စုံသော နေရာကို ရှာပါ

ပျော်စရာကောင်းတဲ့ Beach Party

Photo : Unplash

ကွီးတို့ လုပ်မဲ့ ပါတီပွဲနဲ့ ကိုက်ညီမဲ့ ကမ်းခြေကို ရှာရပါမယ်။ သွားရလွယ်ကူတာ၊ လှပတာ၊ ဘေး အန္တရာယ်ကင်းတာ၊ ဝန်ဆောင်မှု အလွယ်တကူရတဲ့ ကမ်း‌ခြေမျိုးကို ရွေးချယ်ပါ။

(၃) ဧည့်သည်များကို စတိုင်လ်ကျကျ ဖိတ်ကြားပါ

ပျော်စရာကောင်းတဲ့ Beach Party

Photo : Party Joys

ကွီးရဲ့ သူငယ်ချင်းများ၊ မိသားစုဝင်များကို ဖိတ်ကြားတော့မယ်ဆိုရင် ပါတီပွဲကို မဖြစ်မနေ တက်မယ် ဆိုတဲ့ စိတ်ဖြစ်လာအောင်၊ တက်ဖို့ စိတ်လှုပ်ရှားမှုရအောင် ဖိတ်သင့်ပါတယ်။ ကွီးရဲ့ ပါတီပွဲ အပြင်အဆင်၊ တက်ရောက်သင့်တဲ့ အကြောင်းရင်းနှင့် ကိုက်ညီသော အွန်လိုင်းဖိတ်ကြားချက်ကို ရွေးချယ်ပါ။

(၄) အစားအသောက်၊ အဖျော်ယမကာများကို ပြင်ဆင်ပါ

ပါတီ

Photo : Tiki Mermaid

ကမ်းခြေမှာ ပျော်စရာကောင်းတဲ့ Beach Party လေးလုပ်မယ်ဆိုရင် အဖျော်ယမကာနဲ့ အစားအသောက်တွေ ကိုသေချာပြင်ဆင်ထားရှိဖို့ကလည်း အရေးကြီးပါတယ်။ ကော့လ်တေး၊ ဘီယာနဲ့ အအေးခံထားသော ရေဘူးများနှင့် လတ်ဆတ်သော သစ်သီးဖျော်ရည်များ ပေါင်းစပ်ထားသော ပျော်ရွှင်စရာ DIY ဘားတစ်ခုကို ဖန်တီးပြီး ကွီးရဲ့ မိတ်ဆွေတွေကို ဧည့်ခံလိုက်ပါ။

(၅) ဂိမ်းအစီအစဉ်များ ထည့်သွင်းပါ

ပါတီ

Photo : Parties

ပျော်စရာကောင်းတဲ့ ပါတီ လေးဖြစ်ဖို့အတွက် ဂိမ်းကစားနည်းလေးတွေ ထည့်သွင်းဖို့ လည်းလိုပါတယ်နော်။ ကမ်းခြေဟာ ကျယ်ပြန့်တဲ့ သဲသောင်ပြင်ရှိတဲ့အတွက် ကွီးတို့စိတ်ကြိုက် ကစားနည်းတွေ အများကြီး ကစားနိုင်ပါတယ်။ ဥပမာ အားဖြင့် သဲသောင်ပြင်ပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက်ပြေးလွှားလိုက်ဖမ်းတာ၊ ဘောလုံးကန်တာ၊ ဘောလုံးပစ်တာ အပြင်၊ ဘောလီဘော ပုတ်ခြင်း၊ ကမ်းခြေဖြစ်တဲ့အတွက် ရေကစားတာ စသည့်ဖြင့် ပါတီကို ပိုမိုအသက်ဝင်အောင် ဖန်တီးလိုရပါတယ်။

(၆) ကမ်းခြေပါတီနဲ့ လိုက်မဲ့ သီချင်းရွေးချယ်ပါ

ပါတီ

Photo : Special Event Proz

ကွီးတို့ရေ တေးဂီတနဲ့ ပါတီဆိုတာလည်းအမြဲ ဒွန်တွဲနေတာပါ။ တေးဂီတ မပါဝင်တဲ့ ပါတီပွဲဟာ ပျင်းခြောက်ခြောက်ဖြစ်နေမှာပါ။ ဒါကြောင့် ပါတီနဲ့လိုက်ဖက်တဲ့ သီချင်းတွေကိုရွေးချယ်ပါ။ DJ ကိုပါထည့်သွင်းလိုက်ရင်တော့ ကွီးတိုရဲ့ Beach Party ဟာ တကယ်ကိုအမိုက်စားဖြစ်မှာပါ။
ကွီးတို့ရေ ပျော်စရာကောင်းတဲ့ ကမ်းခြေပါတီပွဲလေး ဖြစ်အောင် လုပ်နိုင်တဲ့ အစီအစဉ်အများကြီးထဲက တချို့ကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

Featured Photo : Vista Create