ဒင်နာပါတီ တစ်ခုကျင်းပခြင်းက ကွီးတို့ ချစ်ရသူတွေ၊ မိသားစုတွေ ၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စားသောက်ကြရင်း အချိန်ကောင်းလေးတွေ အတူတူဖြတ်သန်းနိုင်ဖို့ စိတ်ကူးကောင်းပါပဲ။ ဒင်နာပါတီလေး က ကွီးတို့နဲ့ ချစ်ခင်ရသူတွေကြားက ချစ်ခင်ရင်းနှီးမှုနဲ့ အမှတ်တရလေးတွေကို တိုးပွားစေပါတယ်။ ဒင်နာပါတီ ဆင်နွှဲရတာ စိတ်လှုပ်ရှားပျော်ရွှင်စရာ ကောင်းသော်လည်း ကွီးတို့ကိုယ်တိုင် လုပ်မယ်ဆိုရင် ပြင်ဆင်ရမဲ့ အချက်တွေ ရှိပါတယ်။ ဒီနေ့မှာတော့ ပြီးပြည့်စုံတဲ့ ဒင်နာပါတီ တစ်ခု ကျင်းပဖို့ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံကျသော အသုံးအဆောင်ပစ္စည်းများ ကိုဖော်ပြပေးချင်ပါတယ်။

ပန်းကန်နဲ့ ခက်ရင်းများ

ပြီးပြည့်စုံတဲ့ ဒင်နာပါတီ

Photo : The Spurce

ကွီးတို့ရေ ပြီးပြည့်စုံတဲ့ ဒင်နာပါတီ လေး ဖြစ်ဖို့ဆိုရင် အရင်ဆုံး အရေးကြီးတဲ့ အစိတ်အပိုင်းကတော့ ပန်းကန်များပဲ ဖြစ်ပါတယ်။ ဒင်နာပါတီတွင် ကွီးတို့တည့်ခင်း ဧည့်ခံလိုက်တဲ့ ပန်းကန်များက ဧည့်သည်များအတွက် အစားအစာကို တည်ခင်းပေးရုံသာမက ကွီးတို့ ဒင်နာပါတီပွဲလေးအတွက် ခံစားချက်ကိုပါ သတ်မှတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဒင်နာအတွက် ပန်းကန်ကို သေချာရွေးချယ်ရပါမယ်။ ဒါ့အပြင် အခြေခံ ပန်းကန်ပြားတစ်စုံတွင် အချိုရည်ဇွန်း ၊ အချိုပွဲဇွန်း ၊ အသုပ်ခက်ရင်း ၊ ညစာခက်ရင်းနှင့် ထောပတ်ဓားတို့ကိုလည်း သေချာပြည့်စုံအောင် ထည့်သွင်းပါ။

ရေဖန်ခွက်

ပြီးပြည့်စုံတဲ့ ဒင်နာပါတီ

Photo : Youtube

ကွီးတို့ရေ ဧည့်သည်တွေအတွက် တည့်ခင်းဧည့်ခံဖို့ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေထဲမှာ ရေ ဖန်ခွက် ကလည်း အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ လူတစ်ယောက်စာအတွက် နေရာထိုင်ခင်းတစ်ခုစီတိုင်းမှာ ရေဖန်ခွက် သီးသန့် ပါဝင်သင့်ပါတယ်။ မပါမဖြစ် သေချာစွာ ထည့်သွင်းပါ။

ဝိုင်ဖန်ခွက်

ပြီးပြည့်စုံတဲ့ ဒင်နာပါတီ

Photo : The Splendid Table

ဝိုင်က ဒင်နာပါတီအတွက် လူကြိုက်များသော ရွေးချယ်မှု ဖြစ်သောကြောင့် ကွီးတို့ရဲ့ ဧည့်သည်များအတွက် ဝိုင်ခွက်များ အဆင်သင့်ထားရှိခြင်းက အကြံကောင်းတစ်ခု ဖြစ်ပါတယ်။ ကွီးတို့က ဧည့်သည်တစ်ဦးစီအတွက် သင့်လျော်သော ဖန်ခွက်များ ရှိစေရန်အတွက် ဧည့်သည်တစ်ဦးလျှင် ဝိုင်ဖြူတစ်ခွက်နှင့် ဝိုင်နီတစ်ခွက်စီကို ထားရှိပါ။

လက်သုတ်ပုဝါ

dinner party

Photo : Agenda Senior

လက်သုတ်ပုဝါများကလည်း ပြီးပြည့်စုံတဲ့ ဒင်နာပါတီ အတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ စားပွဲပေါ်တွင် အလှဆင်သည့် အစိတ်အပိုင်းတစ်ခုကို ပေါင်းထည့်ခြင်းအပြင် လက်သုတ်ပုဝါများက ဧည့်သည်များအတွက် အလွန်လိုအပ်သော အ‌ခြေခံ အသုံးအဆောင်တစ်ခု ဖြစ်ပါတယ်။ တစ်ခါသုံး လက်သုတ်ပုဝါများက ကလေးပါတီများနှင့် အသားကင်ပွဲများအတွက် ကောင်းမွန်သော်လည်း တရားဝင် ညစာစားပွဲတစ်ခုတွင် ကွီးတို့အနေနဲ့ လှပသော အထည်လက်သုတ်ပုဝါ တစ်အုပ် ရှိရန် လိုအပ်ပါတယ်။ ထို့နောက် လက်သုတ်ပဝါများကို အစားအစာများ မတည့်ခင်းမှီအထိ သေချာစွာ ခေါက်ထားပြီး ပန်းကန်ပြားများပေါ်တွင် အလှဆင်သည့် အနေနဲ့ တင်ထားပါ။

စားပွဲခင်း

dinner party

Photo : Agoda

စားပွဲခင်းများကလည်း ကွီးတို့တဲ့ ညစာစားပွဲအတွက် လိုအပ်တဲ့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံကျသော အသုံးအဆောင်ပစ္စည်း တစ်ခုပါ။ ကွီးတို့အနေနဲ့ ဒင်နာပါတီ တည်ခင်း ဧည့်ခံမဲ့ စားပွဲမှာ စားပွဲခင်း သေချာမခင်းထားဘူးဆိုရင် တစ်ခုခုလိုအပ်နေသလို ခံစားရစေမှာပါ။ စားပွဲခင်းက စားပွဲကို ဖုံးအုပ်ရန် ကူညီပေးမည်ဖြစ်ပြီး ဧည့်သည်များ စားသောက်နေစဉ် ယိုဖိတ်မှုနှင့်အစွန်းအထင်းများ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ စားပွဲခင်းအရောင် ရွေးချယ်မယ်ဆိုလျှင် အဖြူရောင်ပိတ်ချော စားပွဲခင်းက ကွီးတို့ရဲ့ဒင်နာပါတီ ကို ပိုမို ပြီးပြည့်စုံအောင် ကူညီပေးပါလိမ့်မယ်။

Source : Aspiring

Featured Photo : iStock