ကွီးတို့ရဲ့ ခြံထဲမှာပဲ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ဖြစ်စေ၊ မိသားစု စုံစုံလင်လင်နဲ့ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ပိတ်ရက်မှာဖြစ်စေ တွေ့ဆုံပြီး ပျော်ပျော်ပါးပါး အတူတူစားသောက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖန်တီးဖို့ ဘာဘီကျူး ပါတီလေး လုပ်ဖို့စဉ်းစားနေပါသလား။ အရသာရှိတဲ့ အကင်လေးတွေ အားလုံးနဲ့အတူတကွ ကင်စားရတာ တကယ်ပဲ ပျော်ရွှင်စရာကောင်းပါတယ်။ ဒီလို ကွီးတို့အနေနဲ့ ဒီလို ပျော်ရွှင်စရာကောင်းတဲ့ ဘာဘီကျူး ပါတီ လုပ်ဖို့အတွက် လိုအပ်သော ပစ္စည်းများ ကိုပြင်ဆင်နိုင်ဖို့ ပြောပြပေးပါမယ်။

ဘာဘီကျူး ပါတီ လုပ်ဖို့ဆိုရင် ကွီးတို့ ကင်စားမဲ့ လတ်ဆတ်တဲ့ အသားတွေ၊ အသီးအရွက်တွေ၊ ဆော့လ်တွေနဲ့ သောက်စရာ အဖျော်ယမကာများကို ဦးစားပေးပြင်ဆင်ကြပါတယ်။ ဒါ့အပြင် ကွီးတို့ ဘာဘီကျူး ပါတီလုပ်ရာမှာ အချို့သော အခြေခံ ပစ္စည်းများ ကလည်းလိုအပ်ပါသေးတယ်။ လိုအပ်သော ပစ္စည်း အချို့ကို ပြင်ဆင်ဖို့ ကျန်ခဲ့တာမျိုးဆိုရင် ကွီးတို့ အသားကင်တဲ့‌အချိန်မှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ အောက်မှာ ဆက်လက်ပြီး လိုအပ်တဲ့ ပစ္စည်းများ ကိုဖော်ပြပေးပါမယ်။

(၁) အကင်မီးဖို

ဘာဘီကျူး ပစ္စည်းများ

Photo : Fire and Saw

ကွီးတို့ ခြံထဲမှာ ဘာဘီကျူးပါတီ လုပ်မယ်ဆိုရင် ပထမဆုံး ပြင်ဆင်ရမှာတော့ အသားတွေ ကင်ဖို့အတွက် အကင်မီးဖို ပဲ ဖြစ်ပါတယ်။ အကင်မီးဖိုတွေကို ကွီးတို့အနေနဲ့ အရွယ်အစားအမျိုးမျိုး ဈေးကွက်မှာ ဝယ်လို့ရသလို ကွီးတို့ ကိုယ်တိုင်လည်း သင့်တော်သလို ယာယီတည်ဆောက်လို့ရပါတယ်။

(၂) မီးသွေး

ဘာဘီကျူး ပစ္စည်းများ

Photo : Insider

အသားကင်ရာမှာ မီးသွေးနဲ့ ကင်တဲ့အသားက ပိုစားကောင်းပါတယ်။ ဘာဘီကျူး ပါတီရဲ့အနှစ်သာရကလည်း အသားတွေကို မီးသွေးနဲ့ကင်တာပါ။ ဒါကြောင့် ကွီးတို့အနေနဲ့ အရည်အသွေးကောင်းတဲ့ မီးသွေးအလုံအလောက် ပြင်ဆင်ထားဖို့ပါပဲ။

(၃) ညှပ်

ဘာဘီကျူး ပစ္စည်းများ

Photo : Which.co.uk

ကွီးတို့ အနေနဲ့ အသားများကို ကင်ရာတွင် ညှပ်ကို အသုံးပြုသင့်ပါတယ်။ ဒါမှသာ ကွီးတို့အသားသေချာစွာ ကင်လို့ရမှာဖြစ်ပြီး လက်များအပူလောင်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခု အနေနဲ့ အကင်ခက်ရင်းကို သုံးလည်းရပါတယ်။

(၄) အေပရွန်

BBQ party

Photo : Agronidias

ပါတီမှာ ကွီးကိုယ်တိုင်သာမက ပါတီမှပါဝင်တဲ့ ကွီးတို့သူငယ်ချင်းတွေကလည်း အတူတကွ ပျော်ပျော်ပါးပါး အသားကင်တဲ့နေရာမှာ ပါဝင်ချင်ကြမှာပါ။ ဒါကြောင့် ကွီးတို့အနေနဲ့ အေပရွန်များကို အလုံအလောက် ပြင်ဆင်ထားပါ။

(၅) Basting Brush

BBQ party

Photo : lacostagrillz.com

ကွီးတို့ခြံထဲမှာပဲ ဘာဘီကျူး ပါတီ လုပ်ဖို့အတွက် လိုအပ်သော ပစ္စည်းများ ထဲက တစ်ခုကတော့ အကင်တွေကို အရသာဝင်အောင် ဆော့ သုတ်ပေးလို့ရမဲ့ Basting Brush ပဲ ဖြစ်ပါတယ်။ တစ်ခုလောက်တော့ မပါမဖြစ် ပြင်ဆင်ထားပါ။

(၆) အကင်လက်အိတ်

BBQ party

Photo : Watson Gloves

အသားများကင်နေစဉ် ကွီးတို့လက်ကို အပူလောင်ခြင်းမှ ကာကွယ်နိုင်ရန် အကင်လက်အိတ်များလည်း ပြင်ဆင်ထားပါ။ အနည်းဆုံး ၂ စုံခန့် ထားရှိပါ။

ကွီးတို့ရ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ခြံထဲမှာပဲ ဘာဘီကျူး ပါတီ လုပ်ဖို့အတွက် လိုအပ်သော ပစ္စည်းများ ပဲဖြစ်ပါတယ်။ ပါတီ မကျင်းပမှီ ဖော်ပြပါ ပစ္စည်းများကို သေချာ ပြင်ဆင်ထားခြင်းဖြင့် ကွီးတို့ ဘာဘီကျူးပါတီ လေးမှာ လိုအပ်တာမရှိပဲ အဆင်ပြေပြေ ချောချော မွေ့မွေ့နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာပါ။

Source : Green Olive Firewood

Featured Photo : Pegipegi