ရှမ်းပြည်တောင်ပိုင်းရဲ့ မြို့တော် တောင်ကြီးမြို့မှာတော့ ဒီအချိန်ဆို အသည်းခိုက်အောင် အေးနေပါပြီ။ ရှယ်အေးစိမ့်တဲ့ ဆောင်းတွင်းရာသီဥတုအတွက် အနွေးဓာတ်လေးတော့ လိုမှာအသေအချာပါပဲ။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ အနွေးဓာတ် ရဖို့ ဆေးဖြစ်ဝါးဖြစ် မှီဝဲမလား ၊ ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး တစ်ခွက်တစ်ဖလား ချမလား ကွီးတို့ စိတ်ကြိုက် Chill လို့ရမယ့် တောင်ကြီးမြို့က အလန်းဆုံး Bar လေးတွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။

(၁) VX Bar

Photo : VX Bar

ဒီဆိုင်လေးကတော့ တောင်ကြီးမြို့ရဲ့ နာမည်အကြီးဆုံး Bar နဲ့ Restaurant တွေထဲက တစ်ခုပါ။ အပေါ်ထပ် ၊ အောက်ထပ် ၊ Container ဧရိယာလေးတွေနဲ့ ဆိုင်ရဲ့နေရာထိုင်ခင်းက တော်တော်လေး ကျယ်ကျယ်ဝန်းဝန်း ရှိတယ်။ အစားအသောက်တွေ စုံတယ် ၊ အလန်းစား Unplugged ဖျော်ဖြေမှုတွေ ခံစားရင်း Chill လို့ရတယ်။ ဒီဆိုင်မှာက တရုတ်စတိုင်အစားအစာတွေ တော်တော်စုံစုံရတယ်။ ဒင်းဆမ်းတို့ ၊ ဖက်ထုပ်တို့ကတော့ ဒီဆိုင်ရောက်ရင် မဖြစ်မနေမြည်းစမ်းကြည့်ရမယ့် Signature Menu တွေပါပဲ။ ဆိုင်လိပ်စာက အမှတ် ၁/၈ ၊ ကမ္ဘောဇလမ်းနဲ့ ခြင်္သေ့လမ်းထောင့် ၊ ရေအေးကွင်းရပ် ၊ တောင်ကြီးမြို့ ဖြစ်ပါတယ်။

(၂) ဂလု Bar & Restaurant

Photo : ဂလု Bar & Restaurant

ဒီဆိုင်လေးကတော့ ဖွင့်တာသိပ်မကြာသေးတဲ့ တောင်ကြီးမြို့က အသစ်စက်စက် Barလေးပါ။ ဆိုင်ရဲ့ Decorations က Classic & Modernized Vibe ပေါင်းစပ်ထားတာဆိုတော့ ဘော်ဒါတွေနဲ့ လာလာ ၊ မိသားစုနဲ့ပဲ လာလာ Chill လို့အဆင်ပြေတယ်။ Live Music ဖျော်ဖြေမှုတွေကလည်း လုံးဝရှယ်ပဲမို့ သံစဉ်တွေနဲ့ Relax လုပ်ချင်တဲ့သူတွေ သေချာပေါက် အကြိုက်တွေ့စေမှာပါ။ သောက်စရာ Drinks တွေစုံတယ် ၊ ဝါရင့်စားဖိုမှူးတွေရဲ့လက်ရာ Food Menu တွေအစုံရတယ်။ ဆိုင်လိပ်စာက အမှတ် (၁၄၉) ၊ ရေထွက်ဦးလမ်း ၊ ကန်ရှေ့ရပ် ၊ တောင်ကြီးမြို့ ဖြစ်ပါတယ်။

(၃) A&J Bistro

Photo : A&J Bistro

လူငယ်ဆန်တဲ့ အပြင်အဆင်တွေနဲ့ လွတ်လပ်တဲ့ Vibe ကို အပြည့်အဝ ခံစားရစေမယ့် ဆိုင်လေး တစ်ဆိုင်ညွှန်းပေးပါမယ်။ ဒီဆိုင်လေးက A&J Bistro လို့ ခေါ်တယ်။ အရောင်အသွေးစုံတဲ့ ဆိုင်အပြင်အဆင်တွေနဲ့ Decorations က လုံးဝလူငယ်ဆန်ဆန် အထာကျကျပဲ။ ဆိုင်နေရာလည်း ကျယ်ကျယ်ဝန်းဝန်းရှိတော့ ဘော်ဒါတွေနဲ့ အဖွဲ့လိုက် Chill ချင်တဲ့ ကွီးတို့အတွက် အဆင်ပြေတာပေါ့။ တောင်ကြီးမြို့လယ်မှာပဲ ဖွင့်ထားတာဆိုတော့ သွားရေးလာရေးလည်း အဆင်ပြေတယ်။ အစားအသောက်တွေဈေးသင့်ပြီး အရသာကောင်းတဲ့အပြင်ကိုမှ ရွေးချယ်စရာ Menu တွေလည်း အစုံပဲ။ ဆိုင်လိပ်စာကတော့ အမှတ်(၂၃) ၊ ကမ္ဘောဇလမ်း ၊ သစ်တောရပ် ၊ ​တောင်ကြီးမြို့ ဖြစ်ပါတယ်။

အခုမျှဝေပေးခဲ့တာကတော့  တောင်ကြီးမြို့ခံတွေရော ၊ တောင်ကြီးကို အလည်ပတ်သွားမယ့် ကွီးတို့ပါ တစ်ခါတစ်ခေါက်သွားရောက် Chill ကြည့်သင့်တဲ့ တောင်ကြီးဆောင်းမှာ အနွေးဓာတ်ရှာဖို့ အမိုက်စား Barလေးတွေပဲ ဖြစ်ပါတယ်။

Featured Photo : A&J Bistro