ဒီတစ်ခါမှာတော့ ဘော်ဒါတွေနဲ့အတူ စိတ်လွတ်လက်လွတ် ဘားထိုင် ချင်သူများအတွက် အလုံ မြို့နယ်အတွင်းရှိ ဘားများအကြောင်းကို ဝေမျှပေးလိုက်ချင်ပါတယ်။ အကောင်းစား ဘီယာများ၊ ကော့တေးများ၊ အရသာ ထူးကဲကောင်းမွန်လှတဲ့ အမြည်းများကို မှာယူစားသောက်နိုင်တဲ့အပြင် ဖျော်ဖြေတင်ဆက်မှုမျိုးစုံကိုလည်း ခံစားနားဆင်နိုင်ပါသေးတယ်။

Classic Garden

Classic Garden

Photo: Facebook

ဒီဆိုင်ကတော့ အမှတ် (၇၉) ၊ ဗဟိုလမ်းမပေါ်၊ အလုံလမ်းနှင့် ရှင်စောပုလမ်းကြား၊ အလုံမြို့နယ်တွင် တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၇ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။ စိတ်အေးလက်အေးနဲ့ အေးအေးဆေးဆေး ဘားထိုင် ချင်တဲ့ ကွီးတို့အတွက် အလုံ မြို့နယ်က ဘားနှင့် စားသောက်ဆိုင်ပဲဖြစ်ပါတယ်။ Live Music များကိုလည်း ခံစားနားဆင်နိုင်ဖို့ စီစဥ် ပေးထားပါသေးတယ်။

ဒါ့အပြင် ပါတီပွဲ ကျင်းပချင်သူများ၊ ဒင်နာပွဲများ၊ မင်္ဂလာ ဧည့်ခံပွဲများ ကျင်းပချင်သူများအတွက်လည်း စီစဥ်ပေးထားပါသေးတယ်။ အကင်မျိုးစုံ၊ ဘီယာ၊ ဝီစကီ အစရှိတဲ့ အစားအစာများ၊ အယ်လ်ကိုဟော ဖျော်ရည်များကလည်း အမျိုးအစားစုံလင်လှတာကြောင့် လူကြိုက်များတဲ့ ဘားနှင့် စားသောက်ဆိုင်တစ်ခုပဲဖြစ်ပါတယ်။

Top Millions

ဘားထိုင် အလုံ

Photo: Facebook

Top Millions ကတော့ အမှတ် (၁၉၉) ၊ ငုဝါလမ်း၊ စောရန်ပိုင်မြောက်ရပ်ကွက်၊ အလုံမြို့နယ်မှာ တည်ရှိပြီး ဆိုင်ဖွင့်ချိန်တွေကတော့ နံနက် ၁၁ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင် အခင်းအကျင်းကလည်း မိမိုက်နေပြီး ကော့တေး အမျိုးအစားမျိုးစုံ၊ ဘီယာမျိုးစုံ၊ ဝီစကီမျိုးစုံကို မှာယူသောက်သုံးနိုင်ပါတယ်။ အမြည်းအနေနဲ့ကလည်း ရွေးချယ်စရာများ စုံလင်လှတဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ မိမိစိတ်ကြိုက် မှာယူ စားသုံးနိုင်ပါတယ်။ ပရိုမိုးရှင်းမျိုးစုံလည်း စီစဥ်ပေးတဲ့အတွက်ကြောင့် တန် တန့် တန် အစီအစဥ်လေးတွေကိုလည်း လက်လွတ်မခံသင့်ပါဘူး။

Mr. Bar B Q

ဘားထိုင် အလုံ

Photo: Facebook

ဘော်ဒါတွေနဲ့အတူတူ ဘားထိုင် လို့ကောင်းတဲ့ နောက်ထပ် တစ်ဆိုင်ကတော့ အလုံ ပွိုင့်အနီးက Mr. Bar B Q ပဲဖြစ်ပါတယ်။ ဒီဆိုင်ကတော့ အမှတ် (၂၈၇) ၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံပွိုင့်အနီး၊ အလုံမြို့နယ်မှာ တည်ရှိတာပဲဖြစ်ပါတယ်။

သာယာငြိမ့်ညောင်းတဲ့ တေးဂီတအသံများဖြင့် အေးအေးဆေးဆေး ငြိမ့်ချင်တဲ့ ကွီးတို့အတွက် Unplugged အစီအစဥ်များလည်း စီစဥ်ပေးထားပါသေးတယ်။ ဒါ့အပြင် အကောင်းစား ဘီယာများ၊ ကော့တေးမျိုးစုံအပြင် လျှာကျွမ်းပြန်သွားစေမယ့် အမြည်းများကလည်း စုံလင်လှတာကြောင့် ကွီးတို့ အကြိုက်တွေ့သွားမှာ အမှန်ပါပဲ။

Featured Image: Classicgarden