အမိုက်စား ပါတီပွဲတစ်ခု ပြင်ဆင်ဖို့အတွက် သင့်မှာ အချိန်မလုံလောက်ဘူး။ ဒါ့အပြင် အိမ်မှာပဲ ကျင်းပပြန်ရင်လည်း နေရာထိုင်ခင်းက အဆင်မပြေဖြစ်လို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဘား နှင့် စားသောက်ဆိုင် တွေမှာ အချိန်ပိုင်း ငှားရမ်းကာ ပျော်စရာကောင်းတဲ့ အမိုက်စား ပါတီပွဲ များကို ဆင်နွှဲနိုင်ပါတယ်။

မွေးနေ့ပွဲ ကျင်းပချင်ရင်ပဲဖြစ်ဖြစ်၊ သင့်အတွက် အဓိပ္ပာယ်ရှိတဲ့ နေ့ထူးနေ့မြတ်များ၊ အမှတ်တရနေ့ရက်များကို ကျင်းပချင်ရင်ပဲဖြစ်ဖြစ် ဘား နှင့် စားသောက်ဆိုင် တို့ကို ငှားရမ်းကာ ပါတီပွဲ ဆင်နွှဲနိုင်ပါတယ်။ ဒါဆိုရင်တော့ ပါတီပွဲ ပြင်ဆင်စီစဉ်ရတဲ့ ဒုက္ခတစ်ခုကနေ ကင်းဝေးသွားမှာပဲဖြစ်ပါတယ်။

အဓိကလိုအပ်တဲ့အချက်ကတော့ ကိုယ် လိုချင်တဲ့ပုံစံကို ဘား နှင့် စားသောက်ဆိုင် ရှိ တာဝန်ခံများကို သေချာနားလည်အောင် ပြောပြထားကာ ပါတီပွဲ ဆင်နွှဲနိုင်ပါတယ်။

ဆိုင်အကြောင်း အသေးစိတ်လေ့လာထားပါ

ဘား စားသောက်ဆိုင် ပါတီပွဲ

ဆိုင်အပြင်အဆင်ကောင်းရုံ တစ်ခုတည်း ကြည့်လို့မရပါဘူး။ ဆိုင်က ဘယ်လိုအခြေအနေရှိသလဲ။ ဝန်ထမ်းတွေကရော ဆက်ဆံရေး ပြေပြစ်ရဲ့လား။ ဆိုင်က တည်ခင်းပေးတဲ့ အစားအသောက်တွေကရော အရသာရှိရဲ့လားဆိုတာကို အသေးစိတ်လေ့လာထားသင့်ပါတယ်။ ဆိုင်ရဲ့ရီဗျူးတွေကိုလည်း ဆိုရှယ်မီဒီယာတွေပေါ်ကနေ လေ့လာထားနိုင်ပါတယ်။

ကြိုတင်စီစဉ်ထားပါ

ဘား စားသောက်ဆိုင် ပါတီပွဲ

ကိုယ်က ဘယ်နေ့ကို ပါတီပွဲကျင်းပချင်တာလဲ။ ဘယ်လိုအစားအစာတွေ စီစဉ်ထားခိုင်းစေချင်သလဲ အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကို ကြိုတင်စီစဉ်ထားသင့်ပါတယ်။ လာရောက်မယ့် ဧည့်သည်တွေကို ဖိတ်ကြားတဲ့အခါ ဘယ်လိုဖိတ်ကြားမလဲ။ ဆိုရှယ်မီဒီယာကနေ ဖိတ်ကြားမှာလား။ နှုတ်ဖြင့် ဖိတ်မှာလား။ ဖိတ်စာဖြင့် ဖိတ်မလား စတဲ့အချက်တွေကို ကြိုတင်စီစဉ်ထားဖို့ လိုအပ်ပါတယ်။

ဆိုင်ပိုင်ရှင် (သို့) တာဝန်ခံများနှင့် အသေးစိတ်ကအစ တိုင်ပင်ပါ

ဘား စားသောက်ဆိုင် ပါတီပွဲ

ပါတီပွဲအတွက် Decoration ထည့်မယ်ဆိုလည်း ဘယ်လိုအပြင်အဆင်မျိုး ထည့်စေချင်သလဲ။ လူ ဘယ်နှယောက်စာအတွက် ချက်ပြုတ်ပြင်ဆင်ပေးခိုင်းမလဲ။ ဘူဖေးစတိုင်လ် ပြင်ဆင်ခိုင်းစေချင်သလား။ (သို့) တစ်ယောက် တစ်ပွဲစီ ပြင်ဆင်ခိုင်းစေချင်သလား မိမိစိတ်ကြိုက် ပြင်ဆင်ထားခိုင်းလိုက်ပါ။

နေရာထိုင်ခင်းကို Private ဆန်ဆန် ပြင်ဆင်ပါ

private party

ကိုယ်က ဆိုင်တစ်ဆိုင်လုံးကို ငှားရမ်းမှာလား။ (သို့) အခန်း တစ်ခန်းကိုသာ ငှားရမ်းမှာလား။ ဆိုင်တစ်ဆိုင်လုံး ငှားမယ်ဆိုရင်တော့ ပြဿနာမရှိပေမယ့် အခန်းတစ်ခန်းကိုသာ ငှားရမ်းမယ်ဆိုရင်တော့ Private ဆန်ဆန် ပြင်ဆင်ခိုင်းဖို့ မမေ့ပါနဲ့။ အခြားသော လာရောက်စားသုံးတဲ့ Customer များနှင့် ကွီးတို့ရဲ့ ပါတီပွဲသည် ရောထွေးမနေအောင် ပြုလုပ်ထားဖို့ တာဝန်ခံများကို သေချာမှာကြားထားပါ။

အပြောင်းအလဲတစ်ခုခုရှိခဲ့သော ဝန်ထမ်းများအား အသိပေးပါ

private party

ရက်အပြောင်းအလဲ ဖြစ်သွားတာမျိုးဆိုရင်တော့ ဆိုင်တာဝန်ခံများနှင့် အနည်းငယ် စကားပြောဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့ကြောင့် မစီစဉ်ခင်ကတည်းက သေချာအောင် ဆုံးဖြတ်သင့်ပါတယ်။ ဒါမှ အပြောင်းအလဲတစ်ခုခုကြောင့် တစ်စုံတစ်ရာချွတ်ချော်သွားပါက ပါတီပွဲကျင်းပတဲ့ သင်ပဲ မျက်နှာပျက်ရမှာမဟုတ်လား။

Source: Melissapenfold

Featured Image: Timeofindia