မြို့ပြရဲ့ အလှတရားကို စီးမြောခံစားဖို့ Rooftop Bar တွေထက် ကောင်းတဲ့နေရာ မရှိပါဘူး။ Rooftop မှာ Chill ရတဲ့ ဖီလင်က ဘာနဲ့မှမတူတာ အမှန်ပါ။ ရန်ကုန်မြို့မှာတော့ အလန်းတကာ့အလန်းဆုံး Rooftop Bar တွေ လက်ချိုးမရေနိုင်အောင် ရှိပါတယ်။ ဒီတစ်ခေါက်တော့ ညနေခင်းမှာ အေးအေးဆေးဆေး Chill လို့ရမယ့် အလန်းစား Rooftop Bar တွေကို စုစည်းတင်ဆက်ပေးချင်ပါတယ်။

(၁) ORIGINAL Bar

Rooftop Bar

Photo : ORIGINAL Bar

ဒီဆိုင်လေးကတော့ လှည်းတန်း အနီးတဝိုက်မှာ ဘော်ဒါတွေနဲ့ အေးဆေး Chill ချင်လို့ရမယ့် အသစ်စက်စက် Rooftop Bar လေးပါ။ ဒီဆိုင်လေးမှာက Indoor ၊ Outdoor Seatings ၂ မျိုးလုံးရှိတာမို့ Perfect Night Time Cityscapes ကို အေးဆေးခံစားလို့ ရတယ်။ အရသာရှိတဲ့ အကင် ၊ အသုပ် ၊ Appetizers မျိုးစုံ နဲ့ One Plate Meals တွေအပြင် သောက်စရာထဲမှာဆိုလည်း Cocktails ၊ Mocktails ၊ Beer ၊ Fresh Juice ၊ Shots ၊ Wine နဲ့ Liquors မျိုးစုံ ရွေးချယ်စရာ ရှိတယ်။ ဆူဆူညံညံ Bar တွေကို မကြိုက်ပဲ အေးအေးငြိမ့်ငြိမ့် မြို့ပြရဲ့ နေဝင်ဆည်းဆာအလှကို ခံစားရင်း Relax လုပ်ချင်ရင်တော့ ဒီဆိုင်လေးကို သေချာပေါက်သွားကြည့်ဖို့ Recommend ပေးပါတယ်။ ဆိုင်လိပ်စာ ကတော့ အမှတ် ၅၃/D ၊ SERENE Stays Hotel အပေါ်ထပ် Rooftop Area ၊ ဆီစက်လမ်း ၊ စံရိပ်ငြိမ် မှတ်တိုင်အနီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) Salween 180

Rooftop Bar

Photo : Salween 180

မြို့ပြရဲ့လွမ်းမောဖွယ် ညနေခင်းတွေကို ဖြတ်သန်းဖို့ အကောင်းဆုံး နေရာလေးတစ်ခု ညွှန်းပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ မြေနီကုန်း ၊ ဗားကရာလမ်းပေါ်က Salween 180 ဆိုတဲ့ ဆိုင်လေးပါ။ ရန်ကုန်မြို့ရဲ့ အထင်ကရ ရွှေတိဂုံဘုရားအပါအဝင် မြို့ပြရဲ့ မျက်စိတဆုံး လှပနေတဲ့ Skyline ကို 180-Degree View ကြည့်ရှုခံစားရင်း လွင့်မြောနိုင်မယ့် Rooftop Space လေးတစ်ခု ဖြစ်ပါတယ်။ ဒီဆိုင်လေးမှာက Coffee ၊ Wine ၊ Cocktails နဲ့ အခြားသော အရသာရှိတဲ့ Food Menus တွေ အစုံအလင် ရွေးချယ်နိုင်မှာဖြစ်တဲ့အတွက် ချစ်သူလေးနဲ့ နှစ်ယောက်တည်း ဒိတ်ချင်လို့ပဲ ဖြစ်ဖြစ် ၊ ဘော်ဒါတွေနဲ့ ညနေခင်းမှာ Chill ချင်လို့ပဲ ဖြစ်ဖြစ် လုံးဝ ကွက်တိကျစေမှာ သေချာပါတယ်။ ဆိုင်လိပ်စာကတော့ မြေနီကုန်း ၊ ဗားကရာလမ်းပေါ်က Parkside One Building အပေါ်ထပ် ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Roof Alchemy

Rooftop Bar

Photo : Roof Alchemy

ဒီဆိုင်လေးကတော့ ရန်ကုန်မြို့ရဲ့ Rooftop Bar တွေထဲမှာ နာမည်အကြီးဆုံးနဲ့ အလန်းဆုံး ဆိုင်တွေထဲက တစ်ဆိုင်လို့ ပြောရမှာပါ။ မြို့ပြရဲ့ ညနေခင်း Sunset အလှကို အပေါ်စီးကနေ တဝကြီးကြည့်ရှုရင်း စိတ်လှုပ်ရှားစရာအတွေ့အကြုံအသစ်တွေကို ခံစားနိုင်သလို လူငယ်ဆန်ဆန်နဲ့ အထာကျတဲ့ ဆိုင်အပြင်အဆင် Decoration တွေ ၊ ခေတ်မီဆန်းသစ်တဲ့ တေးဂီတဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အရသာရှိတဲ့ အစားအ သောက်ကောင်းတွေ တစ်နေရာတည်းမှာ စုစည်းနေတဲ့ လူငယ်တို့ရဲ့ ဆုံမှတ်နေရာတစ်ခုလို့ ပြောလို့ရပါတယ်။ အမိုက်စား Cocktails တွေ ၊ Food Menus တွေနဲ့ Roof ရဲ့ Signature Premium ရှီရှားရဲ့ အရသာကို မြည်စမ်းရင်း ညနေခင်းတွေမှာ အေးအေးဆေးဆေး Relax လုပ်ချင်ရင်တော့ ဆရာစံလမ်းပေါ်က Roof Alchemy ကို တစ်ခေါက်လောက် သွားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၄၂ ၊ Sayarsan Hotel Rooftop ၊ ဆရာစံလမ်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

အခုတင်ဆက်ပေးခဲ့တာကတော့ ရန်ကုန်မြို့ရဲ့အဆန်းသစ်ဆုံး ၊ အလန်းဆုံးနဲ့ Chill လို့အကောင်းဆုံး Rooftop Bar ထဲက အချို့ကို ရွေးချယ်ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ကွီးတို့ရော Rooftop မှာ အေးအေးဆေးဆေး အနားယူရင်း Chill ရတဲ့ ဖီလင်ကို နှစ်သက်ပါလား???

Featured Photo : Salween 180