ဇိမ်ကျကျနဲ့ ဘား ထိုင်ရတဲ့ ဖီလင်ကို နှစ်သက်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ရန်ကုန်မြို့တွင်းရှိ Luxury ဆန်တဲ့ Rooftop ဘားများအကြောင်းကို ဝေမျှပေးချင်ပါတယ်။
Freesia Rooftop Lounge

Photo: Facebook
စိတ်ညစ်စရာ စိတ်ရှု့ပ်စရာများကို မေ့ပျောက်ပြီး ဘော်ဒါတွေနဲ့အတူတူ စိတ်လွတ်လက်လွတ် ဘား ထိုင်ချင်တဲ့ ကွီးတို့အတွက် Freesia Rooftop Lounge လေးက စောင့်ကြိုနေပါတယ်။ ဆိုင်ရဲ့တည်နေရာကတော့ အမှတ် (၁၆၄)၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မွန်းလွဲ ၂ နာရီကနေ ၁၁ နာရီအထိဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ Nightlife လေးကို ပျော်ပျော်ပါးပါး ကုန်ဆုံးရင်း ရန်ကုန်မြို့ရဲ့ညအလှကို ရင်သပ်ရှုမောစွာ ခံစားရမှာပဲဖြစ်ပါတယ်။ ကော့တေးမျိုးစုံ၊ ဘီယာမျိုးစုံကို မှာယူသောက်သုံးနိုင်တဲ့အပြင် သူတို့နဲ့ လိုက်ဖက်တဲ့ အမြည်းမျိုးစုံကလည်း အဆင်သင့် စောင့်ကြိုနေပါတယ်။ ဒါတင်မကသေးပါဘူး။ ဘားဆိုရင် Unplugged လေးပါမှဆိုတဲ့ ကွီးတို့အတွက်လည်း ဖျော်ဖြေတင်ဆက်ပေးမယ့် တီးဝိုင်းမျိုးစုံကလည်း စောင့်ကြိုနေပါသေးတယ်။
Dynasty Rooftop Bar & Grill

Photo: Facebook
ဒီဆိုင်ကတော့ ရွာမကျောင်းလမ်း၊ လှိုင်မြို့နယ်မှာ တည်ရှိတဲ့ Gemsy Hotel ရဲ့ Penthouse မှာ တည်ရှိတဲ့နေရာလေးပဲဖြစ်ပါတယ်။ ဆိုင်ရဲ့အပြင်အဆင်လေးက ဘား ထိုင်သူများအတွက် လုံးဝကို Luxury ဆန်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ Rooftop ဘားလေးဖြစ်တာကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပါ။
အမိုက်စား ပရိုမိုးရှင်းများလည်းရှိတဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ လက်လွှတ်မခံဘဲ သွားထိုင်သင့်ပါတယ်။ လျှာလည်သွားစေမယ့် ဘီယာများ၊ ကော့တေးများလည်း မျိုးစုံမြည်းစမ်းစားသောက်နိုင်ပြီး သူတို့နဲ့ လိုက်ဖက်တဲ့ အမြည်းများကလည်း မျိုးစုံရှိတဲ့အတွက်ကြောင့် မှာယူစားသောက်နိုင်ပါသေးတယ်။ ဒါတင်မကသေးပါဘူး။ အသံပါဝါအမိုက်စားနဲ့ အဆိုတော်များရဲ့ ဖျော်ဖြေတင်ဆက်မှုလည်းရှိတဲ့အတွက်ကြောင့် ကွီးတို့အားလုံး ဘဝင်တွေ့ကြပါလိမ့်မယ်။
Inya View Roof Top Bar

Photo: Facebook
ရာသီဥတုအေးအေးလေးမှာ ဘား ထိုင်ချင်တဲ့ ကွီးတို့အတွက် နောက်ထပ် Luxury ဆန်တဲ့ Rooftop ဘားတစ်ခုရှိပါသေးတယ်။ ထိုဘားလေးကတော့ Inya View ရဲ့ Roof Top Bar လေးပဲဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၁၂ ၊ B-7 ၊ ကန်လမ်း၊ လှိုင်မြို့နယ်မှာ တည်ရှိတာပဲဖြစ်ပါတယ်။
ကော့တေးမျိုးစုံ၊ ဘီယာမျိုးစုံအပြင် အခြားသော အယ်လ်ကိုဟောဖျော်ရည်များ၊ လျှာလည်သွားစေမယ့် အမြည်းမျိုးစုံကိုလည်း မှာယူစားသောက်နိုင်ပါတယ်။ Unplugged ရဲ့ သီဆိုဖျော်ဖြေမှုများအပြင် အဆိုဝါသနာရှင်များအတွက်လည်း Open Mic အစီအစဉ်လည်းရှိတဲ့အတွက်ကြောင့် အပီအပြင် မိုက်ခဲလို့ရတာပေါ့။
Featured Image: Inya View Roof Top Bar
