ဘော်ဒါတွေနဲ့ ဝိုင်းတည်ပြီဆို အလှမသောက်ပဲ အဝသောက်ချင်တဲ့ အသောက်တလိုင်း ကွီးတွေရှိလား။ ဒီတစ်ခေါက်မှာတော့ ရှယ်သောက်ပလန်နဲ့ အကြိုက်သောက်ရမှ ကျေနပ်မယ့် ကွီးတို့အတွက် ရန်ကုန်မြို့တွင်းက ဘီယာ ၊ ကော့လ်တေး ဘူဖေး သောက်လို့ရမယ့် အမိုက်စား ဆိုင်တွေ လက်တို့ပေးချင်ပါတယ်။ Weekend မှာ ဘော်ဒါတွေနဲ့ တမုန်းသောက် အမြင့်ဆုံးရောက်ဖို့ ကြံရွယ်ထားတယ်ဆိုရင်တော့ အခုပြောပြမယ့် ဆိုင် တွေကိုသာ အရောက်သွားလိုက်ပါဗျို့။

(၁) BLOW Rooftop Bar & Grill


Photo : BLOW Rooftop Bar & Grill

ဒီဆိုင်လေးကတော့ လူငယ်တွေရော လူလတ်ပိုင်း ကွီးတို့အားလုံးနဲ့ပါ ရင်းနှီးပြီးသားဖြစ်တဲ့ အမိုက်စားဆိုင်လေး ဖြစ်ပါတယ်။ ဆိုင် Decoration အပြင်အဆင်တွေက ခေတ်မှီတယ် လူငယ်ဆန်ဆန်နဲ့ အထာကျတယ်။ မြန်မာပလာဇာ ၄ လွှာက Outdoor Sky Garden ထဲမှာဆိုတော့ လေးတဖြူးဖြူးနဲ့ လွင့်လို့ရတယ်။ ဒီဆိုင်မှာက အဝသောက်ချင်တဲ့ ကွီးတို့အတွက် တစ်ယောက်ကို မြန်မာငွေ ၉၅၀၀ ကျပ်တည်းနဲ့ Tuborg ဘီယာ အကြိုက်သောက်လို့ရမယ့် ဘီယာ ဘူဖေး အစီအစဉ်လေး ရှိပါတယ်။ အချိန် ၃ နာရီအတွင်း ဘီယာ တမုန်းသောက်လို့ရတော့ ဘီယာကြိုက်တဲ့ ကွီးတို့အတွက် လုံးဝတန်တယ်။

၅ ယောက်နဲ့အထက် လာရင် အကင်စုံတစ်ပွဲလက်ဆောင် ပေးသေးတာဆိုတော့ ဘာလိုသေးလဲ။ အပတ်စဉ် သောကြာနေ့နဲ့ စနေနေ့တွေမှာ Unplugged Music အစီအစဉ်တွေလည်း ရှိတော့ သီချင်းတအေးအေးနဲ့ ဘီယာလေး စိမ်ပြေနပြေသောက်ရင်း Chill လို့ရတယ်။ နောက်ပြီး ဒီဆိုင်မှာက ဘောလုံးပွဲကြိုက်တဲ့ ကွီးတို့အတွက်လည်း Big Screen Projector ကြီးနဲ့ Premier League Live ပွဲစဉ်တွေ ပြပေးသေးတယ်။ ဆိုင်က နေ့စဉ် ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်တယ်။ ဆိုင်လိပ်စာကတော့ မြန်မာပလာဇာ ၄ လွှာ ၊ Sky Garden ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) Cocky Bar

Photo : Cocky Bar

ဒီဆိုင်လေးကတော့ ရန်ကုန်မြို့ကြီးရဲ့ ညနေခင်း မြို့ပြအလှကို တဝကြီး ခံစားရင်း အေးအေးဆေးဆေး Relax လုပ်လို့ရမယ့် ဆိုင်လေးပါ။ ဒီဆိုင်လေးမှာ ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ သောက်လို့အဆင်ပြေတဲ့ အမိုက်စား ကော့လ်တေးဘူးဖေး အစီအစဉ်လေး ရှိပါတယ်။ လူတစ်ယောက်ကို မြန်မာငွေ ၇၅၀၀ ကျပ်တည်းနဲ့ ကော့လ်တေး Tower အဝသောက်နိုင်မှာ ဖြစ်ပါတယ်။ Soju Based ကော့လ်တေး ဆိုတော့ အရမ်းလည်းမပြင်းပဲ သောက်ရတာအဆင်ပြေတယ်။

အရသာတွေ အနေနဲ့ကတော့ Mango ၊ Peach နဲ့ Grapefruit ဆိုပြီး ၃ မျိုး ရတယ်။ Cocky Bar ရဲ့ ကော့လ်တေး ဘူဖေး အစီအစဉ်လေးကို Join မယ်ဆိုရင်တော့ တစ်ဝိုင်းကို အနည်းဆုံး လူ ၂ ယောက်တော့ လာပေးရမှာ ဖြစ်ပါတယ်။ ကော့လ်တေးနဲ့ လိုက်ဖက်တဲ့ အမဲသားလွှာ ၊ Spicy ရေဘဝဲခေါက်ဆွဲ ဟင်းပွဲလေးတွေကတော့ ဒီဆိုင်ရောက်ရင် သေချာပေါက် Try ကြည့်သင့်တဲ့ အထဲမှာပါတယ်။ နောက်ပြီး ဒီဆိုင်မှာ တခြားအရသာရှိတဲ့ Food Menu တွေလည်း အစုံရတယ်။ ဆိုင်ဖွင့်ချိန်က နေ့စဉ် ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ ဆူးလေဘုရားလမ်းနဲ့ ကမ်းနားလမ်းထောင့် ၊ ရန်ကုန်ညဈေး ၊ ပန်းဘဲတန်း မြို့နယ် ၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

(၃) သူငယ်ချင်းဆိုင်

Photo : သူငယ်ချင်းဆိုင်

ဒီဆိုင်လေးကတော့ အခုလက်ရှိလူငယ်တွေကြားမှာ အရမ်းကို လူပြောများဟော့ဖြစ်နေတဲ့ စမ်းချောင်း ပဒုမ္မာလမ်းထဲက အမိုက်စားဆိုင်လေး ဖြစ်ပါတယ်။ ဆိုင်ရဲ့အတွင်းဘက် အပြင်အဆင်တွေက တော်တော်လေး လူငယ်ဆန်ပြီး အထာကျတယ်။ အဓိက ဒီဆိုင်ရဲ့ Instagrammable ဖြစ်တဲ့ Decoration အပြင်အဆင်တွေ အပါအဝင် Drink ဘူးဖေး အစီအစဉ်နဲ့ အမိုက်စား Unplugged Band တွေရဲ့ ဖျော်ဖြေမှု အစီအစဉ်တွေက ဆွဲဆောင်နေတာလို့ ပြောလို့ရတယ်။ ဘူးဖေး Menu မှာဆိုရင် Tuborg ဘီယာ ၊ Whisky ၊ Vodka ၊ Gin နဲ့ သူငယ်ချင်းဆိုင်ရဲ့ အလန်းစား Signature ကော့လ်တေး အပါအဝင် Drink အမျိုးပေါင်း ၅၀ ကျော် ရွေးချယ်သောက်လို့ရမှာဆိုတော့ တော်တော်ကြီးမိုက်တယ်။

ဈေးနှုန်းက တစ်ယောက်ကို မြန်မာငွေ ၁၄၀၀၀ ကျပ်နဲ့ အချိန် ၂ နာရီအတွင်း အဝသောက် ၊ ကြိုက်သလောက်သောက် ၊ တမုန်းသောက်လို့ ရမှာပါ။ ကိုယ်က အများကြီး မသောက်နိုင်ဘူးဆိုရင်တော့ နှစ်သက်ရာ Drink ၄ မျိုး ဒါမဟုတ် ဘီယာ Only ပဲ အဝသောက်မယ်ဆိုရင် ၉၉၀၀ ကျပ်နဲ့ သောက်လို့ ရပါတယ်။ တစ်ခုရှိတာက ဝိုင်းမှာပါတဲ့ လူအားလုံး Plan တစ်ခုတည်းကိုပဲ အတူတူ Join ရမှာပါ။ ၁၄၀၀၀ ကျပ်နဲ့ စိတ်ကြိုက်သောက်မလား ၊ ၉၉၀၀ ကျပ်နဲ့ပဲ Drink ၄ မျိုး ဒါမှမဟုတ် ဘီယာ Only ပဲ သောက်မလား အားလုံးအတူတူ ဖြစ်ဖို့တော့ လိုပါတယ်။ နောက်ပြီး ဒီဆိုင်မှာက ပေါ့ပေါ့ပါးပါနဲ့ အရသာရှိတဲ့ စားစရာတွေလည်း ရွေးချယ်စရာအတော်စုံတယ်။ အမိုက်စား Unplugged Band တွေရဲ့ သီချင်းလေးတွေ နားဆင်ရင်း Drink အမျိုးပေါင်း ၅၀ ကျော် စိတ်ကြိုက်ရွေးချယ်သောက်လို့ရမယ့် ဒီဆိုင်လေးကတော့ အသောက်တလိုင်း ကွီးတို့ လုံးဝအကြိုက်တွေ့စေမှာပါ။ ဆိုင်ဖွင့်ချိန်က နေ့စဉ် နေ့လည် ၁ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၂၁/၂၂ ၊ ပဒုမ္မာလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : သူငယ်ချင်းဆိုင်